လူကြမ်းမင်းသားကြီး အံ့ကျော်
လူကြမ်းမင်းသားကြီး အံ့ကျော်သည် သရုပ်ဆောင်ခ
မလိုချင်ပဲ အကယ်ဒမီသာ လိုချင်ကြောင့်
ဒါရိုက်တာကြီးဘဘသုခ ကို ပူဆာလေသည်။
၁၉၈၉ ခုနှစ်ထုတ် “ရုပ်ရှင်သစ္စာမဂ္ဂဇင်း” အတွဲ(၉) အမှတ် (၃) စာအုပ်ဟောင်းလေးကို သိမ်းထားတဲ့ စာအုပ် ထုပ်ထဲမှာ တွေ့လိုက်ရတော့ နှစ်ပေါင်း ၃၄ နှစ်ကြာအောင် သိမ်းထားခဲ့တဲ့ စာအုပ်ကို စာရေးသူတစ်ယောက်အနေနဲ့ များစွာမှ ဝမ်းသာပီတိဖြစ်ရလို့ ချက်ချင်းပဲ ကောက်ယူပြီး စာမျက်နှာတွေ လှန်ကြည့်လိုက်တော့“အံ့ကျော်အသည်း နှလုံးနှင့်ပါ” ခေါင်းစဉ်နဲ့ လူကြမ်းသရုပ်ဆောင် အံ့ကျော် ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ ဆောင်းပါးလေးကို ဖတ်လိုက် ရတော့ အံ့ကျော်မဖြစ်ခင် သရုပ်ဆောင်လူကြမ်း အောင်မင်း ဘဝနဲ့ တွေ့ခဲ့ပုံလေးကို ပြောပြရင်း လူကြမ်းသရုပ်ဆောင် အံ့ကျော်ရဲ့ ဆောင်းပါးလေးကို သူ့မူရင်းလေးအတိုင်း ရေး သားလိုက်ပါရစေ။
“ဘာလုပ်ပေးရမလဲ၊ ဘာကူညီရမလဲ ဆရာအဖေ ကြီး”လို့ သရုပ်ဆောင် အောင်မင်းက မေးလိုက်တော့ ဒါရိုက်တာ (ဦး) မောင်မောင်မြင့်က –
“ဘာမှ ကူညီစရာ မလိုဘူး၊ အလုပ်ပဲပြီးတော့မှာကွ မောင်အောင်မင်းရ”လို့ ပြောလိုက်သံကို ကြားလိုက်ရပါ တယ်။
ဒါရိုက်တာ(ဦး)မောင်မောင်မြင့်ရိုက်ခဲ့တဲ့ “ရင်မှာပျိုး သောပန်း”၊ “မြေသင်းနံ့သာ” ဇာတ်ကားတွေမှာတုန်းက အံ့ကျော်ရဲ့ သရုပ်ဆောင်နာမည်ရင်းက အောင်မင်းပါ။ အောင်မင်းနာမည်နဲ့ လူကြမ်းသရုပ်ဆောင်လုပ်ခဲ့တာ ဇာတ်ကားတော်တော်များများမှာပါ။
ဘယ်ဇာတ်ကား၊ ဘယ်နှခုနှစ်မှာ “အံ့ကျော်” လို့ ပြောင်းလိုက်လဲဆိုတာကိုတော့ စာရေးသူလည်း မမှတ်မိ၊ မသိလိုက်တော့ပါ။
အံ့ကျော်ဆိုတော့လည်း အံ့ကျော်ပဲပေါ့။
တစ်ခုသတိထားမိလိုက်တာကတော့ လူကြမ်းသရုပ် ဆောင်အံ့ကျော်က ဒါရိုက်တာ(ဦး) မောင်မောင်မြင့်ကို “ဆရာအဖေကြီး”လို့ ခေါ်သံကြားလိုက်တာကိုတော့ စာရေးသူ သတိထားမိလိုက်ပါတယ်။
ဆရာနှင့်တွေ့ခဲ့ရသောဇာတ်ကားကတော့“ဘယ်သူပြိုင်လို့ လှပါတော့နိုင်”ဖြစ်သည်။
သည်ဇာတ်ကားစတင်ရိုက်ကူးရန် ဇာတ်ဆောင်ရွေး
စဉ်က ကျွန်တော် လုံးဝမပါရှိခဲ့ပါ။ ကျွန်တော်လည်း စိတ်ကူး
ပင်မထည့်ရဲပါ။ စာမတတ်သူပပျောက်ရေးပညာပေးဇာတ်
ကားဖြစ်သောကြောင့် ဖြစ်သည်။ ထိုးဟယ်၊ ကြိတ်ဟယ်၊
ပစ်ဟယ်၊ ခတ်ဟယ်မှမရှိတာ၊ ဇာတ်နုယဉ်ဖြစ်၏။ ကိုယ့်
ဘဝနှင့်ကိုယ် မေ့မေ့ပျောက်ပျောက်ပဲ နေခဲ့မိပါသည်။
ပထဆရာရွေးချယ်သူကတော့ ဦးမျိုးငြိမ်း(ကွယ် လွန်) ဖြစ်သည်။ ဆရာက ဦးမျိုးငြိမ်းကို ချစ်လည်း ချစ်သည်၊ သနားလည်း သနားသည်၊ သံယောဇဉ်လည်း ကြီးသည်။ ပြီးတော့ ဆရာက ဦးမျိုးငြိမ်းကို အကယ်ဒမီရအောင် ရိုက် ပေးချင်တယ်နဲ့တူပါသည်။ ဒါကြောင့် ဦးမျိုးငြိမ်းကို စတင် ရွေးချယ်ခြင်းဖြစ်ပေမည်။ ကျွန်တော့်အထင် ဖြစ်ပါသည်။ ဦးမျိုးငြိမ်းကို ခေါ်ယူကြည့်လိုက်တော့ သူ့ခမျာ ကံဆိုးချင် တော့ သူ့လက်မောင်းမှာ ဆေးမင်ကြောင်ဖြင့် သတ္တိတို့၊ ဗလ တို့၊ ကြယ်တို့ ထိုးထားသည်နှင့် နောက်ကောက်ကျသွား သည်။
ဒါတောင် ဆရာက အားမလျှော့သေး၊ အကာက အချစ် အနှစ်က မေတ္တာ”မှာ ကောလိပ်ဂျင်နေဝင်းနေရာကို ထည့်သုံးသေးသည်။ ဦးမျိုးငြိမ်း ဒုတိယအကြိမ် ကံဆိုးပြန် သည်။ နေထိုင်မကောင်းလိုက်သည့်အတွက် သူ့နေရာမှာ ကောလိပ်ဂျင်နေဝင်း ဖြစ်သွားသည်။ ကောလိပ်ဂျင်လည်း အကယ်ဒမီရပြန်သည်။ ဦးမျိုးငြိမ်း အကယ်ဒမီကံဇာတာ မပါဘူးဆိုသည့် သဘောပေါ့လေ။ ဦးမျိုးငြိမ်းနောက် ကောက်ကျသွားတော့ ဒုတိယပုဂ္ဂိုလ် လူရွှင်တော် ဦးအေးကို ကိုရွေးချယ်ပြန်ရော။ ဦးအေးကိုလည်း အကြောင်းအမျိုးမျိုး ကြောင့် ပျက်သွားသည်။
(৩)
အဲ. . . ကံကောင်းသူမောင်ရှင်ကတော့ ကျွန်တော် ဖြစ်သွားတယ်လေ။ ကျွန်တော်က တတိယလူပေါ့။ ကျွန်တော့်ကို ဆရာအခေါ်ခိုင်းလိုက်တယ်ဆိုတော့ အရမ်း ဝမ်းသာသွားပါသည်။ ဘာပြုလို့လဲဆိုတော့ အဲဒီအချိန်တုန်း က ဆရာနှင့် ဇာတ်ကောင်းကောင်းများရိုက်လိုက်ရင် အကယ်ဒမီရမှာပဲလို့တွက်ထားတာ။ ထိုးဟယ်၊ ကြိတ်ဟယ် ဇာတ်ကားမဟုတ်ဘဲနဲ့ ဘဝသရုပ်ဖော်ဇာတ်ကားဆိုရင်ပေါ့။ ဆရာနဲ့တွေ့တော့ “မင်းထန်းပင်တက်တတ် သလား” ဟု မေးပါသည်။ ကျွန်တော်က ခေါင်းညိတ်ခဲ့ပါသည်။ ပြီးတော့ ဆရာ
က –
“မင်းပါဝင်သရုပ်ဆောင်ရမှာကတော့ ဒီဝတ္ထုထဲက စာမတတ်သူ ထန်းတက်သမား ချစ်စရာနေရာပဲ။ မင်းလုပ် နိုင်ရင် အကျိုးရှိမှာပဲ” တဲ့။
နောက် “မင်း သရုပ်ဆောင်ခ ဘယ် လောက်ယူသလဲ” မေးလေတော့သည်။
“ဆရာရယ် ကျွန်တော်သရုပ်ဆောင်ခ မလိုပါ ဘူး။ အကယ်ဒမီရအောင်သာ ရိုက်ပေးပါ ဆရာ ရယ်”
ဆရာသည် အားရပါးရ ရယ်ပါတော့ သတည်း။ ပြီးတော့ “မင်း ကြိုးစားပေါ့ကွာ။ ကြိုးစားရင် ဘာမဆို ဖြစ်ရမှာပေါ့” ဟု ပြောပါ သည်။
“ငါအကယ်ဒမီရရမယ်၊ ရကို ရရမယ်၊ ရအောင် ကြိုးစားမယ်ဆိုတဲ့ သံမဏိအဓိဋ္ဌာန် ချခဲ့လို့တစ်ကြောင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုကြောင့် လည်းကောင်း၊ မခံချင်စိတ်ကြောင့်လည်းကောင်း၊ ဆရာ၏ သွန်သင်ပြသမှု၊ သရုပ်ဆောင်မှုအတတ် ပညာကို တစ်သဝေမတိမ်း ကြိုးစားဈာန်ဝင် လုပ် ခဲ့နိုင်၍ ထိုက်ထိုက်တန်တန် တစ်ပြည်လုံးက အားပေးမှုဖြင့် အကယ်ဒမီဆုကို ရရှိခဲ့ခြင်းဖြစ် သည်။
မခံချင်စိတ်ဆိုတာကတော့ လူကြမ်းမင်းသားမှာလည်း ထိုးဟယ်၊ ကြိတ်ဟယ် အများပြည် သူ မုန်းမာန်ပွားစေခဲ့သူမှာလည်း နူးညံ့တဲ့ အသည်းနှလုံး သားရှိပါတယ်ဗျားလို့ပရိသတ်ကို ပြချင်သည့်စိတ်ပါ။ ဆရာ့ကျေးဇူးမေတ္တာ၊ စေတနာ အကျိုးကြောင့်လည်းကောင်း၊ ပရိသတ်ကိုလွမ်းပြ ကာ မျက်ရည်ကျစေခဲ့သော“ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ဇာတ်ကားသည် ကျွန်တော်၏ ရုပ်ရှင်သမိုင်းစဉ်အတွက်မှတ်ကျောက်ဖြစ်ခဲ့ရပါ တော့သည်။
“ဘယ်သူပြိုင်လို့ လှပါတော့နိုင် လှမ်းဆွတ်လှည့်ညိုနွဲ့ကေခိုင် တောင်တော်ပန်းမို့ မွှေးရနံ့ ကြူသင်းကြိုင်. . .
လေးစားစွာ အံ့ကျော်
#မြန်မာ့ဖြူမည်းရုပ်ရှင်
#ရုပ်ရှင်ချစ်သူ
Shwe movies channel ကနေ ကူးယူဖော်ပြသည်။