တရား ပုလိပ်စောင့်
_____________ဂျာနယ်ကျော်မမလေး
ဤမြို့သို့ ရောက်လာခဲ့သည်မှာ ၁၅ ရက်ခန့် ရှိလေ ပြီ။ လက်ထပ်ပြီးပြီးချင်း လိုက်လာခဲ့ရသဖြင့် မိဘများကို လွမ်း ဆွတ်လှ၍ ပထမသော် နေလို့ထိုင်လို့မရအောင်ပင် ဖြစ်မိ သည်။ ကျွန်မ၏ ခင်ပွန်းသည်မှာ သူ့အလုပ်ဝတ္တရားအတိုင်း ဂါတ်နှင့်သာ အချိန်ကုန်နေခြင်းကြောင့် နေ့လည်နေ့ခင်းဆိုလျှင် အစေခံတွေနှင့်သာနေရ၍ ခြောက်သွေ့သွေ့ကြီး ဖြစ်နေလေ သည်။
ကျွန်မအပေါ်တွင် အထူးဂရုစိုက်ပြီး မြတ်နိုးချစ်ခင်ခြင်း တွေ့ရမှ မိဘများ နားချစဉ်က ဖြစ်ပေါ်ခဲ့သော “ဖြစ်မှဖြစ်ပါ့ မလား” ‘ဟူသော ဇဝေဇဝါ သံသယစိတ်များ ပပျောက်သွားပါ သည်။
ထိုစဉ်က ချီတုံချတုံနှင့် မဝေခွဲနိုင်အောင် ဖြစ်ခဲ့ခြင်း မှာ ကျွန်မ လက်ထပ်ရမည့် ကိုကျော်အေးမှာ “ပုလိပ်ဘက်မှ(တိုင်ပိုင်)ဖြစ်နေသည့်အတွက် ပုလိပ်စိတ်ဆိုရင် ကြမ်းတမ်းမှာ ပဲ။ ကျွန်မနဲ့ မကိုက်ပါဘူး” ဟု အတန်တန် ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။
“စိတ်သဘော အင်မတန်ကောင်းရှာတယ်။ သမီးကို သိပ် မြတ်နိုးပါတယ်သမီးရယ်၊ မမှားပါဘူး စိတ်ချပါ” ဟု မိခင် ၏ အခါခါတိုက်တွန်းတောင်းပန်ချက်အရ လက်ထပ်ခဲ့ရာ ဤ မြို့ရောက်သည့်နေ့ရက်ကစ၍ ယနေ့ထိပင် မိခင်၏စကား အတိုင်း ကျွန်မအပေါ်တွင် စုံမက်ကြင်နာပုံမှာ ကျွန်မ မျှော်လင့် တာထင်ပင် ပိုနေပေသည်။
“ဒီနေ့ည မိုးချုပ်လိမ့်မယ် ခင် ထမင်းစားနှင့် တော့” ဟု အထပ်ထပ်မှာကြားသွားသော်လည်း တယောက် တည်း မစားလိုသေး၍ ညနေဘက်တွင် လမ်းလျှောက်ထွက်ခဲ့ သည်။ ကိုကျော်အေးမပါဘဲ တယောက်တည်း အပြင်ထွက် သည်မှာ ဤအကြိမ် ပထမအကြိမ်ပင် ဖြစ်သည်။
ဤမြို့တွင် ရုံးနှင့်ဂါတ်မှာ မြို့စွန်တွင်ရှိ၍ မြစ်ကမ်းပါး နှင့် အလွန်နီးလေသည်။ အစိုးရတံတားကြီးကို ဂါတ်ရှေ့တွင် ဆောက်၍ထားသည်။ ရုံးနှင့်ဂါတ်တံတားကို ဖိုခနောက်ဆိုင်၍ ဆောက်ထားသဖြင့် ကြည့်၍မငြီးအောင် ကျက်သရေပဏာရ နေလေသည်။ တဖြည်းဖြည်း လျှောက်ခဲ့ရင်း ဂါတ်နားသို့ ရောက်ခဲ့ရာ အထက်ဖော်ပြပါ တံတားကြီးဆီသို့ သွားလိုသေးသဖြင့် ဂါတ်ဘေးကပင် ကွေ့၍ ဖြတ်ခဲ့သည်။ အကျဉ်းသမားများ ခေါင်း ကလေးတွေပြူ၍ ဂါတ်ပေါ်မှ ကျွန်မအား ကြည့်နေကြလေသည်။ လူချင်းအတူတူ ၄င်းတို့မှာ တိရစ္ဆာန်များကဲ့သို့ လှောင် ပိတ်ခြင်းခံနေရပုံကို ဆင်ခြင်စဉ်းစားလိုက်၍ စိတ်မချမ်းသာ သွားသည့်အတွက် “သူတို့အပြစ်နဲ့သူတို့ဘဲလေ” ဟု ကိုယ့်ကို ကိုယ် တရားချလိုက်ရသည်။ သို့မှပင် စိတ်သက်သာသွားတော့ သည်။ သို့သော် “အပြစ်မရှိဘဲနှင့် ဤအထဲဝင်နေရရင်တော့ စိတ်ဒုက္ခ ဘယ်လောက်ရောက်မလဲ” ဟူသော ပြဿနာတခုမှာကား အပေါက်ကလေးတွေမှ ပြူ၍နေသော မျက်နှာများကို လှမ်းကြည့်ရင်း စိတ်ထဲတွင် ပျောက်မသွားဘဲ စွဲလမ်းနေသည်။ ဤအကြောင်းကို ထပ်တလဲလဲ စဉ်းစားရင်း တံတားကြီးပေါ်သို့ ရောက်လာခဲ့လေသည်။
မျက်နှာမူရာ ရှုမျှော်ခင်းကား အလွန်ချမ်းမြေ့ သာယာ လှပေသည်။ ဝင်လုဆဲနေဝန်းသည် ဝင်းဝင်းထိန်၍နေသည်။ မြစ်ထဲတွင် ရေလှိုင်းကလေးများ နေရောင်နှင့် ဟပ်မိတိုင်း ဟပ် မိတိုင်း အရောင်တလက်လက် တပျက်ပျက် တောက်ထွက်နေ သည်။ မြစ်တဘက်ကမ်းရှိ ဆန်စက်ခေါင်းတိုင်ကြီးများမှ မီးခိုး တွေ ကောင်းကင်သို့ အလိပ်လိပ်တက်နေပြီးလျှင် မိုးတိမ်များနှင့် လွန့်လိမ်ရောယှက်သွားပုံမှာ ကြည့်၍ အလွန်ကောင်းလှသည်။ မြစ်ထဲမှ ဝှေ့၍တိုက်နေသောလေကြောင့် ခါးတွင်ဝတ်ထား သည့် အဝတ်များလည်း တလူလူလိုက်၍ လွင့်နေသည်။ အစုန် အဆန်မြောနေကြသည့် လှေသမ္ဗာန်တို့မှာ မြစ်ထဲတွင် ငှက် ကလေးတွေ ရေလှိုင်းစီးနေသကဲ့သို့ နိမ့်တုံမြင့်တုံ မြောနေလေ သည်။
လှေငယ်တစင်း ဓနိခက်ကို ရွက်လုပ်၍ လှေဦးတွင် စိုက်ကာ တံတားဘက်သို့ တရွေ့ရွေ့ လှော်ခတ်လာနေသည်။ ခပ်လှမ်းလှမ်းမှနေ၍ မြင်ရသဖြင့် ပတ်ဝန်းကျင်ဖြစ်ပေါ်နေ သည့် မြက်ခင်းတွင် ဤလှေငယ်ကလေး၏ ပုံပန်းသဏ္ဌာန်ပါ သွင်း၍ သဘာဝ၏ လှပပုံကို စိတ်ထဲတွင် သာယာ၍ နေပေ တော့သည်။ တံတားအနီးသို့ ချဉ်းကပ်လာသည့်လှေကို သဲသဲ ကွဲကွဲမြင်ရသောအခါတွင်မူကား စောစောက လျှင်၍ မြင်ပုံမျိုး မဟုတ်တော့ဘဲ သာယာနေသောစိတ်ကို တခဏချင်း ဖဲ့ချိုး ချေမွှပစ်လိုက်လေသည်။
မျတ်တွင်းကြီးများ ဟောက်နက်နေရာတွင် သွားမရှိ၍ ပါးနှစ်ဘက်ပါ ချိုင့်ခွက်နေသဖြင့် ရှုံ့ဝင်နေသည့် မျက်နှာပုံ ပန်းကို ဖုံးလွှမ်းထားပြန်သော အရေပြားများက တွန့်လိမ်နေခြင်း ကြောင့် သောက၊ ဒုက္ခ၊ ကြောင့်ကြဆေးများ မျက်နှာပေါ်ဝယ် ချယ်ထားသကဲ့သို့ မြင်ရုံနှင့်ပင် ဒုက္ခိတအမယ်အိုမျက်နှာမှန်း ထင်ရှားပေါ်လွင်နေသည်။
အသက် ၆ဝ ခန့်ရှိသော်လည်း ရှိရှိသမျှ ခွန်အား ကလေးထုတ်၍ လှေကို သွက်နိုင်သမျှ သွက်သွက်လှော်လာ သည်။ အမယ်အို ဝတ်ဆင်ထားသည့် ရင်စိလက်တိုအင်္ကျီမှာ ဟောင်းရုံပြဲရုံတင် မကဘဲ ရွှံ့စက်တွေ အလူးလူးပေနေသည်။ ခါးက လုံချည်အနက်မှာလည်း အနက်ရောင်မပေါ်တော့ဘဲ ဖုံအလိမ်းလိမ်း ရွှံ့အလိမ်းလိမ်းလူးနေ၍ နက်ရာမှ ဖြူနေလေ သည်။ လှေထဲတွင် တောင်းနက်ကလေး
တလုံး ပါလာသည်။
ထိုတောင်းထဲတွင် ဘာမျှမရှိဘဲ လက်လေးသစ်ခန့်ရှည်သော ပြောင်းဖူးဖက် ဆေးလိပ်တိုတတိုသာ တွေ့ရလေသည်။
တံတားပေါ်မှ လှေကလေးကို ဆီး၍ကြည့်ရင်း အမယ် အိုကဲ့သို့ သေခါနီးသည့်တိုင် ပင်ပန်းကြီးစွာ ဆင်းရဲရတုန်းပင် ဆိုလျှင် သေတာက ကောင်းလိမ့်ဦးမည်ဟု တွေးထင်မိသည်။ ဆင်းရဲခြင်း ဆင်းရဲခြင်း၊ – ဘာကြောင့် ဆင်းရဲကြ သနည်း။ ဘာကြောင့် ဆင်းရဲသူတွေ ပေါများရသနည်း။ တဘက်ကမ်းက စက်များ မီးခိုးတလူလူနှင့် လည်နေနိုင်ခြင်းသည် ဆင်းရဲသူတွေဆီက စပါးနှင့် လည်နေနိုင်ခြင်းဖြစ်သည်။ စပါးမှ ထွက်သည့် ဆန်ကား ဆင်းရဲသူများအဖို့ မဟုတ်ပါတကား။
ကျွန်မသည် ဤဘက်ကမ်းမှ ဟိုဘက်ကမ်းသို့၊ ဟိုဘက် ကမ်းမှ ဤဘက်ကမ်းသို့ ဆင်းရဲသူ အမယ်အိုနှင့် စက်ရုံကြီးများ ၏ အဆင်မပြေပုံကို အပြန်အလှန် အတန်တန် ကြည့်ရင်း၊ ပြည်သူတို့ဆင်းရဲတွင်းကား “သမုဒ္ဒရာ ရေကဲ့သို့ စောက်နက်လှ ချည်ရဲ့” ဟု တွေးတော ငေးမောနေသဖြင့် လှေကလေး တံတား တွင် လာ၍ ဆိုက်သည်ကိုပင် သတိမထားလိုက်မိပေ။
အမယ်အိုလည်း လှေမှဆင်းသက်ကာ ကမ်းနဖူးထိပ် တွင် ဆောင့်ဆောင့်ထိုင်လျက် တစုံတယောက်ကို မျှော် သကဲ့သို့ ရုံးဘက်သို့သာ လှမ်း၍ကြည့်နေလေသည်။ သူ့လက်ထဲ မှ ဆေးလိပ်တိုကို လက်မနှင့် နှိပ်ကာနှိပ်ကာ သူလုပ်နေလေ သည်။ သူ့ထံတွင် မီးခြစ်ရှိပုံမရပေ။ ကျွန်မလည်း သူ့အနီးသို့ သွားကာ အိတ်တွင်းမှ စက်မီးခြစ်ကိုထုတ်၍ ကမ်းပေးလိုက်သည်။ အလွန်ကျေးဇူးတင်သည့် အမူအရာနှင့် မီးကို ကုန်း၍ ညှိယူပြီး “လုံမလေး ရုံးဆင်းသွားပလား” ဟု မေးလေသည်၊ အဆင်းအင်္ဂါ ချို့ယွင်းပြီဖြစ်သဖြင့် အသံဩဇာလည်း မရှိတော့ပေ။
“ရုံးမဆင်းသေးဘူးထင်တယ်၊ အဘွား ရုံးကိုသွားချင်လို့ လား”
“မသွားပါဘူး၊ ရွာကလူတယောက် ရုံးဆင်းရင် လှေ ဆိပ်ကို ဆင်းလာလိမ့်မယ်၊ ကျုပ် လိုက်သွားရင် လှေစောင့်မယ့် လူ မရှိဘူး၊ သူများလှေ ငှားလာရတာ”
“တော်တော်ကြာမလား . . . မကြာရင် ကျွန်မ စောင့်- နေပါ့မယ်”
အမေအိုလည်း ကျွန်မကို အဖြေမပေးဘဲ ဆေးလိပ်တို ကို အားရပါးရ ရှူရှိုက်ပြီး မီးခိုးနှင့်သက်ပြင်းကို ရောမှုတ်လိုက် သည်။
“လိုက်သွားလည်း မထူးပါဘူး၊ သွားလည်း မကြည့်ချင် ပါဘူး” ဟု သူ့ကိုယ်သူ ပြောသကဲ့သို့ ဆေးလိပ်နှုတ်ခမ်းမှ ထ၍ တောက်နေသည့် မီးပွားကလေးများကို လက်ညှိုးနှင့် ငြှိမ်းသတ် ရင်း ပြောသည်။
နှုတ်ခမ်းလောင်မတတ် ဖြစ်နေသော်လည်း မပစ်ရက် သေးသကဲ့သို့ ဆက်ခါဆက်ခါ မရပ်မနား ဖွာရှူပြီးနောက် ကမ်းစပ်သို့ ပစ်လိုက်ကာ မျက်ရည်ပေါက်ကြီးများ စီးကျလာသည်ကို ရင်စိအင်္ကျီတိုနှင့် လှမ်း၍ သုတ်ပစ်လိုက်သည်။ ချိုင့်ဝင်နေသည့်ဝမ်းဗိုက်နှင့် နံရိုးအပြိုင်းပြိုင်းတို့က ဇရာဒုက္ခကို ကွက်ကွက် ကွင်းကွင်း ဖော်ပြလျက်ရှိသည်။
“ဘာဖြစ်လို့လဲ ဘယ်လိုဒုက္ခရှိလို့လဲ´ အဘွား” ဟု ကျွန်မ ပျာပျာသလဲမေးသော်လည်း ကျွန်မကိုကား မော် မကြည့်၊ ဒူးပေါ်တွင် ခေါင်းတင်လိုက်လျက် အသံမထွက်ဘဲ ရှိုက်ကာ ရှိုက်ကာ ကျိတ်ငိုနေသည်။
ကျွန်မ၏သနားခြင်း ကြင်နာခြင်းမှာ ပြောဖွယ်ရာမရှိ။ တခဲနက်ဖြစ်ပေါ်လာတော့သည်။ ညနေခင်း၏ သာယာခြင်း ကို အမယ်အို၏ မျက်ရည်က ဆေးကြောပစ်လိုက်လေပြီ။ ကျွန်မသည် ခေါင်းမွေးတလူလူလွင့်လျက် တရှုံ့ရှုံ့ငိုနေသော အမယ်အို၏ဒုက္ခကို မကြားမသိရသေးသော်လည်း “ဒုက္ခ တခု” ဟု အတတ်သိကာ ကူညီလိုစိတ် ပြင်းပြစွာ ဖြစ်ပေါ် လာလေသည်။
အမယ်အိုအနီးတွင် အမယ်အိုကဲ့သို့ ဆောင့်ဆောင့်ထိုင် လျက် အမယ်အို၏ ဒုက္ခကို ကြားနာရသည်။
“အဖွားက မုဆိုးမပါ သားကလေး လူပျိုတယောက်ရှိတယ်။ အဲဒါ လူသတ်မှုနဲ့ ချုပ်ထားတယ်။ သတ်တဲ့ လူကတယောက် . . . ကံဆိုးလိုက်တဲ့သား၊ မပြောနဲ့တော့။ သူ သတ်ပါတယ်လို့ ပုလိပ်က ရိုက်ပြောခိုင်းနေသတဲ့။ သူတော့ သေရမှာပဲ သူသေရင် ကျုပ်လည်း သေမှာပဲ . . .”
“သေတဲ့လူကကော ဘယ်သူသတ်တယ်လို့ ပြောမသွား နိုင်ဘူးလား …”
“သေတဲ့လူက ဘာမှမပြောနိုင်ဘူး . . .ကျုပ်တို့ရွာက ငထိုက်ဆိုတဲ့ သူငယ်လေးပဲ။ ဟောဟို စက်ကြီးက သူဌေးသား များနဲ့ ကွင်းဆင်းသွားရင်း ကွင်းထဲမှာ ဖြစ်ကြတဲ့ ကိစ္စ။ သတ်တဲ့ လူကတော့ သတ်ပြီးပြေးမှာပေါ့။ အလောင်းကိုသွားတွေ့တာက ကျုပ်သားငနီဘဲ။ အဲဒါ ငနီကို မသင်္ကာဘူးဆိုပြီး ဖမ်းတာပဲ။ ငနီ မသတ်တာတော့ အမှန်ပါပဲ”
. “အဖွားသားနဲ့ သေတဲ့လူနဲ့ကော ရန်ညှိုးရန်စ ရှိလို့လား”
“အရင်ကတော့ ရှိတယ်၊ နောက်တော့လည်း အရင်လို ပဲ ချစ်ချစ်ခင်ခင်ပဲ”
“ရှိတာက ဘယ်လိုရှိပုံလဲ … ရန်ညှိုးရှိဖူးတာက ကော ရွာကသိသလား …”
“သိကြတယ် . . . ဒီလိုလေ အခုသေတဲ့ ငထိုက်မှာ – နှမတယောက်ရှိတယ်။ အဲဒါ ငနီနဲ့ ကလေးချင်း မျက်စိကျ ကြတယ်။ အဲဒါ ငနီက ငထိုက်ကို “ယောက်ဖ ယောက်ဖ”နဲ့ ပြောင်ခေါ်တယ်။ တခါတော့ လူတွေရှေ့မှာ ခေါ်ရမလားလို့ ရှက်ပြီး ငနီကို လူတွေရှေ့မှာပဲ ရိုက်ဖူးတယ်။ နောက်တော့ ခေါ် ခေါ် ပြောပြောပါပဲ”
“နို့ . . ကောင်မလေးနဲ့ အဘွားသားနဲ့ ညားကြသလား”
“မညားရပါဘူး ကောင်မလေးက .. သူတို့လယ်ရှင် ဟောဟိုစက်ရဲ့ သူဌေးအိမ်မှာ အခနဲ့ သွားနေသတဲ့။ တော် တော်ကြာမှ ရွာပြန်လာပြီး ရေနစ်သေသွားတယ်”
“ငထိုက်သေတာကို ရွာက အဖွားသား သတ်တယ်လို့ ထင်နေကြသလား . . . ”.
“ရွာကတော့ အချိန်မတော်ကြီး ငနီက သွားတွေ့လို့ အလောင်းထမ်းလာတော့ ငနီသတ်တယ်ထင်တာပေါ့။ ငနီက ကျုပ်ကိုပြောတော့ ကွင်းထဲကို သူဌေးသားနဲ့ ဆင်းသွားတယ်။ သူဌေးသားလူသိုက်က သတ်မှာပဲလို့ ပြောတာပဲ။ ငနီက ကံဆိုး ပါတယ်။ နေဝင်ချိန်လောက် ငထိုက်အိမ်ကိုသွားပြီး ငထိုက်ကို ရှာသတဲ့။ ငထိုက်အိမ်က ငထိုက်လယ်ထဲက မလာသေးဘူးလို့ ပြောလို့ လယ်ထဲလိုက်သွားတော့ အလောင်းသာတွေ့ရတာပဲ”
“နို့ . . . ရွာက သူဌေးသားလူစုနဲ့ ကွင်းထဲသွားတာ မမြင်ကြဘူးလား . . . ”
“သူဌေးသားလူစုနဲ့ သွားတာ ဆွမ်းခံပြန်ချိန်လောက်က ပဲတဲ့ သူတို့လူစုလည်း ရွာထဲပြန်ဝင်လာပြီး ငထိုက်အိမ် ကို နှုတ်ဆက်ပြီးမှ ပြန်ကြတယ်လို့ ပြောတယ်” :
“ငထိုက်အိမ်က ငထိုက်ရောလို့ မမေးလိုက်ဘူးတဲ့လား”
“ဒါကတော့ ငထိုက် လယ်ထဲနေခဲ့မှာ သိကြတာပေါ့”
“လယ်ထဲမှာ သည့်ပြင်လူကော မရှိဘူးလား”
“နွေခေါင်ခေါင်ကြီး လုံမရယ် တခါတလေ … လည်း လူပြတ်တာပေါ့”
ကျွန်မမှာ အမှုသွားအမှုလာကို ကြားနာပြီး စိတ်ဝင်စား စွာ တွေးတောနေသည်။ နှစ်ဦးစလုံး တခဏ တိတ်ဆိတ်လျက် နေသည်။
“ကျုပ်သားကို စက်တိုင်တင်ရင်လည်း ကျုပ်သား သေ တဲ့နေ့ ကျုပ်လည်း လူ့ပြည်မှာ မနေပါဘူး”
“ဒီလိုလည်း မဟုတ်သေးပါဘူး အဖွားရယ် တရားနတ်စောင့်ပါသေးတယ်” . . .
“မဟုတ်ဘူး . . . မဟုတ်ဘူး၊ ကျုပ်တို့မှာ ဆင်းရဲသား၊ မျက်နှာမွဲ။ သူတို့က သတ်ဦးတော့ သူတို့က ပိုက်ဆံရှိတယ်။ ကျုပ်သားကို သူတို့ ပိုက်ဆံနဲ့ဝယ်ပြီး ပုလိပ်ကို အစားထိုးပေး လိုက်မှာပဲ။ သူတို့အသက်က အဖိုးတန်တဲ့အသက်။ ငနီ့အသက် က ခွေးဝင်စားတကောင်လို ဘာမှ အဖိုးမတန်ပါဘူး။ ကျုပ်တို့ မှာ ပိုက်ဆံဆိုလို့ အပိုတပြားမရှိဘူး။ ငနီသူရင်းငှားလုပ်ခ ကလေးနဲ့ အသက်ရှင်နေရတာ။ သူသေရင် ကျုပ်လည်းသေမှာ ပဲ။ သေရရင်လည်း ရွာမှာတောင် ပြန်မသေတော့ဘူး။ သေစရာ စရိတ်လည်း မရှိဘူး။ ရွာကိုလည်း ဒုက္ခမပေးပါဘူး။ ကျုပ်တော့ ကျုပ်သင်္ချိုင်းကို ကြည့်ထားပြီးပါပြီ”
ဤကဲ့သို့ တုန်တုန်ရီရီပြောလိုက်သဖြင့် စိတ်ထိခိုက်လှ ၍ မျက်နှာကို ငုံ့ပစ်လိုက်မိပါသည်။ အတန်ကြာ အသံတိတ် နေပြန်၍ သူ့မျက်နှာကို မော့ကြည့်လိုက်ပါသည်။ ကျွန်မ ဘယ် တော့မှ မမေ့နိုင်သည့် ငိုတော့မလို ရယ်တော့မလို မျက်နှာမျိုး နှင့် “ဟိုဟာ ကျုပ်သင်္ချိုင်းပဲ” ဟု ပြော၍ မေးထိုးပြလိုက်သည်။
သူပြလိုက်သည့်နေရာကား… တသွင်သွင် စီးနေသည့် ဧရာဝတီမြစ်ကြီးပင်တည်း။
X XX
ကျွန်မလည်း မြစ်ဘက်သို့ ငေး၍ကြည့်နေသည်။ ဓနိ ဖောင်တခု မြောလာရာကို စူးစိုက်စွာလိုက်၍ကြည့်နေသည့် အမေအို၏ အတွင်းစိတ် ဖြစ်ပေါ်နေမည့်ပုံကို ကျွန်မ ကောင်း စွာ ရိပ်မိခန့်မှန်းနိုင်ပါသည်။
“အဘွားသားက ဘာပြုလို့ သူဌေးသားလူစုက သတ် တယ်လို့ ထင်တာလဲ”
“သူထင်တာကတော့ ရေနစ်သေသွားတဲ့ ကောင်မလေး က သူဌေးသားနဲ့ ဘာလိုလိုဖြစ်လာတယ်။ အဲဒါ ကျုပ်သားကို ကောင်မလေးက အသိပေးသတဲ့”
ကျွန်မသည် ဤစကားကြောင့် မျက်စိနှစ်လုံး ဝင်းဝင်း တောက်သွားပါသည်။
“ရွာကရော သိသလား . . ကောင်မလေးအိမ်ကရော သိသလား”
“ရွာကတော့ မသိပါဘူး၊ ငနီကတော့ ကောင်မလေး သေပြီးမှ ငထိုက်ကို ဒီအကြောင်းကို ပြောဖူးတယ်လို့ ကျုပ်ကို ပြောတာပဲ။ ဒိပြင်တော့ ကျုပ် ဘာမှမသိဘူး”
လူတယောက် ကျွန်မတို့အနားသို့ လျှောက်လာ သည်။ ထိုအဖွားအိုက “တိုးချစ် ဘယ့်နှယ်လဲ” ဟု လှမ်း၍ မေးလိုက်သည်။ ထိုသူမှာ အင်္ကျီမရှိ၊ တဘက်ခေါင်း ပေါင်း၍ ပုဆိုးတိုတိုဝတ်ထားသည်။
“တနင်္လာနေ့ကို အထက်ရုံးကြီးကို သင်္ဘောနဲ့ ပို့မလိုလို ကြားခဲ့တယ် ငနီနဲ့ မတွေ့ခဲ့ရဘူး”
“သတ်တော့ကော ဟိုမှာပဲလား တိုးချစ်ရယ် . . . ” ကိုတိုးချစ် ဆိုသူမှာ ငိုင်၍နေလေသည်။ “သန်ဘက်ခါ သန်ဘက်ခါ၊ တို့လည်း လိုက်မသွားနိုင် ဘူး။ ငါလည်း ရွာမပြန်ချင်တော့ဘူး” .
အဘွားအိုလည်း ကိုတိုးချစ်၏ ခြေသလုံးကိုဖက်လျက် မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့် စီးကျနေသည်။
ကျွန်မလည်း ကိုတိုးချစ်အား သွားရမည့်မြို့တွင် အသိ ရှိ မရှိ မေးမြန်းကြည့်သည်။ သူက မရှိကြောင်းကို ခေါင်းတွင်တွင်ခါပြသည်။ ကျွန်မက အိတ်ထဲတွင်ပါလာသော ငွေ ၁ဝိ ကို ထုတ်၍ အမေအိုအား ပေးလိုက်ပြီးလျှင် သူ့သားနှင့် တသင်္ဘောတည်း လိုက်သွားဖို့ရန်၊ သန်ဘက်ခါမနက် ဒီကိုလာ ပါဟု တိုက်တွန်းပြီး ၄င်းမြို့တွင် ထမင်းဆိုင်၌ တည်းနိုင်ကြောင်းပါ ညွှန်ကြားရပါသည်။ ဤအမှု တရားမှန်ဖြစ်ရန် ကြိုး စားကူညီမည့်အကြောင်းကို အထပ်ထပ် အားပေးပါသည်။ ကျွန်မ မည်သူမည်ဝါဖြစ်ကြောင်း အမေအိုက မေးသဖြင့် အမှု ပြီးမှ ပြောပါရစေဟု အမေအိုအား တောင်းပန်ရပါသည်။ လှေ ကလေးထွက်သွားမှ ကျွန်မလည်း တံတားမှ ခွာခဲ့ပါသည်။
ကျွန်မ အိမ်သို့ပြန်ရောက်သောအခါ ကိုကျော်အေး ပြန်မလာသေးပါ။ စိတ်ဝင်စားလာသည့်အမှုကို ကျွန်မ စဉ်းစား ရင်း၊ တွေးရင်း၊ အချိန်ကုန်မှန်းမသိ ကုန်သွားပါသည်။ ဆာလောင်စိတ်လည်း မရှိပါ။ ဘုရားမီးပူဇော်၍ ဘုရားရှိခိုးပြီးနောက် ဘုရားခန်းထဲတွင်ပင် မူးဝေဝေဖြစ်လာ၍ ခွေနေရပါသည်။
အချိန် မည်မျှကြာမြင့်သွားသည်ကို မခန့်မှန်းနိုင်ပါ ကျွန်မ ခေတ္တအိပ်ပျော်သွား၍ နိုးလျှင်နိုးချင်း ဘုရားခန်းနှင့် ကပ်လျက် ဧည့်ခန်းမှ စကားပြောနေကြသော အသံများကို ကြားရပါသည်။ ကျွန်မသည် ခွေနေရာမှ ငုတ်ခနဲ ထ၍ ထိုင်ပါ သည်။ “ဟုတ်ကဲ့ ဟုတ်ကဲ့” ဟု လိုက်နေသောအသံမှာ ကိုကျော် အေးအသံ ဖြစ်သော်လည်း အခြားတသံကို ကျွန်မ မကျက် မိပါ။ သူတို့ပြောနေကြသည့် `စကားသံတွေကို နားစိုက်၍ ထောင်နေရသဖြင့် အသက်ရှူရန်ပင် မေ့မေ့သွားပါသည်။ ယခု ပြောနေသောသူမှာ ညနေက အဖွားအိုပြောလိုက်သော သူဌေး သား၏ အဖေမှန်း စကားအသွားအလာဖြင့်ပင် သိရပါသည်။
“အဲဒီတော့ တိုက်ပိုင်မင်း သေရမှာကြောက်ပြီး လျှောက်ရမ်းမှာ စိုးရတယ် . . . အခု ပုလိပ်စစ်ချက်မှာ သူ သတ်ပါတယ်လို့ ဝန်ခံရဲ့လား”
“တော်တော်ခေါင်းမာတယ် ဝန်မခံလို့ ဘယ်ရမလဲ ဦးရယ်”
“သေတဲ့ကောင်ကလေးဟာ ဦးရဲ့ သူရင်းငှားသား. ကလေးပဲ သူတို့အစဉ်အဆက် ဦးပဲ ကျွေးလာခဲ့ရလို့ ဦး အရိပ်ခိုနေတဲ့လူတွေမို့ ရှေ့ဆောင်ရှေ့ရွက် လုပ်နေရတယ်။ ဦးသားကလည်း အဲဒီနေ့ကမှ တာတိုင်းထွက်လို့ အမှုရှုပ်ရှက် လာမှာ ပူမိတယ်။ တိုက်ပိုင်မင်းကိုတော့ ညီလိုသားလို ချစ်ခင် ´လို့ မေးရဦးမယ်၊ တကယ်လို့ ငနီက ရုံးကြီးမှာ သူ မသတ်ဘူး လုပ်မှာ စိုးရတယ်။ ရွာကလူတွေကလည်း ငနီသတ်တာလို့ပြောပါတယ်။ ဒီအမှု ဘွင်းဘွင်းပေါ်နေလျက်နဲ့ ရှည်များနေ ဦးမှာလား”
“ဟာ . . . ဒါကတော့ မရှည်ပါဘူး၊ သူသတ်တယ်လို့ ပဲ အစစ်ခံရမှာပဲဦးရယ် . . . မပူပါနဲ့ . . . ”
“ဟုတ်ပါတယ်လေ . . . ဦးက ဆယ်ရေးတရေး မေး ရတာပါ။ တိုက်ပိုင်မင်းကို အများကြီး အားကိုးကြည်ညိုပါတယ်။ အကြံဉာဏ်ရော ဖြောင့်မတ်တာရော ရှားပါတယ်။ ဒီမြို့မှာ တိုက်ပိုင်မင်းရှိမှ အမှုတွေပါးတယ်လို့ ဦး ဝန်ကြီးကို ပြောခဲ့ရသေး တယ်။ မင်းကတော်လည်း မမြင်ဖူးသေးပါဘူး။ တခါလောက် လာလည်ပါဦး တိုက်ပိုင်မင်း . . . ”
ကျွန်မသည် တဟဲဟဲနှင့် ရယ်ပြီးဆုံးလိုက်သည့် သူ့ အသံကို နားစိုက်ထောင်ပြီး အတော်ပင် စက်ဆုပ်လိုက်မိပါ သည်။ ကိုကျော်အေးအား အားကိုးပါသည်။ ကြည်ညိုပါသည်။ ဖြောင့်မတ်တာ ရှားပါသည်ဟု တတွတ်တွတ် ပြောနိုင်သကဲ့သို့ သူ့စကားအတိုင်း အားကိုးကြည်ညိုလောက်အောင် ဖြောင့်မတ် သူဟု အကယ်ပင် ယုံကြည်ခဲ့လျှင် ဤအိမ်ကို ဤကိစ္စနှင့်လာရဲ မည်မဟုတ်ချေ။ သက်သက် စော်ကားနေခြင်းပင် ဖြစ်သည်။ ထိုအသံနှင့်ရော၍ လိုက်လိုက်လျောလျောလုပ်နေသော ကို ကျော်အေးအားလည်း စိတ်ဆိုးမိပါသည်။ ဤအမှုကို ဤလူကြီး သိလျက်နှင့် ထိန်,မထိန် ကိုကျော်အေးက ပါ, မပါကို ကျွန်မ အလွန်သိလိုပါသည်။ ယခုကြားရသည့်အတိုင်း ဆိုလျှင် သူငယ် တွင် အပြစ်ရှိသည်ဟု ကိုကျော်အေး ပိုင်းဖြတ်ထာပြီး ဖြစ်သည်ကို တွေ့ရှိရပါသည်။
မည်သို့ပင် ကိုကျော်အေးက ဆုံးဖြတ်ဆုံးဖြတ် ကျွန်မ၏ · အလိမ္မာဉာဏ်ဖြင့် အမှုကိုရော၊ ကိုကျော်အေးကိုပါ တရားမှန် ရောက်စေမည်ဟု သန္နိဋ္ဌာန်ချလိုက်ပါသည်။
ဧည့်သည်ဆင်းသွားလျှင် ဆင်းသွားခြင်း ကျွန်မ အပြင် သို့ ထွက်ခဲ့သည်။ ကိုကျော်အေးလည်း အိမ်ထဲသို့ ပြန်ဝင်လာ ပြီး . . . “နိုးပလားခင် . . ခုနက ဧည့်သည်က မေးနေသေး တယ်”ဟု ပြောရင်း နှစ်ယောက်ထိုင်ကုလားထိုင်တွင် ကျွန်မ ဘေးက ဝင်၍ထိုင်လိုက်သည်။
“ခင် ထမင်းမစားသေးဘူးဆို . . . ”
“ခင် မဆာလို့ပါ . . .ကိုကျော်အေးကို စောင့်ရင်းနဲ့ မေ့ခနဲ အိပ်ပျော်သွားတယ်။ ခုနက လာတဲ့ဧည့်သည်က ဘယ် သူလဲ”
“ဦးမွှေးလေ . . . စက်လည်း စက်သူဌေး၊ လယ်တွေ လည်း အများကြီးပဲ၊ ဒီမြို့မှာတော့ သူ အချမ်းသာဆုံး ဩဇာ အရှိဆုံးပေါ့။ ပေါက်လည်း ပေါက်ရောက်တယ်၊ အထက်အစိုးရ ပိုင်းက တော်တော်လေးစားရတယ်။ ဒီမြို့က အရာရှိတွေတော့ သူ့လက်ထဲမှာပဲ သူ မပြောင်းသချင်ရင် မပြောင်းရဘူး”
“ဪ ဪ…သိပ် တန်ခိုးရှိတာပဲပေါ့။ဒီလူကြီးမှာ သမာဓိရော ရှိရဲ့လား”
“ဘယ်လိုသမာဓိလဲ . . . ”
“ဪ . . . ဖြောင့်ဖြောင့်မတ်မတ် တည်တည်ကြည်ကြည် ရှိ,မရှိ မေးတာပါ”
“ဒါလောက် ကျိကျိတက် ဌေးနေတာ ဖြောင့်မတ်လွန်း လို့တော့ ဘယ်ဟုတ်မလဲ၊ ဒါပေမဲ့ တမြို့လုံးက သူဌေးကြီးဆိုပြီး လေးစားနေကြတာပဲ”
“သူ ဘာကိစ္စ ဒီကိုလာတာလဲ”
“အမှုတခုအတွက်ပဲ အမှုကတော့ ရှင်းနေပါ တယ်။ သူက အလကား စိုးရိမ်နေတယ်၊ ဌာနအုပ်နဲ့ ရာဇဝတ် အုပ်တွေကတော့ အဘိုးကြီးကို အမဲဖမ်းပြီး ပွနေကြတယ်။ မသိ ချင်ယောင် ဆောင်နေရတယ်”
“အမှုက ဘယ်လိုလဲ ကိုကျော်အေး”
“နတ်ချောင်းရွာက လယ်ကူလီ ငထိုက်ဆိုတဲ့ ကောင် ကလေးကို အဲဒီရွာက ငနီကသတ်တယ်။ အဲဒီနေ့က အဘိုးကြီး သားကလည်း ရွာကိုသွားပြီး ငထိုက်နဲ့ ကွင်းထဲကို ဆင်းကြ သတဲ့။ အဲဒါ တရားခံက ရိုးမှာစိုးနေတယ်”
“ကိုကျော်အေးကော ဘယ်လိုယုံကြည်သလဲ”
“အမှုကတော့ ကောင်ကလေး ထင်ရှားနေတာပဲလေ” ဟု ဆွဲဆွဲငင်ငင်ပြောသဖြင့် ပေါ့ပေါ့ဆဆ သဘောထားရမလား ဟု စိတ်မကောင်းဖြစ်မိပါသည်။
“ငနီကိုရော ကိုကျော်အေးကိုယ်တိုင် စစ်ပြီးပလား၊ဝန်ခံသလား”
“ဘယ်ဝန်ခံမလဲ ဌာနအုပ်ကတော့ ပုလိပ်စစ် စစ်နေတာပဲ”
“ပုလိပ်စစ်ဆိုတာ ဘယ်လိုလဲ ကိုကျော်အေး”
“မသိချင်ပါနဲ့ ခင်ရယ် အင်မတန်ကြမ်းတဲ့ အလုပ်ပဲ … ကြားရရင် နားမချမ်းသာစရာတွေပါ၊ မပေါ် ပေါ်အောင်လုပ်ရတာပဲ”
“ဒီလိုလုပ်လို့ကော အမြဲတမ်းမှန်ရဲ့လား”
“ရည်ရွယ်တာကတော့ မှန်အောင်လို့ လုပ်ရတာပဲ”
“မှားနေပါပြီတဲ့ ကိုကျော်အေး”
“ခင်ကလည်း စိတ်ဝင်စားလိုက်တာ” ဟု ပြောကာ ရယ်၍နေလေသည်။
“မမှားအောင်ဖြစ်ဖို့ ဝင်စားရတာပေါ့။ ခင်လည်း ပုလိပ် မယားပဲဟာ” ဟု ခပ်နွဲ့နွဲ့အသံနှင့် ပြောလိုက်ရသည်။
“လောကမှာ ပုလိပ်ဘက်မှာ မမှားအောင်ဆိုတာ ခဲယဉ်းသားပဲ”
“လောကမှာသာ ခဲယဉ်းပါစေ၊ ကိုကျော်အေးကတော့ အမှုတခုကို မမှားအောင်လုပ်လိမ့်မယ်လို့ ခင်တော့ သိပ်ယုံ ကြည်အားကိုးတာပဲ။ ခင့်ယောက်ျားကို ခင် အထင်ကြီးနေတာ ကြီးတဲ့အတိုင်း အမှန်ပဲမဟုတ်လား”
“မမှားပါဘူးဗျာ … မှန်ပါတယ် မှန်ပါတယ်”
“ဒါနဲ့များ လောကမှာ ဘာမှာ ပြောနေရသေးတယ်”
“ဒါက အများကိုပြောတာ ခင်ရဲ့”
“အများကိုပြောချင်ပြောပါ ခင့်ယောက်ျားကို ထည့်မပြောပါနဲ့။ အမှန်ပဲ ခင်ဖြင့် ပုလိပ်ဆိုရင် သိပ်မယုံဘူး။ ခင့်ယောက်ျားကိုတော့ ခင်ယုံနိုင်ပါတယ်။ တိတိကျကျ မှန်မှန်ကန်ကန်လုပ်တဲ့ ပုလိပ် ဦးကျော်အေးလို့. လောကမှာ ခင် ဂုဏ်ယူမယ်လို့ ခင် ကြိမ်းထားတာ … ဘယ့်နှယ်လဲ” ကိုကျော်အေးလည်း ကျွန်မကို ပြုံး၍ကြည့်နေပါသည်။ ကျွန်မကလည်း ချစ်စရာကောင်းသည်ထက် ကောင်းသည့် အမူ အရာလေးနှင့် သူ့ကိုပြန်၍ ပြုံးပြလိုက်ပါသည်။
“ကဲ ကဲ ခင့်ကို တခုမေးမယ်၊ မှန်မှန်ကန်ကန် လုပ်တိုင်းလည်း ရာထူးမတိုးဘူး . . . ဒီတော့ …”
“မဒီတော့ပါနဲ့ ကိုကျော်အေး . . . ဖြောင့်ဖြောင့်မတ် မတ်လုပ်တဲ့ ဂုဏ်ကို ခင် ရာထူးနဲ့ လဲနိုင်ပါတယ်။ ဒီပြည်မှာ ကိုကျော်အေးကို တရားစောင့်တဲ့ ပုလိပ်လို့ ဂုဏ်ကြီးနေရင် ခင် ဘာကို မက်မောနေရဦးမလဲ။ သားစဉ်မြေးဆက် မင်းတို့ဖေဖေ ဟာ ပုလိပ်ပီပီ ဘယ်လိုတရားရှိတယ်ဆိုတာ ခင် သေတဲ့အထိ ပြောချင်တယ်”
ညားကာစ လင်မယားဖြစ်သဖြင့် ကျွန်မ၏စကားကို သကာထက်ပင်ချို၍နေကြောင်း ကျွန်မ ရိပ်မိပါသည်။ ကျွန်မ – လည်း ပိတ်တော့မည်ဖြစ်သောစကားကို ပြန်၍ကောက်ရပါသည်။ “တကယ်လို့ အဲဒီလူကြီးသားက သတ်တယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလား”
ကျွန်မအား စိမ်းစိမ်းစိုက်ကြည့်လျက် “ဒီအမှုကို စိတ် ဝင်စားချည့်လား ခင်” ဟု ထပ်၍ ပြောပါသည်။
“စိတ်ဝင်စားဆို အမှုမှန်ကို ဒီနေ့ ခင် ပေါ်အောင် စစ်ခဲ့ရလို့ပါ”
ကိုကျော်အေး ကြက်သေသေနေပါသည်။ “ခင် ဘယ်လိုသိသလဲ” ဟု သူ့နှုတ်ဖျားမှ တလုံးချင်းထွက်လာပါသည်။ ကျွန်မ ဤမြိုကရောက်သည်မှာ အရက် ၂ဝ ပင် မပြည့်သေး , ၍ အထူး ပိုမိုအံ့ဩနေဟန်တွေ့ရှိရပါသည်။ ကျွန်မသည် ညနေက အဖြစ်အပျက် အမှုသွား အမှုလာကို အကုန်ပြောပြ ပြီးနောက် လောကတွင် တရားကား ရှိသည်ဟု ယုံကြည်ကြောင်း ထိုတရားကို ကိုကျော်အေးကဲ့သို့သော တိုက်ပိုင်တယောက်က စောင့်စည်းမည်ဆိုလျှင် တရားမှာ တရားအတိုင်းတည်ရမည် ဖြစ်၍ အမှန်ကို အားထုတ်သဖြင့် လွတ်သွားမည့် ဇီဝိတဒါနကို အနုမောဒနာပြုနိုင်ကြရန် သမာဒေဝနတ်များအား အမျှပေးဝေ လိုက်မည်ဟု စိတ်ထဲတွင် ခဲ၍ထားကြောင်းပါ ထည့်၍ပြောပြ လိုက်ပါသည်။
“နေပါဦး သူဌေးသား သတ်တယ်လို့ သူ သက် သေပြနိုင်မလား”
“သက်သေမပြနိုင်လို့ ခက်နေတာပေါ့ . . . ခိုင်လုံတဲ့ အထောက်အထားဟာ သက်သေမဖြစ်နိုင်ဘူးလား။ အမှုကို အမှန်ပေါ်အောင်စစ်ပါ ကိုကျော်အေးရယ် . . . ငနီကို ကိုကျော်အေးကိုယ်တိုင် စစ်ရင်တော့ ခမြာ ပြောမှာပဲ။ အမှန် ရဲ့ အစအန ရချင်လည်း ရလာမယ်။ ခင်ထင်သလို ဖြစ်ချင်လည်း ဖြစ်မယ်”
“ဘယ်လို ခင်ထင်သလိုလဲ”
“ခင်ကတော့ သေတဲ့ကောင်လေးက သူ့နှမကို စော် ကားလို့ ရန်ဖြစ်ရာက သတ်ပွဲဖြစ်တာနဲ့တူတယ်”
“အင်း . အဘိုးကြီး ဗျာများနေပုံလည်း ထင်စရာပဲ။ ငနီနဲ့ ထပ်တွေ့ပါဦးမယ်လေ သူဌေးသားတင် မဟုတ် ဘူး၊ အဖော်လည်း ပါသေးတယ်။ အဲဒီအဖော်ကို ဖမ်းလိုက်ရင် ပေါ်ချင်ပေါ်မယ်”
“ဟုတ်ပါရဲ့ . . . ခင်ဖြင့် မတွေးမိဘူး၊ ခင် ထင်တယ် ကိုကျော်အေးတော့ အမှုတခုလုံး ရှင်းပြီးမြင်နေပြီမဟုတ်လား”
ဤစကားနှင့် ကျွန်မယောက်ျားကို မြှောက်လိုက်ခြင်း မဟုတ်ပါ။ ပုလိပ်ရေဝ,နေသဖြင့် ဤလောက်ပြောလျှင် ဤမျှ မြင်နိုင်ပါလိမ့်မည်။ မြင်လို့ရလာသည့် အချက်အလက်တွေ ယိမ်းယိုင်သွားမည် စိုးသဖြင့် ဤစကားနှင့် ခိုင်ခိုင်ချည်လိုက် ခြင်းသာ ဖြစ်ပါသည်။
နောက်တနေ့ ဂတ်ကပြန်လာရာ မျက်နှာ တယ်မသာ ယာလှပါ။ ကျွန်မမှာ တညနေလုံး အစစအရာရာ စားမှု သောက်မှု ပျာပျာသလဲ အထူးဂရုစိုက်၍နေရပါသည်။ စား သောက်ပြီးကြမှ သူက စတင်၍ အမှုသွားအမှုလာကို ပြောပြပါ သည်။
သူ့နှုတ်ဖျားမှ “ခင်ပြောတဲ့အတိုင်းပဲ ဒီကောင် ကလေးမှာ အပြစ်မရှိဘူး” ဟု ပြောရာ ကျွန်မတွင် ကြက်သီး မွေးညင်းများပင် ထသွားပါသည်။ ထိုနေ့ညနေက ကျွန်မသာလမ်းလျှောက်မထွက်ဖြစ်လျှင် အသက်နှစ်သက်ကား . . .
ကျွန်မသည် ဆက်၍ မစဉ်းစားချင်တော့ဘဲ ဝမ်းသာ စရာကိုသာ ပြောင်း၍ အားရပါးရ မေးရပါသည်။ “ဒါဖြင့် ငနီ လွတ်မှာပေါ့” ဟု
“ငနီကတော့ လွတ်မှာပါပဲ . . . ကြိုးကွင်းကတော့ သူဌေးသားဘက် စွပ်မလားပဲ. . . . ဒါပေမဲ့ . . .”
ဆက်မပြောဘဲ ရပ်နေသဖြင့် စောစောက မျက်နှာ မသာမယာ ဖြစ်နေပုံကို သတိရလိုက်ပြီး “ဒါပေမဲ့ဆိုတာ ဘယ်လိုလဲ ကိုကျော်အေး” ဟု ဖြည်းနိုင်သမျှ ဖြည်းဖြည်းကလေး မေးရသည်။
“စက်ရှင်ကိုလည်း ငွေနဲ့သွားပေါက်မှာပါပဲ။ ကိုယ် ကြိုးစားရတာ အလကား အချည်းနှီးဖြစ်ပြီး ကိုယ့်သာ အဘိုး ကြီးက အထက်နဲ့လှည့်တိုက်လို့ အထက်ကမုန်းရင်လည်း မုန်း မှာပဲ”
“ဆင်းရဲတဲ့ဘက်က ကြိုးစားတာ အမှန်ဖြစ်ချင်လို့သာ ဆိုတာ လူတိုင်းအသိပါ။ ဘယ်သူတွေ မုန်းမုန်း ခင်ဖြင့် တိုးလို့ ပဲ ချစ်လာပြီး၊ ငါ့ယောက်ျားဟာ အင်မတန် ဖြောင့်မတ်တဲ့ ယောက်ျားလို့ ခင် ဘယ်လောက်ဝမ်းသာ ဂုဏ်ယူနေမလဲဆိုတာ ကိုကျော်အေးကို ခင်ဖြင့် ရင်ခွဲပြချင်ပါတယ်”
မိန်းမများသည် သနားကြင်နာလွယ်သည်။ ကိုယ်ရေး ကို မကြည့်တတ်။ အဆင်ခြင်တုံတရား နည်းပါးသည်ဟု ထင်ချင်လည်း ထင်ပေလိမ့်မည်။
ယနေ့ညကား လွန်ဆွဲသကဲ့သို့ ဖြစ်ပါသည်။ အသိုင်း အဝိုင်းက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ပုလိပ်၏ မွန်မြတ်သောဝါဒကို လယ်ပြင်တွင် ဆင်သွားသကဲ့သို့ အထင် အရှားဖော်ပြရန်မှာ သူ့တာဝန်ပင် ဖြစ်လေသည်။ အိမ်ထောင် ကျစ ကျွန်မ မှန်ရာသို့ ရွေးချယ်ရမည့်လမ်းကား ဤလမ်းပင် ဖြစ်ပါသည်။ သူ့အား သတ္တိနည်းသောယောက်ျားတယောက် ဟု ကျွန်မ စိုးစဉ်းမျှ အထင်မသေးမိပေ။ သူသည် သူပြုရမည့် တာဝန်ဝတ္တရားဟု သဘောထားရမည့် စိတ်ဓာတ်အားနည်းနေ ခြင်းသာဖြစ်သည်။ အားပေးသူ အားကူဖြည့်သူရှိက လမ်း ဖြောင့်ဖြောင့်ကြီးပေါ်တွင် မတိမ်းမစောင်း မတ်မတ်ကြီး လျှောက်မည့်သူဟု ကျွန်မ အယုံအကြည်ရှိပါသည်။ သူ့ကိုယ်၌ က ဤဝါဒကို နှစ်နှစ်ခြိုက်ခြိုက် သဘောကျလာလျှင် ကျွန်မ အား သနားလွယ်သူ၊ ကိုယ်ရေးတွက်တာ မမြင်သည့် အဆင် ခြင်ဉာဏ် ကင်းမဲ့သူဟု အဘယ်မှာ ထင်နိုင်မည်နည်း။ ပတ် ဝန်းကျင် အသိုင်းအဝိုင်းဆိုးဝါးမှုကြောင့် ဖြစ်ပေါ်ရသည့် အလွဲလွဲအမှားမှား သဘောတရားများက တံတိုင်းနံရံကြီးကဲ့သို့ ပုလိပ်ဘက်တွင် အကြောင်းအမျိုးမျိုး အခက်အခဲအမျိုးမျိုးတို့ဖြင့် ဆီး ဆို့ထားခြင်းကို ဖောက်ထွင်းကျော်နင်း၍ ဖြောင့်မတ်တည်ကြည်သွားသောကိုကျော်အေးအား ကျွန်မတသက်လုံး လေးစားရမည်ဖြစ်သကဲ့သို့ ကျွန်မအားလည်း မုချ သူ လေးစားပေလိမ့်မည်။
“ကိုကျော်အေး တရားခံအစစ်ကို တွေ့ပြီနော် . . . ” သူသည် ကျွန်မအား ပြုံး၍ကြည့်သည် သူ ပြုံးပုံမှာ
အဓိပ္ပါယ်ပါပါနှင့် ပြုံးခြင်းဖြစ်သည်။ ဤကဲ့သို့ မေးလိုက်သည့် အတွက် ကျွန်မ စိတ်သဘောကို ကောင်းစွာ ရှင်းလင်းနားလည် သွားပြီး မြတ်နိုးသည့်အရိပ်အယောင်တွေပါ မျက်စိနှစ်လုံးက အထင်အရှား လက်ထွက်နေသည်။
“မိပါပြီ . . . အဲဒီသူဌေးသားရဲ့တပည့်ကို ဖမ်းပြီးပြီ။ မြို့ထဲတော့ ဆူသွားတာပဲ။ ဌာနအုပ်ရော သူဌေးရော ပျာလောင်ခတ်နေကြပြီ။ ငနီ ပြောချက်ကတော့ ကောင်မလေး ရေနစ်သေတာမဟုတ်ဘူး။ ရေထဲဆင်းသေတာ၊ သူဌေးသားက စော်ကားလွှတ်လိုက်လို့ အရှက်ကွဲမှာစိုးလို့ ဆင်းသေတာပဲ။ ဒီလို ရေထဲ တမင်ဆင်းသေမှန်း ငထိုက်ကသိတော့ ငနီကြောင့် စိတ်ညစ်ပြီး ဆင်းသေတာပဲလို့ ငနီကို ညှိုးတယ်။ တနေ့တော့ ငထိုက်က ငနီကို စစ်တယ်။ ဒီတော့မှ ငနီက ရေထဲဆင်းသေ လိမ့်မယ်လို့ သူ မသိရပါဘူး။ ည ခိုးရာလိုက်ဖို့ခေါ် တော့ သူဌေး သားနဲ့ ဖြစ်ခဲ့တဲ့အကြောင်း ပြောပြီး ငြင်းသတဲ့။ ဒါပေမဲ့ ငနီက သနားလို့ ယူမယ်လို့ အခါခါပြောလည်း မရဘူး။ နောက်ဆုံး ရေထဲဆင်းသေသွားတာပဲလို့ ရှင်းပြသတဲ့။ အဲဒီတုန်းက ငနီကို ငထိုက်က မင်း လက်စားမချေနဲ့။ ဒီကောင့်ကို ငါ့လက်နဲ့ သတ် မယ်။ လာပေစေလို့ ပြောဖူးသတဲ့။ သူဌေးသား ဆရာတပည့် နဲ့ ငထိုက် ကွင်းထဲကို လိုက်သွားတယ်လို့ သိရတော့ စိုးရိမ်ပြီး လိုက်သွားတာ အလောင်းသာတွေ့ရတာပဲတဲ့”
“ခု ဖမ်းလိုက်တဲ့ ကောင်ကလေးကရော ဘယ့်နှယ်ပြောသလဲ”
“ပထမ ခေါင်းမာနေတယ်၊ ကိုယ် ကိုယ်တိုင် ကန်လိုက် ရ ၊ ချော့လိုက်ရနဲ့ ပုလိပ်အလုပ်ဟာ စက်ဆုပ်စရာပဲ။ ငထိုက် က တံစဉ်ယူလာသတဲ့။ အဲဒီ တံစဉ်နဲ့ နောက်ကနေပြီး သူဌေး သားလည်ကို ခုတ်တာ ဒီကောင်က ဝင်လုတယ်။ လုံးထွေးလု နေတုန်း သူဌေးသားက သူ့တုတ်ဓားနဲ့ ငထိုက်ကို ခုတ်သတ် လိုက်တယ်လို့ ဖြောင့်ချက်ပေးပါပြီ။ ဒီကောင်သာ မဖမ်းမိလို့ ရှိရင် ငထိုက်လည်း မရှိဘူး၊ ငထိုက်နှမလည်း မရှိဘူး၊ အစအန သက်သေဘယ်လိုမှ မရှိလို့ ငနီပဲ လက်သယ်ဖြစ်ရမှာပဲ။ အခက် အခဲတွေများလွန်းလို့ မနည်းကို မပေါ်,ပေါ် အောင် စစ်ရတယ်၊´ ပုလိပ်အလုပ်တော့ စိတ်ပျက်လာပြီ”
“ဒါဖြင့် ငနီ ဘယ်တော့လွတ်မလဲ”
“ဟိုကောင့်ဖြောင့်ချက် ကူးပြီးရင် ငနီလွတ်မှာပါပဲ”
“စိတ်မပျက်ပါနဲ့ ကိုကျော်အေးရယ် . . . ပုလိပ်အလုပ် ဟာ ဘယ်လောက်မွန်မြတ်တယ်ဆိုတာ အခု အဖြစ်အပျက်က သက်သေပါပဲ။ တိုင်းပြည်မှာ ပုလိပ်ကို လူမကြည်ညိုဘူး၊ ပုလိပ် ဆိုရင် မဟုတ်တာလုပ်တဲ့လူလို့ လူတိုင်းပဲ နားလည်ကြတယ်။ အဲဒီအထဲမှာ ကိုကျော်အေးက (တရားကို ပုလိပ်စောင့်) တယ် ဆိုတာ အထင်အရှားပြလိုက်ပြီမို့ နတ်တွေတော့ သာဓု ခေါ်နေကြပါပြီ ”
ကျွန်မသည် ထိုင်ရာမှ ဒူးထောက်၍ ကျွန်မခင်ပွန်း၏ ခြေစုံကို အကြိမ်ကြိမ် အနူးအညွတ် ဦးခိုက်လိုက်ပါသည်။ သူက ကျွန်မလက်ကို ဆွဲယူ၍ သူနှင့်အတူထိုင်စေပြီး . . .
“ခင် . . . ခင် မောင့်ကို တကယ်ချစ်တဲ့ ခင်၊ အမိလို မယား၊ နှမလို မယား မောင့်ကို တကယ်ချစ်တဲ့မယား” သူ၏ နှလုံးသည်းပွတ်မှ တစက်စက်ကျနေသည့် သွေး နှင့် သူ့အသည်းတွင် အထက်ပါအတိုင်း ကမ္ဗည်းထိုးလျက် နေသည်။
ကျွန်မမှာ တနင်္လာနေ့၌ ရုံးဆိပ်တွင် အဘွားအို၏ ဘုန်း ကြီး၍ သက်ရှည်ပါစေဟု လှေမထွက်ခင် တတွတ်တွတ် ဆုပေး နေသံကို လုံးစေ့ပတ်စေ့ မကြားနိုင်ဘဲ “အမိလို မယား၊ နှမလို မယား၊ မောင့်ကို တကယ်ချစ်တဲ့မယား” ဟူသော အသံသာ နားတွင် ပြတ်ပြတ်သားသား ကြားနေတော့သည်။
XXX
ဂျာနယ်ကျော်မမလေး
ရှုမငြီးစာအုပ်မှ
ချစ်ခြင်းများစွာဖြင့်
ဝတ္ထုတို ဝတ္ထုရှည်များ &ပြည်သူ့စာကြည့်တိုက်