ကြံကြံဖန်ဖန် အာဖရိကန် စကားပုံများ
ပျားတစ်ကောင် တုတ်လို့ဆိုပြီး ပျားအုံအားလုံးကို
မဖျက်ဆီးသင့်ဘူး – ကင်ညာစကားပုံ
သားသတ်ရုံ ခမ်းခမ်းနားနားဆီ ခေါ်သွားခံရလို့
ပျော်နေတဲ့ နွားက စွရူးနွားပဲ – ဇမ်ဘီယာစကားပုံ
လင်းယုန်ငှက် အမြင့်ဘယ်လောက်ပျံပျံ၊ အစာရှာဖို့
မြေပြင်ပြန်ဆင်းရမှာပဲ – ဇင်ဘာဘွေစကားပုံ
ခြင်္သေ့ဦးဆောင်တဲ့ သိုးအုပ်က သိုးဦးဆောင်တဲ့
ခြင်္သေ့အုပ်ကို အနိုင်တိုက်နိုင်တယ် – ဂါနာစကားပုံ
စအိုက ပါးစပ်ကို အစာရဲ့အရသာအကြောင်း
မသင်ပြနိုင်ဘူး – တောင်အာဖရိကစကားပုံ
မိန်းမလှလှ ယူထားတဲ့သူနဲ့ လမ်းဘေးမှာ
ပြောင်းစိုက်တဲ့ လယ်သမားတို့ ရင်ဆိုင်ရတဲ့
ပြဿနာ အတူတူပဲ – အီသီယိုးပီးယားစကားပုံ
လူပုဆိုပြီး ကလေး မဟုတ်ဘူး – နိုင်ဂျီးရီးယားစကားပုံ
မင်း ဒေါသနဲ့ ဘယ်လောက်ပူလောင်နေပါစေ
ကန်စွန်းဥတော့ ပြုတ်လို့ မရဘူး – နိုင်ဂျီးရီးယားစကားပုံ
လဥပေါ်က ယင်ကောင်ကို သတ်ဖို့
တော်တော်တော့ သတိ ထားရတယ် – ဂါနာစကားပုံ
ဓားကို လည်ချောင်းထဲ ဝင်ခွင့်ပေးရင် စအိုကနေ
ဘယ်လို ပြန်ထုတ်ပေးမလဲလို့ စဉ်းစားရတော့မယ် – တောင်အာဖရိကစကားပုံ
ဆိတ်က မျက်နှာရှုံ့ထားတာနဲ့ပဲ ဈေးထဲ
ခေါ်သွားတာကို မဟန့်တားနိုင်ဘူး- နိုင်ဂျီးရီးယားစကားပုံ
အရိုးခြောက်အကြောင်း စကားပုံထဲ ပါလာရင်
အဖွားအိုတွေ စိတ်မသက်မသာ ဖြစ်တတ်တယ် – ဂါနာစကားပုံ
ဖယောင်းကို အရည်ပျော်စေတဲ့ နေကပဲ
ရွှံ့စိုင်ကို မာကျောစေတယ် – နိုင်ဂျာစကားပုံ
ဘယ်သွားမယ်ဆိုတာ မသိရင် လမ်းဘယ်လိုရွေးရွေး အတူတူပဲ – ယူဂန်ဒါစကားပုံ
သားဖွားဆောင်ထဲမှာ အပျိုမရှိဘူး – ကင်မရွန်းစကားပုံ
လူကျနေတဲ့ ဈေးထဲ ခဲနဲ့ ပေါက်တဲ့ စွရူးက
သူ့အမေလည်း ထိနိုင်တယ်ဆိုတာ မေ့နေတယ် – ယူဂန်ဒါစကားပုံ
ကလေးက အမေ့ရင်သားကို ဆော့လို့ရပေမယ့်
အဖေ့လဥကိုတော့ ဆော့လို့ မရဘူး – ဂီနီစကားပုံ
စအိုယားပြီး အိပ်ရင် လက်ချောင်းတွေ အနံ့ဆိုးနဲ့
အိပ်ရာနိုးလာလိမ့်မယ် – နိုင်ဂျီးရီးယားစကားပုံ
Funny African Proverbs
When a man is stung by a bee, he does not destroy all beehives- Kenya Proverb
It is only a stupid cow that rejoices at the prospect of being taken to a beautiful abattoir – Zambian Proverb
No matter how far an eagle flies up the sky, it will definitely come down to look for food – Zimbabwe Proverb
An army of sheep led by a lion can defeat an army of lions led by a sheep. – Ghanaian proverb
The anus doesn’t teach the mouth the sweetness of food – South-African Proverb
The man who marries a beautiful woman, and the farmer who grows corn by the roadside have the same problem- Ethiopian Proverb
A short man is not a boy- Nigerian Proverb
No matter how hot your anger is, it cannot cook yams- Nigerian Proverb
It requires a lot of carefulness to kill the fly that perches on the scrotum- Ghanaian Proverb
If the throat can grant passage to a knife, the anus should wonder how to expel it -South-African Proverb
The frown on the face of the goat will not stop it from being taken to the market – Nigerian Proverb
An old lady feels uneasy when dry bones are mentioned in a proverb – Ghanaian Proverb
The same sun that melts the wax, hardens the clay – Nigerien Proverb
If you don’t know where you are going, any road will take you there – Ugandan Proverb
There is no virgin in a maternity ward- Cameroonian Proverb
The madman, who throws a stone into a crowded market, forgets that his own mother could be hit by his madness. – Ugandan Proverb
A child can play with its mother’s breasts, but not its father’s testicles – Guinean Proverb
He who goes to sleep with an itching anus wakes up with smelly fingers – Nigerian Proverb
#NyiNaung
ဖီလင် – ဘာသာပြန်ချင်သလို ပြန်သည် 🤭