ကိုယ့်ကိုယ်သာ အားကိုးရာ
တစ်ခါတုန်းက တိုင်းပြည်တွေကိုလိုက်ပြီးကုန်သွယ်တဲ့ ရတနာကုန်သည်ကြီးတစ်ဦးရှိတယ်..သူ့မှာ အရွယ်ရောက်တဲ့ သားတစ်ယောက်လည်းရှိတယ်.. တစ်နေ့ကြတော့ သားဖြစ်သူက ကုန်သည်ကြီးကိုပြောတယ်။အဖေ သား အလုပ် လုပ်တော့မယ်၊ ထိုက်သင့်တဲ့ တဲ့ အမွေ တစ်ချို့ပေးပါ။ကုန်သည်ကြီးက ဘာအမွေလိုချင်လဲသား..အဖေ့လို့မျိုး အောင်မြင်ချင်တယ်၊ အင်း မင်းလိုချင်တာကို အဖေ ပေးလိုက်မယ်၊ဒါပေမယ့် အဲ့အရာကို မပေးခင်မှာ တစ်ပါတ်တိတိ ငါနဲ့အတူတူ အလုပ် လုပ်ရမယ်၊ဟုတ်ကဲ့ ဆိုပြီး သားဖြစ်သူက ခေါင်းငြိမ့်လိုက်တယ်။နောက်နေ့ မနေ့ကြတော့ သားလုပ်သူကိုခေါ်ပြီးခြံ ထဲ ဆင်းတယ်၊ တံမြတ်စည်းကြမ်း နှစ်ချောင်းယူလာပြီးသားလုပ်သူကို ရော့ အမှိုက်တွေ ကုန်အောင်လှဲဆိုပြီးခိုင်းလိုက်တယ်၊ကုန်သည်ကြီးကတော့ သစ်ပင်အောက်မှာထန်းလျက်ခဲ လေးစားလိုက် ရေနွေးလေးသောက်လိုက်နဲ့သားလုပ်သူက သူ့အဖေ ဘယ်တော့ လာကူနိုး လာကူနိုးနဲ့လှဲရင်း လှဲရင်း ပြီးသွားတယ်။ငါ့အဖေ လာတော့ ကူကျူံးမှာပဲဆိုပြီး ကွက်ကြည့် ကွက်ကြည့်လုပ်နေမိတယ်။ကုန်သည်ကြီးက အညှောင်းအညာ ထဆန့်လိုက်ပြန်ထိုင်လိုက်နဲ့ သားလုပ်သူ အမှိုက်တွေပါကျူံးပြီးသွားတယ်။နောက်တစ်ရက်ကြတော့ ဓားနှစ်လက် ယူလာတယ် ပြီးတော့တောထဲခေါ်သွားပြီး သစ်ပင်ကြီးတစ်ပင်ကိုခုတ်ပိုင်းခိုင်းတယ်။ သားလုပ်သူက သစ်ပင်ကြီးကိုခုတ်လိုက်ဓားသွေးနေတဲ့ ကုန်သည်ကြီးကိုကြည့်လိုက်ပေါ့..သားဖြစ်သူ ခဗျာ လက်တွေနာလွန်းလို့ အရည်ကြည်ဖုတွေထလာပြီး ပေါက်ပြဲတဲ့အထိခုတ်နေရရှာတယ်။ ဒါပေမယ့် ကုန်သည်ကြီးက ဓားသွေးမပျက်ဘူး။ ဝုန်းဆို သစ်ပင်ကြီးလဲသွားတယ်..ကုန်သည်ကြီးထလာတယ်။ပြီးတော့ ဟိုအကိုင်းအလက်ပါဖြတ်လိုက်သား..ကျွန်တော်ပင်ပန်းနေပြီးအဖေ လက်တွေလည်းနာကျင်နေပြီ။အဲ့ဆိုလည်း မင်းလိုချင်တာ မယူနဲ့တော့ပေါ့..သားဖြစ်သူလည်း ခုတ်ပါ့မယ်အဖေ အဖေ့ကတိသာတည်ပါစေ..အားလုံးခုတ်ထွင်ရှင်းလင်းပြီးချိန်မှာတော့ကုန်သည်ကြီး ရဲ့သားလက်မှာသွေးတွေကိုရွဲလို့နောက်နေ့မနက်လင်းတော့ အဖေ သား လက်တွေနာကျင်လွန်းလို့ မလုပ်နိုင်တော့ဘူး။ကုန်သည်ကြီးက မင်းကိုဒီနေ့ ဘာမှမခိုင်းဘူး၊ ဒီကနေ ကျောက်တောင်ကို ကျော်ပြီးသွားရင်ဦးမောင်လေး ဆိုတဲ့ ငါ့မိတ်ဆွေရှိတယ်။ သူ့ဆီကိုသွား ငါအပ်ထားတဲ့ အောင်မြင်ရေးလျို့ဝှက်ချက်ပေးပါလို့ပြောပြီးတောင်းခဲ့။ မနက်ဖြန် မင်းအလုပ် စပြီးလုပ်ရမယ်။လုံးဝ အခက်အခဲ တွေနဲ့ရင်ဆိုင်ရချိန်မှာအဲ့ လျို့ဝှက်ချက်အတိုင်းလုပ်ဆောင်ပါသား။ဒီလိုနဲ့ သားဖြစ်သူလာ ကျောက်တောင်တစ်ခုကိုကျော်ပြီးဦးမောင်လေးဆီက အောင်မြင်ရေး လျို့ဝှက်ချက်ဆိုတာကိုယူဆောင်လာတယ်…အိမ်ပြန်ရောက်တော့အဖေ ပြောတာ ဒါလားဆိုပြီး ရွှေနဲ့မျက်နှာဖုံးလုပ်တဲ့ စာအုပ်ကလေးပြလိုက်တယ်။အေးဟုတ်တယ်သား..မင်းလုံးဝ အခက်အခဲတွေနဲ့ တွေ့ဆုံချိန်မှာ စာအုပ်ထဲကအတိုင်း တသွေမတိမ်း လုပ်ဆောင်ပါ…ကဲနားတော့မနက်ဖြန် မင်းရဲ့ ကုန်သွယ်ခြင်းခရီးစဉ်စမယ်။မနက်လင်းတော့ အားလုံးခရီးထွက်ဖို့အဆင်သင့်ဖြစ်နေပြီ။ သွားတော့လေ မင်းဘာလုပ်နေတာအဖေ မလိုက်ဘူးလား..ငါက ဘာလိုက်လုပ်ရမှာလဲ.?မင်း ဒီအရွယ်ရောက်နေပြီပဲ မင်း လုပ်နိုင်သလောက်လုပ်ပါ။
အဲ့လိုနဲ့ ကုန်သည်ကြီးရဲ့သားဟာ ကုန်သွယ်ဖို့ထွက်သွားခဲ့တယ်။ချောင်းတွေဖြတ် လွင်ပြင်တွေဖြတ်ရင်း တောကြီးတစ်တောကိုအရောက် သူ့ကို ခြင်္သေ့တစ်ကောင်ချောင်းနေမှန်းသိလိုက်တယ်။ သိသိချင်းပဲ သူဟာ ပုန်းလို့ကောင်းမယ်နေရာကိုရှာရင်းရုတ်တရက်ပြေးထွက်သွားတယ်။လူတစ်ကိုယ်စာ ဝင်လို့ရတဲ့ ကျောက်တုံးတွေကြားမှာဝင်နေလိုက်တယ်။ခြင်္သေ့ကလည်း မျက်ခြေမပျက်မခံပဲ လိုက်လာတယ်။အဲ့လိုနဲ့ ညရောက်တယ်တယ်။ ခြင်္သေ့ကလည်းဘယ်မှမသွားဘူး သူဝင်ရှေ့တဲ့ရှေ့မှာဝပ်ပြီးစောင့်နေတယ်။သူဟာ ရုတ်တရက် ကုန်သည်ကြီးနဲ့အောင်မြင်ရေး လျို့ဝှက်ချက်စာအုပ်ကိုသတိရသွားတယ်။ပထမဆုံးစာမျက်နှာကို ကြည့်လိုက်တယ်။ကိုယ့် အခက်အခဲ တွေ ဘယ်သူ့ကိုမှ မမျှော်လင့်ပါနဲ့..။ကိုယ်တိုင် ပြီးဆုံးအောင်လုပ်ပါ လို့ရေးထားတယ်။ကောင်လေးဟာ ခဏ ကြောင်သွားတယ်။ သူသိလိုက်ပြီ ကိုယ့်ကိုယ်ကို ကယ်တင်ရန်သာကြိုးစားရတော့မယ်။အဲ့တာနဲ့ သူရှေ့မှာဝပ်နေတဲ့ ခြင်္သေ့ကိုကြည့်လိုက်တယ်။အဲ့ကျောက်တုံးတွေကြားကပဲ ကျောက်တုံးတစ်ခုရဲ့အောက်ခြေကိုကျောက်တုံးအပိုင်းအစတွေ ရိုက်ထည့်တယ်။အဲ့လိုရိုက်ရင်းထည့်ရင်းနဲ့ ကျောက်တုံးကြီးဟာ ခြင်္သေ့ ရဲ့ ကိုယ်ပေါ်ပိကျပြီး ခြင်္သေ့ဟာသေဆုံးသွားတယ်။အဲ့လိုနဲ့ တိုင်းပြည်တစ်ပြည်ကိုရောက်သွားတယ်။သူ့မှာပါတဲ့ ရတနာတွေ ရောင်းတယ်။ သူပြန်ရောင်းလို့ရမယ့် ရတနာတွေပြန်ဝယ်ပြီးသူ့တိုင်းပြည်ကို ပြန်လာခဲ့တယ်။လမ်းတစ်ဝက်မှာပဲ ခရီးပန်းမှုကြောင့် အဖျားဝင်လာတယ် သူဌေးသားဆိုတော့ ဖျားနာမှုကြောင့် အားငယ်စိတ်တွေဝင်လာတယ်။ပြုစုခံခဲ့ရတဲ့ အရာတွေကို မြင်ယောင်ပြီး မျက်ရည်တွေလို့ သူ့အဖေကို တောင်းတနေမိတယ်။ နောက်ဆုံး မခံမရပ်နိုင်ချိန်မှာတော့သူ့အဖေ ပေးတဲ့ စာအုပ်ကိုလှန်ကြည့်လိုက်တယ်။ပထမ စာမျက်နှာမှာ အရင်သူဖတ်ဖူးတဲ့ စာကြောင်းကလွဲပြီး ဘာမှ ရှိမနေခဲ့ဘူး..။နောက်ဆုံးစာမျက်နှာ စာတစ်ကြောင်းရေးထားတာတွေ့သွားတယ်။ ငါ့လိုဖြစ်ချင်ရင် ငါကို အားမကိုးပါနဲ့ မင်း ဟာ မင်း ဘဝ ရဲ့ ကယ်တင်ရှင်ပါ။ စာအုပ် တစ်အုပ်ထဲ က အောင်မြင်ခြင်းဆိုတာလူက ဖန်တီးတာပါ မင်းရဲ့အောင်မြင်ခြင်းကို လွတ်နေတဲ့ စာရွက်တွေမှာ ရေးပါ..တဲ့။ကောင်လေး ဖျားနေတဲ့ကြားက ရယ်မိတယ်။ ပြီးတော့ စာအုပ်ကိုလွှင့်ပစ်လိုက်တယ်။ သူနားလည်သွားပြီ သူ့အဖေ ပေးလိုက်တာ ယုံကြည်မှုနဲ့ ကိုယ့်အား ကိုယ်ကိုးမှုဆိုတာကောင်လေး အသက်အောင့်လိုက် မှုတ်ထုတ်လိုက်လုပ်ရင်း အဖျားကျအောင်လုပ်တယ်။ အာဟာရ ဖြစ်စေမယ် သစ်သီးတွေကိုရှာစားတယ်။ မီးမွှေးပြီး ရေနွေးငွေ့လှုံ့ပြီး ချွေးထွက်တယ်။ သက်သာလာတာနဲ့ သူ့တိုင်းပြည်ကိုအမြန်ပြန်လာတယ်။ အဲ့လိုနဲ့ သူ့အဖေဆီ ပြန်ရောက်လာတယ်။ သား အဆင်ပြေရဲ့လား.? တစ်စုံတစ်ယောက်ရဲ့ အကူအညီကိုမမျှော်လင့်တတ်တော့လို့ အများကြီး အဆင်ပြေပါတယ် အဖေ..။ အေး..မင်း ငါလိုအောင်မြင်ဖို့အတွက် လမ်းစတွေ့နေပြီပဲလို့ပြောပြီး ထွက်ခွာသွားတယ်။ ဘဝဆိုတာ တစ်စုံတစ်ခု ကိုမျော်လင့်ရင်း ကိုယ့်ဘာသာ ပြီးဆုံးအောင်လုပ်ရတာမျိုးပါ။ ကိုယ့်ရဲ့ ယုံကြည်မှုဆိုတာလည်း ကိုယ့်ရဲ့ ကြုံဆုံတွေ့မှုကိုအခြေ ခံပြီးမှဖြစ်တည်လာတာပါ။ သူ့လိုဖြစ်ချင်ရင် ကိုယ့်ကိုယ်ကို အားကိုးပါ။ အတွေးတစ်ခုခုရနိူင်ကြပါစေ..။
Credit – အနော်