မိတ်ဆွေစစ်ဆိုတာ
၁၉၉၃ ပေါင်ချင်းထျန်းက တော်တော်အောင်မြင်ခဲ့ပေမဲ့ နောက်ကွယ်မှာတော်တော်လေး ဂယက်ထခဲ့တယ်လို့ပြောလို့ရတယ်။
၁၉၉၃ version က နာမည်အရမ်းကြီးသွားတော့ တရုတ်နိုင်ငံရဲ့ နာမည်ကြီးရုပ်မြင်သံကြား ထုတ်လုပ်ရေးတစ်ခုက ဟော်ကျားကျင့်ကို သူတို့ရိုက်မယ့်The Seven Heroes and Five Righteousnessပေါင်ချိန်ဇာတ်လမ်းတွဲမှာ ကျန်ကျောင်းနေရာကထပ်မံပါဝင်ပေးဖို့ပြောလာတယ်။ သူတို့ဟော်ကျားကျင့်ကိုပေးတဲ့ ငွေပမာဏကလဲ လူတစ်ယောက်ရဲ့ ဘဝကိုပြောင်းလဲသွားစေနိုင်တဲ့ အထိများပြားတဲ့ငွေပမာဏလို့ အဲဒီတုန်းက မီဒီယာတွေကရေးကြတယ်။ ဒါပေမဲ့ရိုက်ကူးရေးမစခင် မှာပဲပေါင်ချိန်နေရာမှာ ကျင်းချောင်းချွင်မဟုတ်ပဲ တခြားသူကိုအစားထိုးမယ်ဆိုတဲ့အကြောင်း ကို ဟော်ကျားကျင့်ရော ကျင်းချောင်းချွင်ပါသိလိုက်ရတယ်။ချက်ချင်းပဲဟော်ကျားကျင့်က သူလက်ခံထားတဲ့အနုပညာကြေးအားလုံးကို ထုတ်လုပ်ရေးကိုပြန်ပေးလိုက်ပြီး ပေါင်ချိန်နေရာမှာကျင်းချောင်းချွင်မဟုတ်ရင် သူလဲကျန်ကျောင်းနေရာက ဆက်မရိုက်နိုင်ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ TVBရုပ်သံလိုင်းက ကျင်းချောင်းချွင် ဟော်ကျားကျင့်နဲ့ဖန့်ဟုန်ရွှယ်တို့ကို စာချုပ်ချုပ်လိုကြောင်းရှိနေတာမို့ သူတို့သုံးယောက်က TVBနဲ့ထပ်ပြီးစာချုပ်ချုပ်ခဲ့တယ်။ဒါပေမဲ့ ဒီတစ်ခါမှာလဲ ဇာတ်ကားရိုက်ကူးနေတုန်း TVBဟာ ကျင်းချောင်းချွင်ကို အနုပညာကြေးမပေးပဲ ထားတာကို ဟော်ကျားကျင့်ကထပ်ပြီးသိသွားခဲ့တဲ့အခါ ကျင်းချောင်းချွင်ဘက်ကနေထပ်မံပြီးရပ်တည်ပေးခဲ့တယ်။ ရလာဒ်အနေနဲ့ကတော့ ဟော်ကျားကျင့်သရုပ် ဆောင်ထားတဲ့ အပိုင်း တွေအားလုံးဖျက်ချခံလိုက်ရတာပါပဲ။ ထိုင်ဝမ်က နေဟောင်ကောင်အထိ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ တွေအပေါ်စိတ်ပျက်စရာ တွေနဲ့ကြုံခဲ့ရတဲ့သူက ကျန်ကျောင်းနေရာမှာသရုပ်မဆောင်လိုတော့ကြောင်း ပြောပြီး ကျန်ကျောင်းနေရာကနှုတ်ထွက်ခဲ့ပါတယ်။
လတ်တလောတုန်းက အနုပညာလောကကနေဘာလို့အစောကြီးအနားယူသွားတာလဲဆိုတဲ့ ပရိတ်သတ်တစ်ယောက်ရဲ့မေးခွန်းကို ဟော်ကျားကျင့်က အနုပညာလောကဆိုတာအမြင်လှပေမဲ့ သိပ်ရုပ်ဆိုးတယ်။ ဒီလောကမှာ မင်းအောင်မြင်မှုရဖို့အတွက် အချိန်တွေနှစ်တွေအများကြီးစတေးချင်စတေးရမယ်။ဒါပေမဲ့မင်းနာမည်ဆိုးထွက်ဖို့ မင်းဒီလောကကနေပျောက်ကွယ်ဖို့ကတော့ တစ်ရက်တစ်မနက်နဲ့လဲဖြစ်သွားနိုင်တယ် လို့ဖြေခဲ့တယ်။
သစ္စာတရားအတွက် အသက်မွေးဝမ်း ကြောင်းကိုစတေးခဲ့တဲ့သူဟာတရုတ်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံထုတ်လုပ်ရေးကုမ္မဏီနှစ်ခုနဲ့ပြသနာဖြစ်ခဲ့တဲ့အတွက် ပွဲစားကုမ္မဏီတွေအားလုံးရဲ့တိုက်ခိုက်ခြင်းကိုခံရပြီး အနုပညာလောကထဲမှာရပ်တည်ဖို့လဲခက်ခဲသွားတဲ့အထိဖြစ်ခဲ့ရပါတယ်။(တက်လမ်းတွေအများကြီးရှိနေတာ နှမြောစရာ)အဲဒီနောက်ပိုင်းတော့သူက ဇာတ်လမ်းတွဲရိုက်ကူးမှုတွေကိုရပ်လိုက်ပြီး red wolf, red zoneစတဲ့ action moviesတွေမှာ သရုပ်ဆောင်တာတွေ့ရတယ်။ 1997 master ma 1998 bodyguard ဇာတ်လမ်းတွေကျမှ ဇာတ်လမ်းတွဲတွေမှာသူ့ကိုပြန်မြင်ရတာ။
ဒီနေရာမှာစကားစပ်မိလို့ပြောရရင် ဟော်ကျားကျင့် မြန်မာနိုင်ငံကိုတိတ်တဆိတ်လာခဲ့တာ အဲဒီအချိန်ကာလအပိုင်းအခြားတုန်းကဖြစ်လိမ့်မယ်ထင်တယ်။ နာမည်ကြီးကျော်ကြားမှုထက်လွတ်လပ်မှုကိုပိုမြတ်နိုးတဲ့သူက အဲဒီတုန်းကလဲမိတ်ဆွေတွေနဲ့ တိတ်တဆိတ်လာခဲ့တာမို့ ရင်းနှီးသူတွေကလွဲပြီး သိပ်မသိလိုက်ကြဘူး။ အဲဒီတုန်းက မြန်မာနိုင်ငံက ဟော်ကျားကျင့်ရဲ့ မိတ် ဆွေနဲ့ အိမ်နီးနားချင်းမို့ ဟော်ကျားကျင့်ကိုမျက်မြင်တွေ့လိုက်ရတဲ့အမကြီးတစ်ယောက်ကပြောပြတာကတော့ လေဆိပ်ကိုတောင် အဲဒီမိတ်ဆွေကပဲတိတ်တဆိတ်နဲ့သွားကြိုပေးခဲ့ရတာတဲ့။
အရမ်းသဘောကောင်းပြီး အဲ့အမသိချင်တာမှန်သမျှဖြေသွားခဲ့တယ်တဲ့ ပြန်ကာနီးစာကြိုးစားနော်ဆိုပြီး ခေါင်းလေးပုတ်သွားလို့ အမခမျာ ဝမ်းသာလုံးတွေဆို့ပြီးအိပ်လို့တောင်မရဘူးတဲ့လေ။(ဂမုန်းပွင့်ကုန်တိုက်မဖြစ်ခင် ရှန်ဟိုင်းကုန်တိုက်နာမည်နဲ့ ဖွင့်တုန်းက ဟော်ကျားကျင့်လဲရှယ်ယာပါခဲ့ကြောင်း အဲဒီအမကပဲ ထပ်ပြောပြပါသေးတယ်)
Edit
ကိုယ်ကတော့ တစ်နှစ်နီးပါး နေ့ညမအိပ်ရတဲ့အပြင်ရိုက်ကွင်းမှာလက်ကျိုးတဲ့အထိ ဖြစ်ပြီး ကျိုးနေတဲ့လက်က နာကျင်မှုဒဏ်နဲ့ စတန့်ခန်းတွေအားလုံးလူစားမထိုးပဲ ရိုက်ခဲ့တဲ့ ဟော်ကျားကျင့်ရဲ့ နောက်ဆုံးရလာဒ်က မတန်လိုက်တာလို့ပဲတွေးမိတယ်
Creditမိတ်ဆွ