Novel

#ကျွန်မချစ်သော ယောက်ျားများ

ဂျူး

 

ခေတ်ကလေးတွေဟာ ကွင်းတွေကို တော်တော် ကြိုက်ကြတာ … ဟု ကျွန်မ တွေးခဲ့မိသည်။ ကွင်းကလေးတွေကို ရွှေ့ပြောင်း ချိတ်၍ တပ်နိုင်သော ကျောပိုးအိတ်ကို သားလိုချင်တုန်းက အထက်ပါ စကားအတိုင်း ကျွန်မ ညည်းညူမိသော်လည်း သားအတွက် ဝယ်ပေးခဲ့ပါသည်။ စတီးလ် ကွင်းကလေးများ ချိတ်ဆက်တွဲထားသော Hand chain ကို သားလိုချင်တုန်းကလည်း သားကို ချစ်ခင်မြတ်နိုးစွာ မျက်စောင်းထိုး ပြုံးရယ်လျက် ဝယ်ပေးခဲ့သည်။ ပခုံးနှင့်အိတ်တွေမှာ ကွင်းကလေးတွေ တပ်ထားသော ဂျာကင်အင်္ကျီ ခပ်ဆန်းဆန်းကိုမှ သားက ကြိုက်သည် ဆိုပြန်တော့လည်း အောင့်သက်သက်ဖြင့် သားအတွက် ဝယ်ပေးခဲ့ပါသည်။

 

သို့သော် သားက နားပေါက်ဖောက်ပြီး နားကွင်း တပ်ချင်သည်ဟု အရေးဆိုလာသောအခါမှာတော့ ကျွန်မ အသက်ရှူဖို့ မေ့လျော့သွားလောက်အောင်ပင် လန့်ဖျပ်သွားမိပါတော့သည်။

 

“ ကြံကြီးစည်ရာ သားရယ်၊ နားဖောက်တယ်ဆိုတာ မိန်းမတွေ အလုပ်ပါ”

 

ကျွန်မ ရင်သပ်ရှုမော ပြောမိတော့ သားက အနည်းငယ်မှုန်တေတေ မျက်နှာပေးဖြင့် ကျွန်မပခုံးကို သူ့လက်သီးဖြင့် ခပ်ဖွဖွထိုးလေသည်။

 

“ဟိုရှေးခေတ်က ယောက်ျားတွေလည်း နားပေါက်တွေနဲ့ပဲ မဟုတ်လား မေမေ”

 

ကပ်သီးကပ်သပ်ပြောသော သား၏ဆင်ခြေစကားကြောင့် ကျွန်မမှာ မြဝတီမင်းကြီးဦးစကိုပဲ ပြန်မြင်ယောင်ကြည့်ရမလိုလို၊ သီပေါမင်းကိုပဲ ပြန်မြင်ယောင်ကြည့်ရမလိုလို ဖြစ်သွားရသည်။

 

“သား မိန်းမရှာလေးဖြစ်မလာအောင် ဒီအသက် ဒီအရွယ်အထိ စောင့်ကြည့်ထိန်းသိမ်းလာခဲ့တာ အခုမှပဲ သားက မိန်းမရှာ လုပ်တော့မလို့လား”

 

ဟု ကျွန်မ စိတ်ညစ်ညူးစွာ ရေရွတ်မိတော့ သားမျက်နှာ ရဲခနဲ နီသွား၏။

 

“မေမေ.. နားကွင်းဝတ်တာ မိန်းမရှာတွေ မဟုတ်ပါဘူး မေမေရဲ့၊ ယောက်ျားရင့်မကြီးတွေ၊ ကိုယ်ခန္ဓာရော စိတ်ဓာတ်ရော ကြမ်းသလား မမေးနဲ့”

 

“ဒါဖြင့် ဘယ်လိုလူမျိုးတွေလဲ သား”

 

သားက သူ့ကို တရားခံစစ် စစ်သည်ထင်ကာ တစ်ခွန်းမှ မဖြေတော့ပါ။

 

“အဆိုတော်တွေလား၊ ရုပ်ရှင်မင်းသားတွေလား”

 

သား ခဏခဏ ပြောဖူးသော အေရိုးစမစ်တို့ ဗယ်နလာ အိုက်စ်တို့တွေက နားကွင်းတွေများ တပ်ထားကြလို့လား။ အသက် ၃ရ နှစ်အရွယ် မိခင်နှင့် ၁ရ နှစ်အရွယ် သား၏အကြားက မျိုးဆက်ကွာဟမှုသည် သည်လောက်တောင် ကြီးမားနေခဲ့လိမ့်မည်ဟု ကျွန်မ မမျှော်လင့်ခဲ့မိပါ။ ကရာတေးမင်းသား စတီဗင်ဆေးဂဲလ်၏ ဆံပင်ပုံစံအတိုင်း ဆံပင်ခပ်ရှည်ရှည်ကို နောက်ဘက်မှ စုချည်ထားသည့်ပုံစံ ခေတ်စားခဲ့တုန်းကပင် ကျွန်မ ကလေးတွေအပေါ် နားလည်ခံစား၍ ရပါသေးသည်။ ယခုကိစ္စမှာတော့ လွန်လွန်းသည်ဟု ကျွန်မထင်၏။

 

“နားကွင်းကြီး ဝတ်လိုက်ရတော့ သားမှာ ဘာတွေများ ထူးခြား ပြောင်မြောက်လာမှာမို့လဲ သားရဲ့ ၊ ပိုလှလာမယ် ထင်လို့လား”

 

“မေမေကရော သား နားကွင်းဝတ်ရင် မေမေ့မှာ ဘာတွေများ ထိခိုက်နစ်နာလာစရာ အကြောင်းရှိလို့လဲ”

 

“အမလေးတော် ရှိပါသကော၊ တခြားကလေးတွေ မလုပ်တဲ့ ထူးထူးဆန်းဆန်း ခပ်ကြောင်ကြောင်အလုပ်ကို သားက လုပ်တယ်။ မေမေ့ကို လူတွေက ဘာပြောကြမလဲ။ ကိုယ့်သားကိုတောင် ကိုယ် မထိန်းချုပ်နိုင်တဲ့ မအေဖြစ်သွားမှာပေါ့။ ကလေကချေလိုလို၊ လမ်းသူရဲလိုလို ခေတ်ကို အရွဲ့တိုက်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကို မေမေ ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ သားရယ်၊ ရှက်စရာကြီး”

 

ကျွန်မက လေသံပျော့ပျော့လေးဖြင့် ချော့မော့ရန် ကြိုးစားဆဲ သားက ဗြုန်းခနဲ ထိုင်ရာမှ ထသွား၏။

 

“နားကွင်းဝတ်တာ ရှက်စရာမဟုတ်ပါဘူး မေမေ”

 

“ဒါပေမယ့် မေမေရှက်တယ်သား”

 

သားက ခပ်လှမ်းလှမ်းရောက်သွားပြီးမှ မကျေမချမ်း လှည့်ကြည့်သည်။

 

“ဘာပဲဖြစ်ဖြစ် သားကတော့ ဝတ်မှာပဲ၊ ဒါ သူများပစ္စည်း ခိုးတာလည်းမဟုတ်ဘူး မေမေ၊ သူများကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး။ သားမှာ ဒီလောက်တော့ လွတ်လပ်ခွင့်ရှိတယ်”

 

ဘုရားရေ၊ ကျွန်မ ဒေါသတကြီး သားကို ကြည့်မိတော့သည်။

 

“ဝတ်ရဲရင် ဝတ်ကြည့်။ ဝတ်လာတာနဲ့ တစ်ပြိုင်တည်း သား မေမေ့ဒေါသကို သိသွားစေရမယ်”

 

သားက တံခါးကို အသံမြည်အောင် ပိတ်ပစ်ခဲ့ပြီး ထွက်ခွာသွားသောအခါ ကျွန်မသည် ခြေဖျားလက်ဖျားတွေ အေးစက်လျက် ရင်တလှပ်လှပ် တုန်ရီစွာ ကျန်ရစ်ခဲ့ရသည်။

 

တစ်ညနေခင်းလုံး ကျွန်မ ဒေါသနှင့် စိုးရိမ်သောက ပူးပေါင်းခံစားလျက် စိတ်ထဲမှာ တင်းကျပ်နေခဲ့သည်။ ပြန်လာလျှင် သားကို နားကွင်းကြီးတန်းလန်းနှင့် မြင်လိုက်ရလေမလား။ သူ့အဖေ မြင်သွားလျှင် ဘယ်လောက် ဒေါသကြီးလိုက်လေမလဲ၊ မင်းအုပ်ထိန်းမှု ညံ့လို့ သား အခုလိုဖြစ်ရတာဟု ကျွန်မအပေါ်မှာများ ပြစ်တင် ဆူပူလေမလား။ သူ့အဖေ အပြင်မှ ပြန်လာတော့လည်း သားအကြောင်း ဖွင့်ပြောထားလိုက်ရ ကောင်းမလား၊ သို့မဟုတ် သား၏နားကွင်းကို မြင်မှ သူတို့သားအဖအချင်းချင်း စာရင်းရှင်းစေသည်က ပိုကောင်းမလား၊ အတွေးများဖြင့် ချီတုံချတုံ ဖြစ်နေတော့သည်။

 

သူကဖြင့် ကျွန်မ၏ စိုးရိမ်သောကကို ရိပ်စားမိဖို့ ဝေးစွ။ သူ့ကြက်တူရွေး လှောင်အိမ်တစ်ခုအနီးမှာ အလုပ်ရှုပ်လျက် ရှိသည်။

 

‘‘မိရေ ဒီမှာ ရေခွက်ကြီးလည်း မှောက်လို့၊ အတောင်တွေလည်း စိုရွဲလို့။ ဒီလှောင်အိမ်ကို ဘယ်သူကိုင်သေးလဲ။ သားများ အစာကျွေးဖို့ ကိုင်မိသေးလား မသိဘူး”

 

စိုစွတ်နေသော ငှက်အတောင်ပံများကို လက်ဖြင့်ပွတ်သပ်ရင်း မောင်က ကျွန်မဆီ လှည့်မကြည့်ဘဲ မေး၏။

 

“အိုး.…. မောင့်သားလား၊ ကြက်တူရွေးကို အစာကျွေးဖို့ သတိတောင်ရမှာ မဟုတ်ဘူး။ သူ့ပြဿနာနဲ့သူ”

 

မောင်က ဖြတ်ခနဲ လှည့်ကြည့်သည်။ မောင့်မျက်ဝန်းမှာ ဖခင်တစ်ယောက်၏ စိုးရိမ်သောကကို ကျွန်မ မြင်ရ၏။

 

“ပြဿနာ ဟုတ်လား၊ ဘာပြဿနာလဲ။ သား ဘာဖြစ်လို့လဲ”

 

ထိုအချိန်သည် သား၏နားကွင်းကိစ္စကို မောင့်အား ဖွင့်ပြောရန် အသင့်တော်ဆုံးအချိန်ဟု ကျွန်မယူဆသည့်အတွက် ကျွန်မ ပြောပြလိုက်ပါသည်။

 

ကျွန်မ ကြိုတင်စိုးရိမ်ထားသလို မောင်သည် ဒေါသထွက်မသွားပါ။ အနည်းငယ် အံ့သြဟန်မျက်နှာကို ချက်ချင်း ပြင်လျက် ခပ်တွေတွေ စဉ်းစားရင်း ပြုံးပင်ပြုံးနေသေး၏။ ထို့နောက် သူ၏ငှက်လှောင်အိမ်များနှင့် သူအလုပ်ရှုပ်နေပြန်သည်။

 

သားပြန်လာသောအခါ သား၏နားကို အလျင်ဆုံး ကျွန်မ လှမ်းကြည့်မိ၏။ အောင့်ထားသော အသက်ကို လွှတ်၍ အားရပါးရ အသက်ရှူမိလောက်အောင် စိတ်ပေါ့ပါးသွား၏။ ကျွန်မ စိုးရိမ်သလို သား၏နားတွင် နားကွင်းတန်းလန်း ရှိမနေပါ။

 

ကျွန်မက ဤကိစ္စကို ဘယ်တုန်းကမှ မဆွေးနွေးခဲ့ဖူးသလိုပင် မေ့ပျောက်ထားချင်၏။ သို့သော် မောင်က ဤကိစ္စကို အစဖော်လိုက်လေသည်။

 

“သားက နားကွင်းဝတ်ချင်တယ်လို့ မင်းမေမေက ပြောတယ်၊ ဟုတ်သလား သား”

 

သားက မှုန်တေတေမျက်နှာထားဖြင့် မျက်လွှာချထားလျက်က ဟုတ်ကဲ့ဟု မပွင့်တပွင့် ရေရွတ်သည်။

 

“ဘာဖြစ်လို့ ဝတ်ချင်တာလဲ”

 

မောင့်အသံက ခပ်တည်တည်မို့ ကျွန်မသည် သားအတွက် စိုးရိမ်သွားမိကာ ပြောလိုက်မိတာ မှားလေခြင်းဟု နောင်တရမိသည်။ သားကတော့ ကျွန်မထင်သလို ထစ်အ တွန့်ဆုတ်ခြင်းမရှိဘဲ ခပ်ပေါ့ပေါ့ လေသံဖြင့်ပင် အဖြေပေး၏။

 

“ဖက်ရှင်သဘောမျိုးပါပဲ ဖေဖေ၊ ဆံပင်ပုံစံတစ်ခု ထွင်သလို ဒီဇိုင်းအသစ်နဲ့ အင်္ကျီတစ်ထည်ကို သဘောကျမိသလိုမျိုးပါပဲ”

 

မောင်က မျက်မှောင်ကြုတ်လိုက်၏

 

“မင်း ဒါကို တစ်သက်လုံး ဝတ်သွားပါမယ်လို့ ကတိပေးမလား”

 

သားသည် သူ့အဖေကို ဆတ်ခနဲ မော့ကြည့်ကာ တွန့်ဆုတ်သွားလေသည်။

 

“အဲဒါတော့……. အဲဒါတော့ ဘယ်ပြောနိုင်မလဲ၊ တကယ်လို့… ”

 

သား စကားမဆုံးသေးမီ မောင်က ပခုံးတွန့်၍ ပြုံးသည်။

 

“ဖက်ရှင်ဆိုတာ ခဏပါပဲ၊ မင်း ဘယ် တစ်သက်လုံး ဝတ်နိုင်မလဲ။ ဒါနဲ့ အခုထိတော့ မင်းဝတ်ချင်နေတုန်းပဲပေါ့”

 

“ဟုတ်တယ် ဖေဖေ”

 

“နားကွင်းကြီးနဲ့ မင်းကိုယ်မင်း မရှက်ဘူးဆိုတာ သေချာရဲ့လားကွ”

 

“ယောက်ျားစိတ်ဆိုတာ အခက်သား မိရဲ့၊ ကိုယ့်ဘက်က တရားတယ်လို့ ထင်တဲ့ကိစ္စမျိုးကို သူများ ဘယ်လောက်တားတား လုပ်ပစ်လိုက်ရမှ။ ပြီးမှ မှားသွားရင် တိတ်တိတ်ကြိတ်ခံတတ်တာမျိုး”

 

“ဥပမာ မောင် ငှက်မွေးသလိုပေါ့၊ ဟုတ်လား မောင်”

 

ကျွန်မ မျက်စောင်းထိုးတော့ မောင်က အသာပြုံး၍ တိတ်ဆိတ်နေလေသည်။

 

* * *

 

“ဇောတိတက္ကဗေဒင်ကျမ်းမှာ ဆိုထားတယ် မိရဲ့၊ မိမိ၏အိမ်၌ စင်စစ် ကောင်းကျိုးမင်္ဂလာ ဖြစ်စိမ့်သောငှာ ခိုကိုလည်းကောင်း၊ ထို့အတူ ဥဒေါင်းကိုလည်းကောင်း၊ ကျေးကိုလည်းကောင်း၊ သာရကာကိုလည်းကောင်း မပြတ်မွေးမြူရာ၏တဲ့”

 

ထိုစကားကို ထပ်ခါထပ်ခါ ရေရွတ်လျက်က မောင်သည် ကျွန်မတို့အိမ်သို့ ငှက်မျိုးပေါင်းစုံလင်စွာ သယ်ယူလာခဲ့သည်။ ပထမတော့ ကြက်တူရွေးတစ်ကောင်၊ နှစ်ကောင်။ ထို့နောက်တော့ လှပလွန်းလို့ဟူသော အကြောင်းပြချက်ဖြင့် ဒေါင်းကြီးတစ်ကောင်။ ထို့နောက် စကားတတ်လို့ဟူသော အကြောင်းပြချက်ဖြင့် သာလိကာ။ ထို့နောက် ရစ်ကြီးနှစ်ကောင်။ ဤသို့ဖြင့် ကျွန်မတို့အိမ်သည် ငှက်ပေါင်းစုံ ပျော်မြူးရာ ဥယျာဉ်ကြီးတစ်ခုဘဝသို့ ပြောင်းလဲသွားတော့ သည်။

 

ရှိစုမဲ့စု ခြံဝန်းကျဉ်းကျဉ်းကလေးမှာ ဤငှက်များအား ဘယ်လိုနေရာချထားမည်လဲဟု မောင် မတွေးခဲ့။ သူလိုချင်ပြီဆိုလျှင် ဇွတ်ဝယ်လာတော့သည်။ လှောင်ချိုင့် အသေးအကြီး၊ ချိတ်လိုချိတ်၊ အိမ်ခန်းထဲ တွဲလွဲ ချိတ်လိုချိတ်။

တခါတခါ ငှက်ချေးတွေက မြင်မကောင်း ရှုမကောင်း။ ငှက်ကိုချစ်သော မောင်သည် ငှက်ချေးကိုတော့ ရွံရှာတတ်ချေသည်။

 

“မိရေ… မင်းငှက်တွေကို လုပ်စမ်းပါဦးကွ”

 

ထိုအချိန်မှာတော့ ငှက်တွေအားလုံး သူ့ငှက် မဟုတ်တော့၊ ကျွန်မငှက်တွေ ဖြစ်သွားသည်။ လှောင်ချိုင့်အောက်မှာ ဖြန့်ခံထားသော စကောဝိုင်းတွေကို သုံးလေးရက်တစ်ခါ ဖြုတ်လျက် ချေးညှော် အမှိုက်သန့်စင်ပေးရသူက ကျွန်မသာဖြစ်သည်။ ဧည့်သည်တွေ လာချိန်၌ ဂုဏ်ယူဝင့်ကြွားစွာ ပြသပြောဆိုနေလျှင်တော့ ငှက်အားလုံးသည် သူ့ငှက်တွေချည်း ဖြစ်သွားပြန်၏။

 

“ရွှေခဲလေးရေ ခဏစောင့်ပါဦးလို့ ပြောလိုက်စမ်း၊ ပြောပြလိုက်စမ်း”

 

ကြက်တူရွေးကလေး၏ မပီတပီ အသံများကို နားထောင်ကာ သူ တဟားဟား ရယ်မော သဘောကျနေတတ်သည်။

 

“ဟောဒါက ကြက်တောလို့ ခေါ်တယ် မိရဲ့၊ သူ့ကို ကိုယ် သုံးရာ့ငါးဆယ်နဲ ရလို့ ဝယ်လာတာ။ ကြည့်စမ်းပါဦး၊ သူ့နှုတ်သီးကြီး မလှဘူးလား”

 

ကျွန်မဖြင့် ကောက်ချိတ်ချိတ် နှုတ်သီးကို နည်းနည်းမျှ လှသည်ဟု မထင်မိပါ။ စိမ်းပြာပြာ အသွေးရှိသော ကြက်တူရွေးသေးသေးကလေးများကိုတော့ ကျွန်မသဘောကျသည်။ ကျေးကျုတ်ဟု ခေါ်သည် ထင်ပါရဲ့။ ကျွန်မ ကောင်းကောင်း အမျိုးအစား မခွဲတတ်ပါ။ ကျွန်မသိသည်က ငှက်အားလုံးသည် အစားအစာကို စည်းမရှိ ကမ်းမရှိ ထိုးဆိတ်ကာ ပေပွနေအောင် စားတတ်သည်။ ရေခွက်နှုတ်ခမ်းကို နှုတ်သီးဖြင့် မထိထိအောင် ချိန်လျက် ထိုးဆိတ် မှောက်လှဲပစ်တတ်သည်။ အစာကျွေးရန် လှောင်အိမ်သံချောင်းကလေးတွေအကြား လက်ထည့်လိုက်လျှင် သူတို့က အလျင်ဦးအောင် လက်ကို ဆိတ်ဆွတတ်သည်။

 

ကျွန်မနှင့်ငှက်တွေ ဘယ်တော့မျှ မတည့်ပါ။ မောင်ကတော့ နံနက် ရုံးမသွားမီ တစ်ခါ၊ ရုံးဆင်းအပြန် တစ်ခါ အစာကျွေးလေ့ရှိသူဖြစ်၍လားမသိ၊ ကြင်နာနူးညံ့စွာလည်း ကိုင်တွယ်တတ်၍လားမသိ မောင့်ကို ငှက်တွေက ချစ်ကြသည်။ လှောင်ချိုင့်ကိုဖွင့်၍ မောင့်လက်ဖမိုးကို တံခါးပေါက်အဝကလေးမှာ ထားလိုက်လျှင် လက်ဖမိုးပေါ် ခုန်တက်တတ်သည်။ ကိုကြက်တောကတော့ မောင့်ပခုံးပေါ်မှာနား၍ မောင်နှင့်အတူ အိမ်ထဲမှာ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ပါသွားတတ်သေး။

 

မောင့်လို ငှက်တိရစ္ဆာန်ဝါသနာရှင်များ အိမ်သို့ရောက်လာလျှင်တော့ ကျွန်မတို့အိမ်သည် ငြင်းခုန်သံ ရယ်မောသံတို့ဖြင့် ဆူညံ စည်ကားနေလေသည်။ ယောက်ျားတို့၏ဝါသနာကား တော်တော် စုံလင်သည်ဟု ပြောရမည်။ တချို့က ခွေးမွေးသည်။ တချို့က ယုန်ကလေးတွေ မွေးသည်။ ရှားရှားပါးပါး စပါးကြီးမြွေကို မွေးမြူ ထိန်းသိမ်းထားသော လူတစ်ဦးကိုပင် ကျွန်မ တွေ့ဖူးပါသည်။ မောင်က မြွေ မမွေးလို့ တော်ပါသေးရဲ့ ။ မြွေကိုသာ ဝါသနာပါလျှင် ကျွန်မတို့လင်မယား ကွဲကြလိမ့်မည်ထင်သည်။

 

ယခုကိုပဲ မောင့်ကျေးငှက်များကို ကျွန်မ စိတ်ကုန်ပြီ။ တစ်ကောင်နှင့်တစ်ကောင် တကျီကျီ တကျာကျာ အသံပြုအော်မြည်သံကတစ်မျိုး၊ တောင်ပံကို တဖြတ်ဖြတ်ခတ်လျက် သစ်သားတန်းကို ကုတ်ခြစ်သံက တစ်မျိုး၊ လှောင်အိမ်နံရံကို နှုတ်သီးဖြင့် တတောက်တောက် ထိုးဆိတ်သံက တစ်မျိုး၊ လည်ဆံမွေးများထဲသို့ နှုတ်ဖြင့် မရအရ ထိုးဖွ၍ တဂစ်ဂစ်အော်မြည်သံက တစ်မျိုး၊ အိမ်မှာ တနေကုန်နေရသော ကျွန်မအတွက်တော့ ထိုအသံများသည် နားညည်းစရာအရာများသာဖြစ်သည်။

 

ထိုထက်ပို၍ဆိုးသည်မှာ ခြံဝန်းထဲမှ ရစ်ကြီးနှစ်ကောင်၏ အော်သံဖြစ်၏။ သည်လောက် ဆူညံသောအသံမျိုးကို သူတို့မို့ အော်တတ်လေသည်။ ရွှေရောင်နှင့်အစိမ်းရောင် ရောယှက်လျက် လှပသောဒေါင်းငှက်ကြီးကတော့ ကျွန်မကို အသံဖြင့် ဒုက္ခမပေးပါ။ သို့သော် တစ်ခါတစ်ခါ သစ်ပင်ပေါ်မှာ ခဏလွှတ်ပေးထားလျှင် သူက ဟိုအိမ် သည်အိမ် ခုန်ပျံကူးချင်သေး၏။ ဒေါင်းကြီး ပျောက်ပျောက်သွား၍ ကျွန်မမှာ ရပ်ကွက်ထဲ လိုက်ရှာရသည့်ဒုက္ခက ရှိသေးသည်။ အရက်မူးမူးနှင့် အော်ဟစ်ဆူပူတတ်သော အိမ်နီးချင်းတစ်ယောက်ကတော့ ကျွန်မတို့ဒေါင်းကြီးကို မျက်စိကျနေသည်။

 

“လာခဲ့၊ ဒီတစ်ခါ လာရဲရင်လာခဲ့၊ အရက်နဲ့ မြည်းပစ်လိုက်မယ်။ ဒေါင်းသားဆိုတာ တယ်ကောင်းဆိုပဲ”

 

ကျွန်မမှာ ဒေါင်းငှက်ကြီးကို ကရုဏာသက်စွာ အရိပ်တကြည့်ကြည့် စောင့်ရှောက်ရပြန်သည်။

 

“ဒေါင်းသားဆိုတာ စားမှ စားကောင်းရဲ့လားဟင် မောင်”

 

ဟု ကျွန်မမေးတော့ မောင်က မျက်နှာညိုညိုနှင့်

 

“မိရယ် အရက်သမားဆိုတာ ဘာအသားပဲဖြစ်ဖြစ် သူတို့အဖို့ ကောင်းနေတာပဲဥစ္စာ” ဟု ဖြေခဲ့သည်။

 

မောင် ကျေးငှက်တိရစ္ဆာန်တွေ မွေးမြူသည်မှာ သူတို့ကို ချစ်လို့ဟု ကျွန်မထင်ခဲ့မိ၏။ တကယ်တော့ မောင်သည် အခြားသူတွေ တံဆိပ်ခေါင်း စုသလို စုဆောင်းလိုသော ဝါသနာအရသာ မွေးမြူခဲ့ခြင်းဖြစ်ကြောင်း နောက်မှ ကျွန်မ သိရသည်။ မောင်သည် ငှက်တိရစ္ဆာန်များကို ကြာရှည်မွေးမြူပြုစုပေမယ့် သံယောဇဉ်ရစ်တွယ် နှောင်ဖွဲ့နေတတ်သူမဟုတ်။ မိတ်ဆွေတစ်စုံတစ်ဦးက သူ့အကောင်ပလောင် တစ်ခုတစ်လေနှင့် လဲလှယ်လိုလျှင် မောင့်မှာလည်း ထိုအမျိုးအစား မရှိသေးဘူးဆိုလျှင် မဆိုင်းမတွ ချက်ချင်း ကောက်လဲပေးလိုက်တတ်၏။ ထိုအချိန်မှာတော့ မောင်သည် မိမိ၏ကျေးငှက်ကို ဝယ်ခဲ့ရသည့်ဈေးနှုန်းနှင့် တစ်ဖက်က အကောင်၏ဈေးနှုန်း အနည်းအများ အရှုံးအမြတ် တွက်ချက်တတ်သူမဟုတ်။ ကျွန်မက မိန်းမပီပီ လဲလှယ်သော ပစ္စည်းဈေးနှုန်း ကွာခြားမှုအရ အရှုံးအမြတ်တွက်ပြလျှင် မောင် စိတ်ဆိုးတတ်ပြန်သေး၏။

 

“အခုဟာက ကိုယ် အရောင်းအဝယ်လုပ်နေတာ မဟုတ်ဘူးကွ”

 

တဇွတ်ထိုးနိုင်လှသော မောင့်ကို ကျွန်မ စိတ်ပျက်ရပေါင်း များလှပြီ။ မောင့်လုပ်စာသည် လှောင်ချိုင့်ဖိုး၊ ငှက်ဖိုး၊ ငှက်စာဖိုး၊ ဆေးဖိုးတို့နှင့်ပင် ကုန်သလောက်ရှိနေပြီ။ ကျွန်မသာ အိမ်မှာနေရင်း တစ်ဖက်တစ်လမ်းမှ စီးပွားရှာတတ်သူ မဟုတ်ခဲ့လျှင် ကျွန်မတို့မိသားစု မောင့်ငှက်များနှင့်အတူ အသီးအရွက်များကို ဝေမျှစားသောက်နေရုံသာ ရှိလိမ့်မည်။ မောင့်ကို ကျွန်မ ဈေးတွက် တွက်ပြတိုင်း ကျွန်မတို့ ရန်ဖြစ်ရရုံသာရှိလျက် မောင့်အချိုးကို လုံးဝမပြုပြင်သော အခါ မောင်နှင့်မောင့်ငှက်များကို ကျွန်မ ပစ်ထားကြည့်လိုက်သည်။ သို့သော် တကယ်တမ်းကျတော့ မောင်၏အိမ်ထောင်ရေးသစ္စာနှင့် လူမှုရေး ဖြောင့်မှန်ရိုးသားမှုများကို ဂုဏ်ယူမက်မောစွာ မြင်နေရပြန်တော့ မောင်၏ဝါသနာနှင့်အကျင့်ကို ကျွန်မ ခွင့်လွှတ်ရပြန်သည်။

 

“မိ… မင်းလို ဗျစ်တောက်ဗျစ်တောက်နဲ့ ဆူပူတတ်တဲ့ မိန်းမမျိုးဟာလေ ငါနဲ့ရဖို့ မကောင်းဘူး သိလား”

 

မောင်က မျက်နှာထိ မျက်နှာထားနှင့်ပြောလျှင် ထောင်းခနဲ ဒေါပွသွားတတ်၏။

 

“အံမယ် ရှင်က ကျုပ်ကို ဘယ်သူနဲ့များ ပေးစားချင်လို့တုံး “

 

“မယားငယ်ယူတတ်တဲ့ ယောက်ျားမျိုးနဲ့ ပေးစားချင်တယ်”

 

ထိုစကားအောက်တွင် ကျွန်မ၏ဒေါသများ ကွယ်ပျောက် လွင့်စင်သွားရလေသည်။ စိတ်သက်သာရာရမှုဖြင့် ကျွန်မ ငြိမ်သက် တိတ်ဆိတ်သွားသည်ကို ကျွန်မစိတ်ဆိုးသွားသည်ဟု မောင်က ထင်ခဲ့ဖူး၏။

 

“ကိုယ့်မှာ အားနည်းချက်တွေ အများကြီးပဲနော် မိ”

 

ကျွန်မကို ခပ်ငေးငေးဖြင့် ချော့မော့မလိုလို နူးညံ့ အေးဆေးစွာ မောင်ပြောလျှင် ကျွန်မ ချက်ချင်း ရယ်မောလိုက်မိသည်။

 

“အများကြီးတော့ မဟုတ်ပါဘူး၊ ဒီတစ်ခုတည်းပါ။ မောင်တို့အားလုံး တစ်မျိုးတစ်ဘာသာစီ စိတ်ပျက်စရာကောင်းတာချည်းပါပဲ” ဟု ကျွန်မ ပြောမိသည်။

 

“မောင်တို့အားလုံးဆိုတာ ဘယ်သူတွေတုံး”

 

“အိုး… ကျွန်မဘေးနားက ယောက်ျားတွေပေါ့ မောင်ရဲ့။ မောင့်အဖေရယ်၊ မောင့်အဘိုးရယ်လေ။ အင်း ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ကျွန်မ သူတို့ကိုချစ်တယ်”

 

မောင်က စိတ်အေးသွားဟန်ဖြင့် ခပ်ဟက်ဟက် ရယ်မောသည်။

 

* * *

 

အရက်သမားများကို အလွန်မုန်းတီးတတ်သော ကျွန်မသည် မောင့်ဖေဖေကိုတော့ အလွန်ချစ်ပါသည်။

 

ဖေဖေသည် အငြိမ်းစား ရေနံတွင်းတူး ဗိုလ်တစ်ယောက် ဖြစ်သည်။ အလွန်အေးဆေး သိမ်မွေ့သူတစ်ယောက်ဖြစ်သည်။ လက်အောက်ငယ်သားကို စကားပြောသည်ကအစ လေသံတိုးတိုးနှင့် နူးညံ့စွာ ပြောတတ်၏။ သားနှင့်မယားအပေါ်မှာ တာဝန်ကျေသော အိမ်ထောင်ဦးစီးတစ်ယောက်၊ အလုပ်အပေါ် တာဝန်ကျေသော အရာရှိတစ်ယောက်၊ ဆက်ဆံရေးပြေပြစ်သော်လည်း စည်းစနစ်ကျကျ ဖြောင့်မှန်ရိုးသားသူတစ်ယောက်ဖြစ်သည်။ ဖေဖေ၏ တစ်ခုတည်းသော အားနည်းချက်ကြီးကြီးတစ်ခုမှာ အရက်ကို နှစ်ခြိုက်စွာ သောက်တတ်ခြင်းပင် ဖြစ်သည်။ အလုပ်လုပ်စဉ်က အရက်ကို ချင့်ချိန်စွာ စည်းကမ်းထား၍ သောက်ခဲ့သောဖေဖေသည် အငြိမ်းစားယူပြီးနောက်တော့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် သောက်လေသည်။

 

ဖေဖေသည် အခြားအရက်သမားများနှင့်မတူဘဲ အရက်မူးလျှင် အလွန်သဘောကောင်းပြီး ရက်ရောတတ်သည်။ လူလည်ကျသော မောင်သည် ဖေဖေ့ထံမှ အခွင့်အရေး တစ်စုံတစ်ခု တောင်းလိုလျှင် အရက်မူးချိန်မှာ တောင်းတတ်၏။ ထိုအချိန်မှာ ဖေဖေက မောင် တောင်းသမျှ ပေးတတ်၏။ မောင့်နည်းတူ လူလည်ကျသော သားက သူ့အဘိုးအကြောင်းကို မောင့်ထက် ပို၍သိသည်။

 

“အရက်နည်းနည်းမူးတုန်းမှာ သူပြောတဲ့စကားတွေကို ဘိုးဘိုး အကုန်မှတ်မိတယ်။ ဒါပေမယ့် တော်တော်မူးနေတုန်းမှာ ပြောတဲ့စကားတွေကိုတော့ ဘိုးဘိုး မေ့ကုန်ရော”

 

တစ်ခါတုန်းက ဖေဖေသည် မိတ်ဆွေအရာရှိတစ်ဦးအား မိမိအိမ်သို့ ထမင်းစားလာပါရန် နေ့ရက်အတိအကျဖြင့် ဖိတ်ခဲ့ဖူး၏။ ထိုမိတ်ဆွေကလည်း အတိအကျ ရောက်လာခဲ့၏။ သို့သော် ဤကိစ္စကို မေမေကလည်း မသိ၊ ဖေဖေကလည်း မေမေ့ကို ပြောပြထားရလောက်အောင်ပင် မမှတ်မိခဲ့။ မိတ်ဆွေကို ဧည့်ခံစကားပြောနေရင်း အချိန်ကုန်သွားခဲ့သည်။ နောက်မှ ထမင်းစားချိန်ရောက်၍ ဖေဖေ ဆာလာဟန်ရှိမှ “ခင်ဗျား ထမင်းစားခဲ့ပြီးပြီလား၊ စားသွားပါလား”ဟုလောကွတ်လုပ်တော့မှ ထိုမိတ်ဆွေက ရယ်မောလေသည်။

 

“ကိုဘအောင်တို့ကတော့ လုပ်ပြီဗျာ၊ ခင်ဗျားပဲ ကျွန်တော့်ကို ဒီနေ့နေ့လယ် ထမင်းစားဖိတ်ထားခဲ့တာလေ”

 

ထိုအခါကျမှ ဖေဖော မေမေရော အားနာပါးနာဖြင့် မရှိရှိတာကို ကမန်းကတန်း စီစဉ် ကျွေးမွေးရလေသည်။ ဖေဖေ့ကို ရင်းနှီးချစ်ခင်သော ထိုမိတ်ဆွေသည် ခေါင်းတရမ်းရမ်းနှင့် ဖေဖေ့အကြောင်းကို ပြော၍မဆုံးနိုင်အောင် ရှိသည်။

 

“ကျုပ်က အစတုန်းကတော့ ဘာမှမပြောဘဲ လှည့်ပြန်သွားဦးမလို့ပဲဗျ။ ဒါပေမယ့် ဒီလူ မှတ်လောက်သားလောက် ဖြစ်စေချင်လို့ အားမနာပါးမနာ သတိပေးလိုက်ရတာပဲ”

 

သားကတော့ အဘိုးထံမှ ရုတ်တရက် သူတောင်းချင်တာ တစ်ခုခုရှိလျှင် အရက်မူးစဉ်က သူ့အား အဘိုးက ကတိပေးခဲ့ဖူးသလို ဟန်ပန်ဖြင့် ရအောင်တောင်းတတ်လေသည်။

 

“ဘိုဘိုးပဲ ဟိုတစ်ညတုန်းကပြောတော့ သားကို ရက်ကက်တစ်ခု ဝယ်ပေးရဦးမယ်ဆို”

 

“ဟေ… ငါပြောမိလို့လားကွ”

 

“ဟာ… ပြောတယ်လေ၊ ဘိုးဘိုးကတော့ လုပ်ပြီ”

 

“အေး အေး၊ ရမှာပေါ့ မြေးရာ၊ ရမှာပေါ့”

 

မေမေက ဖေဖေအရက်ကြိုက်တတ်သည်ကို စာနာစွာ အိမ်၌ အရက်အမျိုးအစားကောင်းကောင်း ပုလင်းလိုက်ထား၍ တိုက်ဖူးသည်။ ဖေဖေက တစ်ယောက်တည်း အရက်သောက်ရမှာ ပျင်းသည် ဟူ၍ ဆိုင်မှာ သွားသွားသောက်သောကြောင့် နောက်ထပ် ဝယ်မထားတော့ပေ။ အရက်ဆိုင်သွားခါနီးလျှင် ဖေဖေ့ရေချိန်ကို မှန်း၍ မေမေက ဖေဖေ့အိတ်ကပ်ထဲ ပိုက်ဆံထည့်ပေးလိုက်တတ်သည်။ တစ်ခုထူးဆန်းသည်မှာ ဖေဖေသည် အရက်ကို ဘယ်တော့မျှ အကြွေးသောက်လေ့မရှိ။ ပါသည့်ပိုက်ဆံကုန်သွားလျှင် ခပ်ရှက်ရှက်ဖြင့် ထပြန်လာတတ်သည်။ ထိုအခါမျိုးတွင်တော့ ဖေဖေနှင့်မေမေ စကားများတာ သူ ကြုံရဖူးသည်ဟု မောင် ကျွန်မကို ပြောပြခဲ့ဖူးပါသည်။ အရက်မူးစဉ် မေမေနှင့် ရန်ဖြစ်တိုင်း အမြဲငိုလေ့ရှိသည်တဲ့။

 

“မခင်လေးရာ ကျွန်တော့်ကို အရက်လေးတော့ ဝအောင် တိုက်ပါဗျာ”

 

မေမေက မျက်ရည်ကြားမှ ရယ်မောကာ မျက်စောင်းထိုးလျက် အိမ်မှာ အမြဲသိမ်းထားလေ့ရှိသော ဝီစကီပုလင်းကို ထုတ်ရလေသည်။

 

“ဘယ်လိုလည်းမသိဘူး၊ သူများကြားရင် ထမင်းတောင် ဝအောင်မကျွေးသလို လူကိုထင်ကြဦးမယ်”

 

နံနက်မိုးလင်းလျှင်တော့ ဖေဖေသည် ညကမူးပြီး ငိုခဲ့သူမှာ သူ မဟုတ်သလိုပင်။ ခပ်တည်တည် မျက်နှာပေးနှင့် ရှိနေတတ်သည်။

 

ဖေဖေတို့တစ်မျိုးလုံး တစ်ဆွေလုံးတွင် အရက်သောက်သူမှာ ဖေဖေတစ်ယောက်တည်းသာ ရှိသည်ဟု မောင်က ပြောဖူး၏။ ဟုတ်ပါလိမ့်မည်။ ဘိုးဘိုးသည် ဖေဖေရှိရာ ရေနံချောင်းသို့ လာတိုင်း ဖေဖေအရက်သောက်သည်ကို ရှုတ်ချလေ့ရှိတာ ကျွန်မ မကြာခဏ ကြုံဖူးသည်။

 

“ဒီဂရီလေးရ၊ အလုပ်ကလေးက ကောင်း၊ ဟန်ကျပန်ကျ ဆိုတော့ အရက်သောက်ပြီး ပျက်စီးပြီပေါ့ကွာ။ တယ်ကောင်း။ အခုနေ မင်းအမေသာသိသွားရင် ဘယ်လောက်များ ငိုလိုက်ရမလဲ”

 

ရယ်စရာကောင်းသည်မှာ ဖေဖေ အရက်သောက်တတ်သည်ကို ဘွားဘွား လုံးဝသိမသွားဘဲ သေဆုံးသွားခဲ့ခြင်းပင်။ ဖေဖေ အရက်စသောက်သည်မှာ အသက် ၄၅နှစ်။ ဖွားဖွား ဆုံးသည်မှာ ဖေဖေအသက် ၆ဝ အရွယ် ပင်စင်ရကာစ။ ထို ၁၅ နှစ်အတွင်း ဖေဖေက ရေနံချောင်းမှာနေ၍ ဘွားဘွားတို့က ပင်းဝရွာမှာနေသောကြောင့် ဘွားဘွားခမြာ သူ့သား အရက်သောက်သည်ကို မမြင်ဖူးခဲ့ပေ။ ဖေဖေကလည်း ကျွန်မတို့ရေနံချောင်းသို့လာခိုက် ပင်းဝသို့ အတူလိုက်၍ ဘိုးဘိုးနှင့်ဘွားဘွားကို ကန်တော့သည့်အခါများတွင် ဘွားဘွားရှေ့၌ ငြိမ်ဝပ်နေတတ်သည်။ ဘိုးဘိုးကသာ ဖေဖေရှိရာ မကြာခဏ လာတတ်သူမို့ ဖေဖေ့အကြောင်း အလုံးစုံ သိလေသည်။

 

တစ်ခါတစ်ရံ ဖေဖေရှိရာ အရက်ဆိုင်သို့ပင် ဘိုးဘိုးက လိုက်သွားဖူးသည်။

 

“ဘအောင်” ဟု ဘိုးဘိုးက မျက်နှာထိ မျက်နှာထားနှင့် ခေါ်လျှင် ဖေဖေက အရက်တကယ်မမူးသေးပေမယ့် ဒယိမ်းဒယိုင် လျှောက်လာပြီး ဘိုးဘိုးပခုံးကို လက်သီးနှင့် ထိုးတတ်သည်။

 

“ဖေဖေ အရက်သောက်မလို့လား”

 

ဟု မသိဟန်ဆောင်၍ ဖေဖေကမေးလျှင် ဘိုးဘိုးက ဆဲလိုက်သလိုပင် နာတတ်၏။

 

“ခွေးကောင် ဖအေကိုများ မလေးမစားနဲ့၊ ငါက မင်းလို ငရဲမှာ ချိုးကပ်မယ့်ကောင် မဟုတ်ဘူး။ ငါနဲ့လိုက်ခဲ့စမ်း။ မင်းအမေ တောင်းခိုင်းထားတဲ့ ကြက်သွန်ဖိုးတွေ စာရင်းရှင်းရအောင်”

 

ဘွားဘွား၏ကြက်သွန်ကြွေးမှာ စာရင်းမှာသာရှိလျက် ဖေဖေ့လက်ထဲ ငွေမကျန်တတ်ပေ။

 

“ဘယ်မလဲ ပိုက်ဆံတွေ”

 

ဘိုးဘိုးက သိလျက်နှင့် ဇွတ်ပေကပ်၍ ငွေတောင်းတတ်၏။ ဖေဖေက မျက်လုံးဝိုင်းလျက် ခေါင်းကို ကုတ်ဖွ၍ မပြီးတော့ချေ။

 

“ရပြီးပြီ အဖေရယ်၊ ကျွန်တော် မခင်လေးရဲ့ သေတ္တာထဲ ထည့်ထားလိုက်တယ် ထင်တာပဲ”

 

“အံမယ်…အံမယ်….ခင်လေးရဲ့ သေတ္တာထဲထည့်ထားရင် အခုရှိမှာပေါ့ကွ။ မင်း အရက်သောက်ပစ်လို့ အခုမရှိတာပေါ့”

 

ဘိုးဘိုးက တကယ်ဒေါသထွက်လျက် ငေါက်ငမ်းသည်။

 

“ဟာ… အဖေမှားနေပြီ၊ ကျွန်တော်အရက်သောက်တာ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော်သောက်တာ၊ မခင်လေးဆီက တစ်ပြား မယူဘူး”

 

ထိုအခါမျိုးတွင် မေမေက သားအဖကြား ဝင်မပါဘဲ တစ်ဖက်လှည့်ကာ ပြုံးနေတတ်သည်။ ကျွန်မသည် မေမေ့ကို တအံ့တဩ ချီးကျူးမိ၏။ မေမေသည် အရက်သမားတစ်ယောက်ကို လေးစားထိုက်သော ခင်ပွန်းအဖြစ် ဘယ်လိုများ ဆက်လက်ပေါင်းသင်းနေနိုင်ပါလိမ့်။ ကျွန်မ ဖေဖေ့ကိုချစ်သည်က ယောက္ခမလည်းဖြစ်၊ ကျွန်မအပေါ်လည်း ကြင်နာနားလည်သူဖြစ်၊ အဝေးမှာလည်း ရှိနေသည်မို့ ထားပါတော့။ မေမေက နှစ်ပေါင်းများစွာ အနီးကပ်ပြုစုရသူဖြစ်ရာ အရက်သမားမယားအဖြစ် ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပေလိမ့်မည်။ မေမေ ဘယ်လို ရင်ဆိုင်ခဲ့ရပါလိမ့်။ မေမေ့ကို မေးကြည့်ဖူးသည်။ အတန်းပညာ သိပ်မတတ်သော၊ မာန်မာနကင်းစွာ နှိမ့်ချတတ်သော မေမေက အေးဆေးစွာ ပြုံး၍ဖြေခဲ့၏။

 

“ဪ သမီးရယ်၊ ယောက်ျားတစ်ယောက်ဆီက စည်းစိမ်ချမ်းသာနဲ့သုခကို မျှဝေခံစားပြီးတဲ့ မိန်းမတစ်ယောက်ဟာ အဲဒီယောက်ျားရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မျှဝေခံစားနိုင်ရမှာပေါ့။ လူတစ်ယောက်ကို စုံမက်ပြီး ပေါင်းသင်းတဲ့အခါ သူ့ရဲ့အကောင်းတွေကို ကိုယ်ယူရသလို သူ့ရဲ့အဆိုးတွေကိုလည်း ကိုယ်ယူရမယ် မဟုတ်လား၊ တစ်ဖက်သတ်ကြီးတော့ ဘယ်ရပါ့မလဲ၊ ပါရမီဆိုတာ ဒါပဲလေ”

 

ကျွန်မ အံ့ဩစွာ ငေးနေခဲ့ရ၏။

 

“သားဖေဖေက အရက်သောက်တာ တစ်ခုပဲ ပြောစရာရှိတာပါ။ မေမေနဲ့သားအပေါ် အင်မတန်သစ္စာရှိတာ၊ အင်မတန်ဝတ္တရား ကျေပွန်တာ။ သူ့ဘဝမှာ ဘယ်သူ့အပေါ်မှ ယုတ်ညံ့တဲ့စိတ်ထား မထားခဲ့ဖူးဘူး။ မေမေစိတ်ညစ်ရအောင်လည်း သူတစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ သိပ်လေးစားဖို့ကောင်းတယ် သမီးရဲ့”

 

မေမေက လေးစားရသော ဖေဖေ့ကို ဘိုးဘိုးကတော့ ငါးပါးသီလ ချိုးဖောက်သူအဖြစ် တဗျစ်တောက်တောက် ဆုံးမ၍ မပြီးတော့ပေ။

 

“အရက်သမားဆိုတာ သေရင်လည်း ငရဲကျဦးမယ်၊ အခု လောလောဆယ်လည်း အရှက်ရသေးတယ်”

 

ထိုစကားကို ဖေဖေက ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်၏။

 

“အရက်သောက်ပြီး ကျွန်တော် ဘာအပြစ်မှ မလုပ်ဖူးဘူးအဖေ၊ ကျွန်တော် ငရဲမကျဘူး။ ဒါ ရှက်စရာလည်း မဟုတ်ပါဘူး၊ ကျွန်တော်ကြိုက်လို့ ကျွန်တော်သောက်တာပဲ။ သောက်ရုံပဲ သောက်တာပဲ၊ မကောင်းမှု လုပ်တာ မဟုတ်ဘူး။ ကျွန်တော် အရက်ကြိုက်တယ်ဆိုတာ အဖေ ဆေးတံကြိုက်သလိုမျိုးပါပဲ။ တစ်မျိုးစီ ပိုက်ဆံကုန်ခံပြီး တစ်မျိုးစီ ဇိမ်ကျကျ ယစ်မူးတာပဲ”

 

“ဘာကွ”

 

ဘိုးဘိုးသည် အရက်နှင့်ဆေးတံကို တစ်တန်းတစ်စားတည်းထား၍ နှိုင်းယှဉ်ရကောင်းလားဟု ဒေါပွမဆုံးရှိတော့သည်။ ထိုအခါမျိုးမှာ မေမေကတော့ သားအဖနှစ်ယောက်ကြား ဘယ်သူ့ဘက်မှ မလိုက်ဘဲ ပြုံးရယ်လျက် ပွဲကြည့်ပရိသတ် လုပ်နေလေသည်။

 

ဖေဖေ့ကို အရက်နှင့်ခွဲခွာ၍ မရသလို ဘိုးဘိုးကိုလည်း ဆေးတံနှင့် ခွဲခွာ၍ မရချေ။ ဘိုးဘိုးသည် အသက် ၁၈ နှစ် အရွယ်ကတည်းက ဆေးတံသောက်လာခဲ့သည်ဟု ဆိုသည်။ မောင် စီးကရက်သောက်တာမြင်လျှင် ဘိုးဘိုးက စိုးရိမ်တကြီး တားမြစ်တတ်၏။

 

“စီးကရက် သိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်တယ်”

 

ဘိုးဘိုး၏ ဆေးတံဆေးနံ့သည် မောင့်စီးကရက်ရနံ့ထက် ပို၍မွှေးသည်ကို ကျွန်မ သတိပြုမိသည်။ မောင်ကလည်း ဘိုးဘိုးကို အားကျ၏။ ဘိုးဘိုး၏ဆေးဘူးကို ကိုင်ကြည့်၊ မွှေးကြည့်လျက် ဆေးအိုးထဲ ဆေးမှုန့်တွေသိပ်ထည့်ကာ မီးညှိဖို့ ကြိုးစားဖူးသည်။ ဘိုးဘိုးက မောင့်ကို ကြည့်၍ ရယ်မော၏။

 

“ဘာလ

#ကျွန်မချစ်သော ယောက်ျားများ

ခေတ်ကလေးတွေဟာ ကွင်းတွေကို တော်တော် ကြိုက်ကြတာ … ဟု ကျွန်မ တွေးခဲ့မိသည်။ ကွင်းကလေးတွေကို ရွှေ့ပြောင်း ချိတ်၍ တပ်နိုင်သော ကျောပိုးအိတ်ကို သားလိုချင်တုန်းက အထက်ပါ စကားအတိုင်း ကျွန်မ ညည်းညူမိသော်လည်း သားအတွက် ဝယ်ပေးခဲ့ပါသည်။ စတီးလ် ကွင်းကလေးများ ချိတ်ဆက်တွဲထားသော Hand chain ကို သားလိုချင်တုန်းကလည်း သားကို ချစ်ခင်မြတ်နိုးစွာ မျက်စောင်းထိုး ပြုံးရယ်လျက် ဝယ်ပေးခဲ့သည်။ ပခုံးနှင့်အိတ်တွေမှာ ကွင်းကလေးတွေ တပ်ထားသော ဂျာကင်အင်္ကျီ ခပ်ဆန်းဆန်းကိုမှ သားက ကြိုက်သည် ဆိုပြန်တော့လည်း အောင့်သက်သက်ဖြင့် သားအတွက် ဝယ်ပေးခဲ့ပါသည်။

သို့သော် သားက နားပေါက်ဖောက်ပြီး နားကွင်း တပ်ချင်သည်ဟု အရေးဆိုလာသောအခါမှာတော့ ကျွန်မ အသက်ရှူဖို့ ​မေ့​လျော့သွား​လောက်​အောင်ပင် လန့်ဖျပ်သွားမိပါ​တော့သည်။

“ ကြံကြီးစည်ရာ သားရယ်၊ နားဖောက်တယ်ဆိုတာ မိန်းမတွေ အလုပ်ပါ”

ကျွန်မ ရင်သပ်ရှုမော ပြောမိတော့ သားက အနည်းငယ်မှုန်တေတေ မျက်နှာပေးဖြင့် ကျွန်မပခုံးကို သူ့လက်သီးဖြင့် ခပ်ဖွဖွထိုးလေသည်။

“ဟိုရှေးခေတ်က ယောက်ျားတွေလည်း နားပေါက်တွေနဲ့ပဲ မဟုတ်လား မေမေ”

ကပ်သီးကပ်သပ်ပြောသော သား၏ဆင်ခြေစကားကြောင့် ကျွန်မမှာ မြဝတီမင်းကြီးဦးစကိုပဲ ပြန်မြင်ယောင်ကြည့်ရမလိုလို၊ သီပေါမင်းကိုပဲ ပြန်မြင်ယောင်ကြည့်ရမလိုလို ဖြစ်သွားရသည်။

“သား မိန်းမရှာလေးဖြစ်မလာအောင် ဒီအသက် ဒီအရွယ်အထိ စောင့်ကြည့်ထိန်းသိမ်းလာခဲ့တာ အခုမှပဲ သားက မိန်းမရှာ လုပ်တော့မလို့လား”

ဟု ကျွန်မ စိတ်ညစ်ညူးစွာ ရေရွတ်မိတော့ သားမျက်နှာ ရဲခနဲ နီသွား၏။

“မေမေ.. နားကွင်းဝတ်တာ မိန်းမရှာတွေ မဟုတ်ပါဘူး မေမေရဲ့၊ ယောက်ျားရင့်မကြီးတွေ၊ ကိုယ်ခန္ဓာရော စိတ်ဓာတ်ရော ကြမ်းသလား မမေးနဲ့”

“ဒါဖြင့် ဘယ်လိုလူမျိုးတွေလဲ သား”

သားက သူ့ကို တရားခံစစ် စစ်သည်ထင်ကာ တစ်ခွန်းမှ မဖြေတော့ပါ။

“အဆိုတော်တွေလား၊ ရုပ်ရှင်မင်းသားတွေလား”

သား ခဏခဏ ပြောဖူးသော အေရိုးစမစ်တို့ ဗယ်နလာ အိုက်စ်တို့တွေက နားကွင်းတွေများ တပ်ထားကြလို့လား။ အသက် ၃ရ နှစ်အရွယ် မိခင်နှင့် ၁ရ နှစ်အရွယ် သား၏အကြားက မျိုးဆက်ကွာဟမှုသည် သည်လောက်တောင် ကြီးမားနေခဲ့လိမ့်မည်ဟု ကျွန်မ မမျှော်လင့်ခဲ့မိပါ။ ကရာတေးမင်းသား စတီဗင်ဆေးဂဲလ်၏ ဆံပင်ပုံစံအတိုင်း ဆံပင်ခပ်ရှည်ရှည်ကို နောက်ဘက်မှ စုချည်ထားသည့်ပုံစံ ခေတ်စားခဲ့တုန်းကပင် ကျွန်မ ကလေးတွေအပေါ် နားလည်ခံစား၍ ရပါသေးသည်။ ယခုကိစ္စမှာတော့ လွန်လွန်းသည်ဟု ကျွန်မထင်၏။

“နားကွင်းကြီး ဝတ်လိုက်ရတော့ သားမှာ ဘာတွေများ ထူးခြား ပြောင်မြောက်လာမှာမို့လဲ သားရဲ့ ၊ ပိုလှလာမယ် ထင်လို့လား”

“မေမေကရော သား နားကွင်းဝတ်ရင် မေမေ့မှာ ဘာတွေများ ထိခိုက်နစ်နာလာစရာ အကြောင်းရှိလို့လဲ”

“အမလေးတော် ရှိပါသကော၊ တခြားကလေးတွေ မလုပ်တဲ့ ထူးထူးဆန်းဆန်း ခပ်ကြောင်ကြောင်အလုပ်ကို သားက လုပ်တယ်။ မေမေ့ကို လူတွေက ဘာပြောကြမလဲ။ ကိုယ့်သားကိုတောင် ကိုယ် မထိန်းချုပ်နိုင်တဲ့ မအေဖြစ်သွားမှာပေါ့။ ကလေကချေလိုလို၊ လမ်းသူရဲလိုလို ခေတ်ကို အရွဲ့တိုက်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကို မေ​မေ ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ သားရယ်၊ ရှက်စရာကြီး”

ကျွန်မက လေသံပျော့ပျော့လေးဖြင့် ချော့မော့ရန် ကြိုးစားဆဲ သားက ဗြုန်းခနဲ ထိုင်ရာမှ ထသွား၏။

“နားကွင်းဝတ်တာ ရှက်စရာမဟုတ်ပါဘူး ​မေမေ”

“ဒါပေမယ့် မေမေရှက်တယ်သား”

သားက ခပ်လှမ်းလှမ်းရောက်သွားပြီးမှ မကျေမချမ်း လှည့်ကြည့်သည်။

“ဘာပဲဖြစ်ဖြစ် သားကတော့ ဝတ်မှာပဲ၊ ဒါ သူများပစ္စည်း ခိုးတာလည်းမဟုတ်ဘူး မေမေ၊ သူများကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး။ သားမှာ ဒီလောက်တော့ လွတ်လပ်ခွင့်ရှိတယ်”

ဘုရားရေ၊ ကျွန်မ ဒေါသတကြီး သားကို ကြည့်မိတော့သည်။

“ဝတ်ရဲရင် ဝတ်ကြည့်။ ဝတ်လာတာနဲ့ တစ်ပြိုင်တည်း သား မေမေ့ဒေါသကို သိသွားစေရမယ်”

သားက တံခါးကို အသံမြည်အောင် ပိတ်ပစ်ခဲ့ပြီး ထွက်ခွာသွားသောအခါ ကျွန်မသည် ခြေဖျားလက်ဖျားတွေ အေးစက်လျက် ရင်တလှပ်လှပ် တုန်ရီစွာ ကျန်ရစ်ခဲ့ရသည်။

တစ်ညနေခင်းလုံး ကျွန်မ ဒေါသနှင့် စိုးရိမ်သောက ပူးပေါင်းခံစားလျက် စိတ်ထဲမှာ တင်းကျပ်နေခဲ့သည်။ ပြန်လာလျှင် သားကို နားကွင်းကြီးတန်းလန်းနှင့် မြင်လိုက်ရလေမလား။ သူ့အဖေ မြင်သွားလျှင် ဘယ်လောက် ဒေါသကြီးလိုက်လေမလဲ၊ မင်းအုပ်ထိန်းမှု ညံ့လို့ သား အခုလိုဖြစ်ရတာဟု ကျွန်မအပေါ်မှာများ ပြစ်တင် ဆူပူလေမလား။ သူ့အဖေ အပြင်မှ ပြန်လာတော့လည်း သားအကြောင်း ဖွင့်ပြောထားလိုက်ရ ကောင်းမလား၊ သို့မဟုတ် သား၏နားကွင်းကို မြင်မှ သူတို့သားအဖအချင်းချင်း စာရင်းရှင်းစေသည်က ပိုကောင်းမလား၊ အတွေးများဖြင့် ချီတုံချတုံ ဖြစ်နေတော့သည်။

သူကဖြင့် ကျွန်မ၏ စိုးရိမ်သောကကို ရိပ်စားမိဖို့ ဝေးစွ။ သူ့ကြက်တူရွေး လှောင်အိမ်တစ်ခုအနီးမှာ အလုပ်ရှုပ်လျက် ရှိသည်။

‘‘မိရေ ဒီမှာ ရေခွက်ကြီးလည်း မှောက်လို့၊ အတောင်တွေလည်း စိုရွဲလို့။ ဒီလှောင်အိမ်ကို ဘယ်သူကိုင်သေးလဲ။ သားများ အစာကျွေးဖို့ ကိုင်မိသေးလား မသိဘူး”

စိုစွတ်နေသော ငှက်အတောင်ပံများကို လက်ဖြင့်ပွတ်သပ်ရင်း မောင်က ကျွန်မဆီ လှည့်မကြည့်ဘဲ မေး၏။

“အိုး.…. မောင့်သားလား၊ ကြက်တူရွေးကို အစာကျွေးဖို့ သတိတောင်ရမှာ မဟုတ်ဘူး။ သူ့ပြဿနာနဲ့သူ”

မောင်က ဖြတ်ခနဲ လှည့်ကြည့်သည်။ မောင့်မျက်ဝန်းမှာ ဖခင်တစ်ယောက်၏ စိုးရိမ်သောကကို ကျွန်မ မြင်ရ၏။

“ပြဿနာ ဟုတ်လား၊ ဘာပြဿနာလဲ။ သား ဘာဖြစ်လို့လဲ”

ထိုအချိန်သည် သား၏နားကွင်းကိစ္စကို မောင့်အား ဖွင့်ပြောရန် အသင့်တော်ဆုံးအချိန်ဟု ကျွန်မယူဆသည့်အတွက် ကျွန်မ ပြောပြလိုက်ပါသည်။

ကျွန်မ ကြိုတင်စိုးရိမ်ထားသလို မောင်သည် ဒေါသထွက်မသွားပါ။ အနည်းငယ် အံ့သြဟန်မျက်နှာကို ချက်ချင်း ပြင်လျက် ခပ်တွေတွေ စဉ်းစားရင်း ပြုံးပင်ပြုံးနေသေး၏။ ထို့နောက် သူ၏ငှက်လှောင်အိမ်များနှင့် သူအလုပ်ရှုပ်နေပြန်သည်။

သားပြန်လာသောအခါ သား၏နားကို အလျင်ဆုံး ကျွန်မ လှမ်းကြည့်မိ၏။ အောင့်ထားသော အသက်ကို လွှတ်၍ အားရပါးရ အသက်ရှူမိလောက်အောင် စိတ်ပေါ့ပါးသွား၏။ ကျွန်မ စိုးရိမ်သလို သား၏နားတွင် နားကွင်းတန်းလန်း ရှိမနေပါ။

ကျွန်မက ဤကိစ္စကို ဘယ်တုန်းကမှ မဆွေးနွေးခဲ့ဖူးသလိုပင် မေ့ပျောက်ထားချင်၏။ သို့သော် မောင်က ဤကိစ္စကို အစဖော်လိုက်လေသည်။

“သားက နားကွင်းဝတ်ချင်တယ်လို့ မင်း​မေ​မေက ​ပြောတယ်၊ ဟုတ်သလား သား”

သားက မှုန်တေတေမျက်နှာထားဖြင့် မျက်လွှာချထားလျက်က ဟုတ်ကဲ့ဟု မပွင့်တပွင့် ရေရွတ်သည်။

“ဘာဖြစ်လို့ ဝတ်ချင်တာလဲ”

မောင့်အသံက ခပ်တည်တည်မို့ ကျွန်မသည် သားအတွက် စိုးရိမ်သွားမိကာ ပြောလိုက်မိတာ မှားလေခြင်းဟု နောင်တရမိသည်။ သားကတော့ ကျွန်မထင်သလို ထစ်အ တွန့်ဆုတ်ခြင်းမရှိဘဲ ခပ်ပေါ့ပေါ့ လေသံဖြင့်ပင် အဖြေပေး၏။

“ဖက်ရှင်သဘောမျိုးပါပဲ ဖေဖေ၊ ဆံပင်ပုံစံတစ်ခု ထွင်သလို ဒီဇိုင်းအသစ်နဲ့ အင်္ကျီတစ်ထည်ကို သဘောကျမိသလိုမျိုးပါပဲ”

မောင်က မျက်မှောင်ကြုတ်လိုက်၏

“မင်း ဒါကို တစ်သက်လုံး ဝတ်သွားပါမယ်လို့ ကတိပေးမလား”

သားသည် သူ့အဖေကို ဆတ်ခနဲ မော့ကြည့်ကာ တွန့်ဆုတ်သွားလေသည်။

“အဲဒါတော့……. အဲဒါတော့ ဘယ်ပြောနိုင်မလဲ၊ တကယ်လို့… ”

သား စကားမဆုံးသေးမီ မောင်က ပခုံးတွန့်၍ ပြုံးသည်။

“ဖက်ရှင်ဆိုတာ ခဏပါပဲ၊ မင်း ဘယ် တစ်သက်လုံး ဝတ်နိုင်မလဲ။ ဒါနဲ့ အခုထိတော့ မင်းဝတ်ချင်နေတုန်းပဲပေါ့”

“ဟုတ်တယ် ဖေဖေ”

“နားကွင်းကြီးနဲ့ မင်းကိုယ်မင်း မရှက်ဘူးဆိုတာ သေချာရဲ့လားကွ”

“ယောက်ျားစိတ်ဆိုတာ အခက်သား မိရဲ့၊ ကိုယ့်ဘက်က တရားတယ်လို့ ထင်တဲ့ကိစ္စမျိုးကို သူများ ဘယ်လောက်တားတား လုပ်ပစ်လိုက်ရမှ။ ပြီးမှ မှားသွားရင် တိတ်တိတ်ကြိတ်ခံတတ်တာမျိုး”

“ဥပမာ မောင် ငှက်မွေးသလိုပေါ့၊ ဟုတ်လား မောင်”

ကျွန်မ မျက်စောင်းထိုးတော့ မောင်က အသာပြုံး၍ တိတ်ဆိတ်နေလေသည်။

* * *

“ဇောတိတက္ကဗေဒင်ကျမ်းမှာ ဆိုထားတယ် မိရဲ့၊ မိမိ၏အိမ်၌ စင်စစ် ကောင်းကျိုးမင်္ဂလာ ဖြစ်စိမ့်သောငှာ ခိုကိုလည်းကောင်း၊ ထို့အတူ ဥဒေါင်းကိုလည်းကောင်း၊ ကျေးကိုလည်းကောင်း၊ သာရကာကိုလည်းကောင်း မပြတ်မွေးမြူရာ၏တဲ့”

ထိုစကားကို ထပ်ခါထပ်ခါ ရေရွတ်လျက်က မောင်သည် ကျွန်မတို့အိမ်သို့ ငှက်မျိုးပေါင်းစုံလင်စွာ သယ်ယူလာခဲ့သည်။ ပထမတော့ ကြက်တူရွေးတစ်ကောင်၊ နှစ်ကောင်။ ထို့နောက်တော့ လှပလွန်းလို့ဟူသော အကြောင်းပြချက်ဖြင့် ဒေါင်းကြီးတစ်ကောင်။ ထို့နောက် စကားတတ်လို့ဟူသော အကြောင်းပြချက်ဖြင့် သာလိကာ။ ထို့နောက် ရစ်ကြီးနှစ်ကောင်။ ဤသို့ဖြင့် ကျွန်မတို့အိမ်သည် ငှက်ပေါင်းစုံ ပျော်မြူးရာ ဥယျာဉ်ကြီးတစ်ခုဘဝသို့ ပြောင်းလဲသွားတော့ သည်။

ရှိစုမဲ့စု ခြံဝန်းကျဉ်းကျဉ်းကလေးမှာ ဤငှက်များအား ဘယ်လိုနေရာချထားမည်လဲဟု မောင် မတွေးခဲ့။ သူလိုချင်ပြီဆိုလျှင် ဇွတ်ဝယ်လာတော့သည်။ လှောင်ချိုင့် အသေးအကြီး၊ ချိတ်လိုချိတ်၊ အိမ်ခန်းထဲ တွဲလွဲ ချိတ်လိုချိတ်။
တခါတခါ ငှက်​ချေးတွေက မြင်မကောင်း ရှုမကောင်း။ ငှက်ကိုချစ်သော မောင်သည် ငှက်ချေးကိုတော့ ရွံရှာတတ်ချေသည်။

“မိရေ… မင်းငှက်တွေကို လုပ်စမ်းပါဦးကွ”

ထိုအချိန်မှာတော့ ငှက်တွေအားလုံး သူ့ငှက် မဟုတ်တော့၊ ကျွန်မငှက်တွေ ဖြစ်သွားသည်။ လှောင်ချိုင့်အောက်မှာ ဖြန့်ခံထားသော စကောဝိုင်းတွေကို သုံးလေးရက်တစ်ခါ ဖြုတ်လျက် ချေးညှော် အမှိုက်သန့်စင်ပေးရသူက ကျွန်မသာဖြစ်သည်။ ဧည့်သည်တွေ လာချိန်၌ ဂုဏ်ယူဝင့်ကြွားစွာ ပြသပြောဆိုနေလျှင်တော့ ငှက်အားလုံးသည် သူ့ငှက်တွေချည်း ဖြစ်သွားပြန်၏။

“ရွှေခဲလေးရေ ခဏစောင့်ပါဦးလို့ ပြောလိုက်စမ်း၊ ပြောပြလိုက်စမ်း”

ကြက်တူရွေးကလေး၏ မပီတပီ အသံများကို နားထောင်ကာ သူ တဟားဟား ရယ်မော သဘောကျနေတတ်သည်။

“ဟောဒါက ကြက်တောလို့ ခေါ်တယ် မိရဲ့၊ သူ့ကို ကိုယ် သုံးရာ့ငါးဆယ်နဲ ရလို့ ဝယ်လာတာ။ ကြည့်စမ်းပါဦး၊ သူ့နှုတ်သီးကြီး မလှဘူးလား”

ကျွန်မဖြင့် ကောက်ချိတ်ချိတ် နှုတ်သီးကို နည်းနည်းမျှ လှသည်ဟု မထင်မိပါ။ စိမ်းပြာပြာ အသွေးရှိသော ကြက်တူရွေးသေးသေးကလေးများကိုတော့ ကျွန်မသဘောကျသည်။ ကျေးကျုတ်ဟု ခေါ်သည် ထင်ပါရဲ့။ ကျွန်မ ကောင်းကောင်း အမျိုးအစား မခွဲတတ်ပါ။ ကျွန်မသိသည်က ငှက်အားလုံးသည် အစားအစာကို စည်းမရှိ ကမ်းမရှိ ထိုးဆိတ်ကာ ပေပွနေအောင် စားတတ်သည်။ ရေခွက်နှုတ်ခမ်းကို နှုတ်သီးဖြင့် မထိထိအောင် ချိန်လျက် ထိုးဆိတ် မှောက်လှဲပစ်တတ်သည်။ အစာ​ကျွေးရန် လှောင်အိမ်သံချောင်းကလေးတွေအကြား လက်ထည့်လိုက်လျှင် သူတို့က အလျင်ဦးအောင် လက်ကို ဆိတ်ဆွတတ်သည်။

ကျွန်မနှင့်ငှက်တွေ ဘယ်တော့မျှ မတည့်ပါ။ မောင်ကတော့ နံနက် ရုံးမသွားမီ တစ်ခါ၊ ရုံးဆင်းအပြန် တစ်ခါ အစာကျွေးလေ့ရှိသူဖြစ်၍လားမသိ၊ ကြင်နာနူးညံ့စွာလည်း ကိုင်တွယ်တတ်၍လားမသိ မောင့်ကို ငှက်တွေက ချစ်ကြသည်။ လှောင်ချိုင့်ကိုဖွင့်၍ မောင့်လက်ဖမိုးကို တံခါးပေါက်အဝကလေးမှာ ထားလိုက်လျှင် လက်ဖမိုးပေါ် ခုန်တက်တတ်သည်။ ကိုကြက်တောကတော့ မောင့်ပခုံးပေါ်မှာနား၍ မောင်နှင့်အတူ အိမ်ထဲမှာ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ပါသွားတတ်သေး။

မောင့်လို ငှက်တိရစ္ဆာန်ဝါသနာရှင်များ အိမ်သို့ရောက်လာလျှင်တော့ ကျွန်မတို့အိမ်သည် ငြင်းခုန်သံ ရယ်မောသံတို့ဖြင့် ဆူညံ စည်ကားနေလေသည်။ ယောက်ျားတို့၏ဝါသနာကား တော်တော် စုံလင်သည်ဟု ပြောရမည်။ တချို့က ခွေးမွေးသည်။ တချို့က ယုန်ကလေးတွေ မွေးသည်။ ရှားရှားပါးပါး စပါးကြီးမြွေကို မွေးမြူ ထိန်းသိမ်းထားသော လူတစ်ဦးကိုပင် ကျွန်မ တွေ့ဖူးပါသည်။ မောင်က မြွေ မမွေးလို့ တော်ပါသေးရဲ့ ။ မြွေကိုသာ ဝါသနာပါလျှင် ကျွန်မတို့လင်မယား ကွဲကြလိမ့်မည်ထင်သည်။

ယခုကိုပဲ မောင့်ကျေးငှက်များကို ကျွန်မ စိတ်ကုန်ပြီ။ တစ်ကောင်နှင့်တစ်ကောင် တကျီကျီ တကျာကျာ အသံပြုအော်မြည်သံကတစ်မျိုး၊ တောင်ပံကို တဖြတ်ဖြတ်ခတ်လျက် သစ်သားတန်းကို ကုတ်ခြစ်သံက တစ်မျိုး၊ လှောင်အိမ်နံရံကို နှုတ်သီးဖြင့် တ​တောက်တောက် ထိုးဆိတ်သံက တစ်မျိုး၊ လည်ဆံမွေးများထဲသို့ နှုတ်ဖြင့် မရအရ ထိုးဖွ၍ တဂစ်ဂစ်အော်မြည်သံက တစ်မျိုး၊ အိမ်မှာ တ​နေကုန်နေရသော ကျွန်မအတွက်တော့ ထိုအသံများသည် နားညည်းစရာအရာများသာဖြစ်သည်။

ထိုထက်ပို၍ဆိုးသည်မှာ ခြံဝန်းထဲမှ ရစ်ကြီးနှစ်ကောင်၏ အော်သံဖြစ်၏။ သည်လောက် ဆူညံသောအသံမျိုးကို သူတို့မို့ အော်တတ်လေသည်။ ရွှေရောင်နှင့်အစိမ်းရောင် ရောယှက်လျက် လှပသောဒေါင်းငှက်ကြီးကတော့ ကျွန်မကို အသံဖြင့် ဒုက္ခမပေးပါ။ သို့သော် တစ်ခါတစ်ခါ သစ်ပင်ပေါ်မှာ ခဏလွှတ်ပေးထားလျှင် သူက ဟိုအိမ် သည်အိမ် ခုန်ပျံကူးချင်သေး၏။ ဒေါင်းကြီး ပျောက်ပျောက်သွား၍ ကျွန်မမှာ ရပ်ကွက်ထဲ လိုက်ရှာရသည့်ဒုက္ခက ရှိသေးသည်။ အရက်မူးမူးနှင့် အော်ဟစ်ဆူပူတတ်သော အိမ်နီးချင်းတစ်ယောက်ကတော့ ကျွန်မတို့ဒေါင်းကြီးကို မျက်စိကျနေသည်။

“လာခဲ့၊ ဒီတစ်ခါ လာရဲရင်လာခဲ့၊ အရက်နဲ့ မြည်းပစ်လိုက်မယ်။ ဒေါင်းသားဆိုတာ တယ်ကောင်းဆိုပဲ”

ကျွန်မမှာ ဒေါင်းငှက်ကြီးကို ကရုဏာသက်စွာ အရိပ်တကြည့်ကြည့် စောင့်ရှောက်ရပြန်သည်။

“ဒေါင်းသားဆိုတာ စားမှ စားကောင်းရဲ့လားဟင် မောင်”

ဟု ကျွန်မမေးတော့ မောင်က မျက်နှာညိုညိုနှင့်

“မိရယ် အရက်သမားဆိုတာ ဘာအသားပဲဖြစ်ဖြစ် သူတို့အဖို့ ကောင်းနေတာပဲဥစ္စာ” ဟု ဖြေခဲ့သည်။

မောင် ကျေးငှက်တိရစ္ဆာန်တွေ မွေးမြူသည်မှာ သူတို့ကို ချစ်လို့ဟု ကျွန်မထင်ခဲ့မိ၏။ တကယ်တော့ မောင်သည် အခြားသူတွေ တံဆိပ်​ခေါင်း စုသလို စုဆောင်းလိုသော ဝါသနာအရသာ မွေးမြူခဲ့ခြင်းဖြစ်ကြောင်း နောက်မှ ကျွန်မ သိရသည်။ မောင်သည် ငှက်တိရစ္ဆာန်များကို ကြာရှည်မွေးမြူပြုစုပေမယ့် သံယောဇဉ်ရစ်တွယ် နှောင်ဖွဲ့နေတတ်သူမဟုတ်။ မိတ်ဆွေတစ်စုံတစ်ဦးက သူ့အကောင်ပလောင် တစ်ခုတစ်လေနှင့် လဲလှယ်လိုလျှင် မောင့်မှာလည်း ထိုအမျိုးအစား မရှိသေးဘူးဆိုလျှင် မဆိုင်းမတွ ချက်ချင်း ကောက်လဲပေးလိုက်တတ်၏။ ထိုအချိန်မှာတော့ မောင်သည် မိမိ၏ကျေးငှက်ကို ဝယ်ခဲ့ရသည့်ဈေးနှုန်းနှင့် တစ်ဖက်က အကောင်၏ဈေးနှုန်း အနည်းအများ အရှုံးအမြတ် တွက်ချက်တတ်သူမဟုတ်။ ကျွန်မက မိန်းမပီပီ လဲလှယ်သော ပစ္စည်းဈေးနှုန်း ကွာခြားမှုအရ အရှုံးအမြတ်တွက်ပြလျှင် မောင် စိတ်ဆိုးတတ်ပြန်သေး၏။

“အခုဟာက ကိုယ် အရောင်းအဝယ်လုပ်နေတာ မဟုတ်ဘူးကွ”

တဇွတ်ထိုးနိုင်လှသော မောင့်ကို ကျွန်မ စိတ်ပျက်ရပေါင်း များလှပြီ။ မောင့်လုပ်စာသည် လှောင်ချိုင့်ဖိုး၊ ငှက်ဖိုး၊ ငှက်စာဖိုး၊ ဆေးဖိုးတို့နှင့်ပင် ကုန်သလောက်ရှိနေပြီ။ ကျွန်မသာ အိမ်မှာနေရင်း တစ်ဖက်တစ်လမ်းမှ စီးပွားရှာတတ်သူ မဟုတ်ခဲ့လျှင် ကျွန်မတို့မိသားစု မောင့်ငှက်များနှင့်အတူ အသီးအရွက်များကို ဝေမျှစားသောက်နေရုံသာ ရှိလိမ့်မည်။ မောင့်ကို ကျွန်မ ဈေးတွက် တွက်ပြတိုင်း ကျွန်မတို့ ရန်ဖြစ်ရရုံသာရှိလျက် မောင့်အချိုးကို လုံးဝမပြုပြင်သော အခါ မောင်နှင့်မောင့်ငှက်များကို ကျွန်မ ပစ်ထားကြည့်လိုက်သည်။ သို့သော် တကယ်တမ်းကျတော့ မောင်၏အိမ်ထောင်ရေးသစ္စာနှင့် လူမှုရေး ဖြောင့်မှန်ရိုးသားမှုများကို ဂုဏ်ယူမက်မောစွာ မြင်နေရပြန်တော့ မောင်၏ဝါသနာနှင့်အကျင့်ကို ကျွန်မ ခွင့်လွှတ်ရပြန်သည်။

“မိ… မင်းလို ဗျစ်တောက်ဗျစ်တောက်နဲ့ ဆူပူတတ်တဲ့ မိန်းမမျိုးဟာလေ ငါနဲ့ရဖို့ မကောင်းဘူး သိလား”

မောင်က မျက်နှာထိ မျက်နှာထားနှင့်ပြောလျှင် ထောင်းခနဲ ဒေါပွသွားတတ်၏။

“အံမယ် ရှင်က ကျုပ်ကို ဘယ်သူနဲ့များ ပေးစားချင်လို့တုံး “

“မယားငယ်ယူတတ်တဲ့ ယောက်ျားမျိုးနဲ့ ​ပေးစားချင်တယ်”

ထိုစကားအောက်တွင် ကျွန်မ၏ဒေါသများ ကွယ်ပျောက် လွင့်စင်သွားရလေသည်။ စိတ်သက်သာရာရမှုဖြင့် ကျွန်မ ငြိမ်သက် တိတ်ဆိတ်သွားသည်ကို ကျွန်မစိတ်ဆိုးသွားသည်ဟု မောင်က ထင်ခဲ့ဖူး၏။

“ကိုယ့်မှာ အားနည်းချက်တွေ အများကြီးပဲနော် မိ”

ကျွန်မကို ခပ်ငေးငေးဖြင့် ချော့မော့မလိုလို နူးညံ့ အေးဆေးစွာ မောင်ပြောလျှင် ကျွန်မ ချက်ချင်း ရယ်မောလိုက်မိသည်။

“အများကြီးတော့ မဟုတ်ပါဘူး၊ ဒီတစ်ခုတည်းပါ။ မောင်တို့အားလုံး တစ်မျိုးတစ်ဘာသာစီ စိတ်ပျက်စရာကောင်းတာချည်းပါပဲ” ဟု ကျွန်မ ပြောမိသည်။

“မောင်တို့အားလုံးဆိုတာ ဘယ်သူတွေတုံး”

“အိုး… ကျွန်မဘေးနားက ယောက်ျားတွေပေါ့ မောင်ရဲ့။ မောင့်အဖေရယ်၊ မောင့်အဘိုးရယ်လေ။ အင်း ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် ကျွန်မ သူတို့ကိုချစ်တယ်”

မောင်က စိတ်အေးသွားဟန်ဖြင့် ခပ်ဟက်ဟက် ရယ်မောသည်။

* * *

အရက်သမားများကို အလွန်မုန်းတီးတတ်သော ကျွန်မသည် မောင့်ဖေဖေကိုတော့ အလွန်ချစ်ပါသည်။

ဖေဖေသည် အငြိမ်းစား ရေနံတွင်းတူး ဗိုလ်တစ်ယောက် ဖြစ်သည်။ အလွန်အေးဆေး သိမ်မွေ့သူတစ်ယောက်ဖြစ်သည်။ လက်အောက်ငယ်သားကို စကားပြောသည်ကအစ လေသံတိုးတိုးနှင့် နူးညံ့စွာ ပြောတတ်၏။ သားနှင့်မယားအပေါ်မှာ တာဝန်ကျေသော အိမ်ထောင်ဦးစီးတစ်ယောက်၊ အလုပ်အပေါ် တာဝန်ကျေသော အရာရှိတစ်ယောက်၊ ဆက်ဆံရေးပြေပြစ်သော်လည်း စည်းစနစ်ကျကျ ဖြောင့်မှန်ရိုးသားသူတစ်ယောက်ဖြစ်သည်။ ဖေဖေ၏ တစ်ခုတည်းသော အားနည်းချက်ကြီးကြီးတစ်ခုမှာ အရက်ကို နှစ်ခြိုက်စွာ သောက်တတ်ခြင်းပင် ဖြစ်သည်။ အလုပ်လုပ်စဉ်က အရက်ကို ချင့်ချိန်စွာ စည်းကမ်းထား၍ သောက်ခဲ့သောဖေဖေသည် အငြိမ်းစားယူပြီးနောက်တော့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် သောက်လေသည်။

ဖေဖေသည် အခြားအရက်သမားများနှင့်မတူဘဲ အရက်မူးလျှင် အလွန်သဘောကောင်းပြီး ရက်ရောတတ်သည်။ လူလည်ကျသော မောင်သည် ဖေဖေ့ထံမှ အခွင့်အရေး တစ်စုံတစ်ခု တောင်းလိုလျှင် အရက်မူးချိန်မှာ တောင်းတတ်၏။ ထိုအချိန်မှာ ဖေဖေက မောင် တောင်းသမျှ ပေးတတ်၏။ မောင့်နည်းတူ လူလည်ကျသော သားက သူ့အဘိုးအကြောင်းကို မောင့်ထက် ပို၍သိသည်။

“အရက်နည်းနည်းမူးတုန်းမှာ သူပြောတဲ့စကားတွေကို ဘိုးဘိုး အကုန်မှတ်မိတယ်။ ဒါပေမယ့် တော်တော်မူးနေတုန်းမှာ ပြောတဲ့စကားတွေကိုတော့ ဘိုးဘိုး မေ့ကုန်ရော”

တစ်ခါတုန်းက ဖေဖေသည် မိတ်ဆွေအရာရှိတစ်ဦးအား မိမိအိမ်သို့ ထမင်းစားလာပါရန် နေ့ရက်အတိအကျဖြင့် ဖိတ်ခဲ့ဖူး၏။ ထိုမိတ်ဆွေကလည်း အတိအကျ ရောက်လာခဲ့၏။ သို့သော် ဤကိစ္စကို မေမေကလည်း မသိ၊ ဖေဖေကလည်း မေမေ့ကို ပြောပြထားရလောက်အောင်ပင် မမှတ်မိခဲ့။ မိတ်ဆွေကို ဧည့်ခံစကားပြောနေရင်း အချိန်ကုန်သွားခဲ့သည်။ နောက်မှ ထမင်းစားချိန်ရောက်၍ ​ဖေ​ဖေ ဆာလာဟန်ရှိမှ “ခင်ဗျား ထမင်းစားခဲ့ပြီးပြီလား၊ စားသွားပါလား”ဟုလောကွတ်လုပ်တော့မှ ထိုမိတ်ဆွေက ရယ်​မော​လေသည်။

“ကိုဘအောင်တို့ကတော့ လုပ်ပြီဗျာ၊ ခင်ဗျားပဲ ကျွန်တော့်ကို ဒီနေ့နေ့လယ် ထမင်းစားဖိတ်ထားခဲ့တာလေ”

ထိုအခါကျမှ ဖေဖော မေမေရော အားနာပါးနာဖြင့် မရှိရှိတာကို ကမန်းကတန်း စီစဉ် ကျွေးမွေးရလေသည်။ ဖေဖေ့ကို ရင်းနှီးချစ်ခင်သော ထိုမိတ်ဆွေသည် ခေါင်းတရမ်းရမ်းနှင့် ဖေဖေ့အကြောင်းကို ပြော၍မဆုံးနိုင်အောင် ရှိသည်။

“ကျုပ်က အစတုန်းကတော့ ဘာမှမပြောဘဲ လှည့်ပြန်သွားဦးမလို့ပဲဗျ။ ဒါပေမယ့် ဒီလူ မှတ်လောက်သားလောက် ဖြစ်စေချင်လို့ အားမနာပါးမနာ သတိပေးလိုက်ရတာပဲ”

သားကတော့ အဘိုးထံမှ ရုတ်တရက် သူတောင်းချင်တာ တစ်ခုခုရှိလျှင် အရက်မူးစဉ်က သူ့အား အဘိုးက ကတိပေးခဲ့ဖူးသလို ဟန်ပန်ဖြင့် ရအောင်တောင်းတတ်လေသည်။

“ဘိုဘိုးပဲ ဟိုတစ်ညတုန်းကပြောတော့ သားကို ရက်ကက်တစ်ခု ဝယ်ပေးရဦးမယ်ဆို”

“ဟေ… ငါပြောမိလို့လားကွ”

“ဟာ… ပြောတယ်လေ၊ ဘိုးဘိုးကတော့ လုပ်ပြီ”

“အေး အေး၊ ရမှာပေါ့ မြေးရာ၊ ရမှာပေါ့”

မေမေက ဖေဖေအရက်ကြိုက်တတ်သည်ကို စာနာစွာ အိမ်၌ အရက်အမျိုးအစားကောင်းကောင်း ပုလင်းလိုက်ထား၍ တိုက်ဖူးသည်။ ဖေဖေက တစ်ယောက်တည်း အရက်သောက်ရမှာ ပျင်းသည် ဟူ၍ ဆိုင်မှာ သွားသွားသောက်သောကြောင့် နောက်ထပ် ဝယ်မထားတော့ပေ။ အရက်ဆိုင်သွားခါနီးလျှင် ဖေဖေ့ရေချိန်ကို မှန်း၍ မေမေက ဖေဖေ့အိတ်ကပ်ထဲ ပိုက်ဆံထည့်ပေးလိုက်တတ်သည်။ တစ်ခုထူးဆန်းသည်မှာ ဖေဖေသည် အရက်ကို ဘယ်တော့မျှ အကြွေးသောက်လေ့မရှိ။ ပါသည့်ပိုက်ဆံကုန်သွားလျှင် ခပ်ရှက်ရှက်ဖြင့် ထပြန်လာတတ်သည်။ ထိုအခါမျိုးတွင်တော့ ဖေဖေနှင့်မေမေ စကားများတာ သူ ကြုံရဖူးသည်ဟု မောင် ကျွန်မကို ပြောပြခဲ့ဖူးပါသည်။ အရက်မူးစဉ် မေမေနှင့် ရန်ဖြစ်တိုင်း အမြဲငိုလေ့ရှိသည်တဲ့။

“မခင်လေးရာ ကျွန်တော့်ကို အရက်လေးတော့ ဝအောင် တိုက်ပါဗျာ”

မေမေက မျက်ရည်ကြားမှ ရယ်မောကာ မျက်စောင်းထိုးလျက် အိမ်မှာ အမြဲသိမ်းထားလေ့ရှိသော ဝီစကီပုလင်းကို ထုတ်ရလေသည်။

“ဘယ်လိုလည်းမသိဘူး၊ သူများကြားရင် ထမင်းတောင် ဝအောင်မကျွေးသလို လူကိုထင်ကြဦးမယ်”

နံနက်မိုးလင်းလျှင်တော့ ဖေဖေသည် ညကမူးပြီး ငိုခဲ့သူမှာ သူ မဟုတ်သလိုပင်။ ခပ်တည်တည် မျက်နှာပေးနှင့် ရှိနေတတ်သည်။

ဖေဖေတို့တစ်မျိုးလုံး တစ်ဆွေလုံးတွင် အရက်သောက်သူမှာ ဖေဖေတစ်ယောက်တည်းသာ ရှိသည်ဟု မောင်က ပြောဖူး၏။ ဟုတ်ပါလိမ့်မည်။ ဘိုးဘိုးသည် ဖေဖေရှိရာ ရေနံချောင်းသို့ လာတိုင်း ဖေဖေအရက်သောက်သည်ကို ရှုတ်ချလေ့ရှိတာ ကျွန်မ မကြာခဏ ကြုံဖူးသည်။

“ဒီဂရီလေးရ၊ အလုပ်ကလေးက ကောင်း၊ ဟန်ကျပန်ကျ ဆိုတော့ အရက်သောက်ပြီး ပျက်စီးပြီပေါ့ကွာ။ တယ်ကောင်း။ အခုနေ မင်းအမေသာသိသွားရင် ဘယ်လောက်များ ငိုလိုက်ရမလဲ”

ရယ်စရာ​ကောင်းသည်မှာ ​ဖေ​ဖေ အရက်​သောက်တတ်သည်ကို ဘွားဘွား လုံးဝသိမသွားဘဲ သေဆုံးသွားခဲ့ခြင်းပင်။ ဖေဖေ အရက်စသောက်သည်မှာ အသက် ၄၅နှစ်။ ဖွားဖွား ဆုံးသည်မှာ ဖေဖေအသက် ၆ဝ အရွယ် ပင်စင်ရကာစ။ ထို ၁၅ နှစ်အတွင်း ဖေဖေက ရေနံချောင်းမှာနေ၍ ဘွားဘွားတို့က ပင်းဝရွာမှာနေသောကြောင့် ဘွားဘွားခမြာ သူ့သား အရက်သောက်သည်ကို မမြင်ဖူးခဲ့ပေ။ ဖေဖေကလည်း ကျွန်မတို့ရေနံချောင်းသို့လာခိုက် ပင်းဝသို့ အတူလိုက်၍ ဘိုးဘိုးနှင့်ဘွားဘွားကို ကန်တော့သည့်အခါများတွင် ဘွားဘွားရှေ့၌ ငြိမ်ဝပ်နေတတ်သည်။ ဘိုးဘိုးကသာ ဖေဖေရှိရာ မကြာခဏ လာတတ်သူမို့ ဖေဖေ့အကြောင်း အလုံးစုံ သိလေသည်။

တစ်ခါတစ်ရံ ဖေဖေရှိရာ အရက်ဆိုင်သို့ပင် ဘိုးဘိုးက လိုက်သွားဖူးသည်။

“ဘအောင်” ဟု ဘိုးဘိုးက မျက်နှာထိ မျက်နှာထားနှင့် ခေါ်လျှင် ဖေဖေက အရက်တကယ်မမူးသေးပေမယ့် ဒယိမ်းဒယိုင် လျှောက်လာပြီး ဘိုးဘိုးပခုံးကို လက်သီးနှင့် ထိုးတတ်သည်။

“ဖေဖေ အရက်သောက်မလို့လား”

ဟု မသိဟန်ဆောင်၍ ဖေဖေကမေးလျှင် ဘိုးဘိုးက ဆဲလိုက်သလိုပင် နာတတ်၏။

“ခွေးကောင် ဖအေကိုများ မလေးမစားနဲ့၊ ငါက မင်းလို ငရဲမှာ ချိုးကပ်မယ့်ကောင် မဟုတ်ဘူး။ ငါနဲ့လိုက်ခဲ့စမ်း။ မင်းအမေ တောင်းခိုင်းထားတဲ့ ကြက်သွန်ဖိုးတွေ စာရင်းရှင်းရအောင်”

ဘွားဘွား၏ကြက်သွန်ကြွေးမှာ စာရင်းမှာသာရှိလျက် ဖေဖေ့လက်ထဲ ငွေမကျန်တတ်ပေ။

“ဘယ်မလဲ ပိုက်ဆံတွေ”

ဘိုးဘိုးက သိလျက်နှင့် ဇွတ်ပေကပ်၍ ငွေတောင်းတတ်၏။ ဖေဖေက မျက်လုံးဝိုင်းလျက် ခေါင်းကို ကုတ်ဖွ၍ မပြီးတော့ချေ။

“ရပြီးပြီ အဖေရယ်၊ ကျွန်တော် မခင်လေးရဲ့ သေတ္တာထဲ ထည့်ထားလိုက်တယ် ထင်တာပဲ”

“အံမယ်…အံမယ်….ခင်လေးရဲ့ သေတ္တာထဲထည့်ထားရင် အခုရှိမှာပေါ့ကွ။ မင်း အရက်သောက်ပစ်လို့ အခုမရှိတာပေါ့”

ဘိုးဘိုးက တကယ်ဒေါသထွက်လျက် ငေါက်ငမ်းသည်။

“ဟာ… အဖေမှားနေပြီ၊ ကျွန်တော်အရက်သောက်တာ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော်သောက်တာ၊ မခင်လေးဆီက တစ်ပြား မယူဘူး”

ထိုအခါမျိုးတွင် မေမေက သားအဖကြား ဝင်မပါဘဲ တစ်ဖက်လှည့်ကာ ပြုံးနေတတ်သည်။ ကျွန်မသည် မေမေ့ကို တအံ့တဩ ချီးကျူးမိ၏။ မေမေသည် အရက်သမားတစ်ယောက်ကို လေးစားထိုက်သော ခင်ပွန်းအဖြစ် ဘယ်လိုများ ဆက်လက်ပေါင်းသင်းနေနိုင်ပါလိမ့်။ ကျွန်မ ဖေဖေ့ကိုချစ်သည်က ယောက္ခမလည်းဖြစ်၊ ကျွန်မအပေါ်လည်း ကြင်နာနားလည်သူဖြစ်၊ အဝေးမှာလည်း ရှိနေသည်မို့ ထားပါတော့။ မေမေက နှစ်ပေါင်းများစွာ အနီးကပ်ပြုစုရသူဖြစ်ရာ အရက်သမားမယားအဖြစ် ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပေလိမ့်မည်။ မေမေ ဘယ်လို ရင်ဆိုင်ခဲ့ရပါလိမ့်။ မေမေ့ကို မေးကြည့်ဖူးသည်။ အတန်းပညာ သိပ်မတတ်သော၊ မာန်မာနကင်းစွာ နှိမ့်ချတတ်သော မေမေက အေးဆေးစွာ ပြုံး၍ဖြေခဲ့၏။

“ဪ သမီးရယ်၊ ယောက်ျားတစ်ယောက်ဆီက စည်းစိမ်ချမ်းသာနဲ့သုခကို မျှဝေခံစားပြီးတဲ့ မိန်းမတစ်ယောက်ဟာ အဲဒီယောက်ျားရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မျှဝေခံစားနိုင်ရမှာပေါ့။ လူတစ်ယောက်ကို စုံမက်ပြီး ပေါင်းသင်းတဲ့အခါ သူ့ရဲ့အ​ကောင်း​တွေကို ကိုယ်ယူရသလို သူ့ရဲ့အဆိုးတွေကိုလည်း ကိုယ်ယူရမယ် မဟုတ်လား၊ တစ်ဖက်သတ်ကြီးတော့ ဘယ်ရပါ့မလဲ၊ ပါရမီဆိုတာ ဒါပဲလေ”

ကျွန်မ အံ့ဩစွာ ငေးနေခဲ့ရ၏။

“သားဖေဖေက အရက်သောက်တာ တစ်ခုပဲ ပြောစရာရှိတာပါ။ ​မေမေနဲ့သားအပေါ် အင်မတန်သစ္စာရှိတာ၊ အင်မတန်ဝတ္တရား ကျေပွန်တာ။ သူ့ဘဝမှာ ဘယ်သူ့အပေါ်မှ ယုတ်ညံ့တဲ့စိတ်ထား မထားခဲ့ဖူးဘူး။ မေမေစိတ်ညစ်ရအောင်လည်း သူတစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ သိပ်လေးစားဖို့ကောင်းတယ် သမီးရဲ့”

မေမေက လေးစားရသော ဖေဖေ့ကို ဘိုးဘိုးကတော့ ငါးပါးသီလ ချိုးဖောက်သူအဖြစ် တဗျစ်တောက်တောက် ဆုံးမ၍ မပြီးတော့ပေ။

“အရက်သမားဆိုတာ သေရင်လည်း ငရဲကျဦးမယ်၊ အခု လောလောဆယ်လည်း အရှက်ရသေးတယ်”

ထိုစကားကို ဖေဖေက ဆတ်ဆတ်ထိမခံ ပြန်ပြောတတ်၏။

“အရက်သောက်ပြီး ကျွန်တော် ဘာအပြစ်မှ မလုပ်ဖူးဘူးအဖေ၊ ကျွန်တော် ငရဲမကျဘူး။ ဒါ ရှက်စရာလည်း မဟုတ်ပါဘူး၊ ကျွန်တော်ကြိုက်လို့ ကျွန်တော်သောက်တာပဲ။ သောက်ရုံပဲ သောက်တာပဲ၊ မကောင်းမှု လုပ်တာ မဟုတ်ဘူး။ ကျွန်တော် အရက်ကြိုက်တယ်ဆိုတာ အဖေ ဆေးတံကြိုက်သလိုမျိုးပါပဲ။ တစ်မျိုးစီ ပိုက်ဆံကုန်ခံပြီး တစ်မျိုးစီ ဇိမ်ကျကျ ယစ်မူးတာပဲ”

“ဘာကွ”

ဘိုးဘိုးသည် အရက်နှင့်ဆေးတံကို တစ်တန်းတစ်စားတည်းထား၍ နှိုင်းယှဉ်ရကောင်းလားဟု ဒေါပွမဆုံးရှိတော့သည်။ ထိုအခါမျိုးမှာ မေမေကတော့ သားအဖနှစ်ယောက်ကြား ဘယ်သူ့ဘက်မှ မလိုက်ဘဲ ပြုံးရယ်လျက် ပွဲကြည့်ပရိသတ် လုပ်နေလေသည်။

ဖေဖေ့ကို အရက်နှင့်ခွဲခွာ၍ မရသလို ဘိုးဘိုးကိုလည်း ဆေးတံနှင့် ခွဲခွာ၍ မရချေ။ ဘိုးဘိုးသည် အသက် ၁၈ နှစ် အရွယ်ကတည်းက ဆေးတံသောက်လာခဲ့သည်ဟု ဆိုသည်။ မောင် စီးကရက်သောက်တာမြင်လျှင် ဘိုးဘိုးက စိုးရိမ်တကြီး တားမြစ်တတ်၏။

“စီးကရက် သိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်တယ်”

ဘိုးဘိုး၏ ဆေးတံဆေးနံ့သည် မောင့်စီးကရက်ရနံ့ထက် ပို၍မွှေးသည်ကို ကျွန်မ သတိပြုမိသည်။ မောင်ကလည်း ဘိုးဘိုးကို အားကျ၏။ ဘိုးဘိုး၏ဆေးဘူးကို ကိုင်ကြည့်၊ မွှေးကြည့်လျက် ဆေးအိုးထဲ ဆေးမှုန့်တွေသိပ်ထည့်ကာ မီးညှိဖို့ ကြိုးစားဖူးသည်။ ဘိုးဘိုးက မောင့်ကို ကြည့်၍ ရယ်မော၏။

“ဘာလဲ ငါ့မြေးက ဆေးတံသောက်စမ်းမလို့လား”

“ဘိုးဘိုး ဆေးနံ့က သိပ်မွှေးတာပဲဗျာ”

“အေးကွ အနံ့ကလေးကလည်း ကောင်းတယ်။ အရသာကလည်း သိပ်ရှိပါရဲ့။ ဒါပေမယ့် မင်းနဲ့တော့ ဖြစ်မယ်မထင်ပါဘူးကွာ”

“ဘာဖြစ်လို့လဲ ဘိုးဘိုးရဲ့”

ဘိုးဘိုးက ဆေးတံကို လက်မှာ လှည့်ပတ်ကြည့်ရင်း မောင့်ကို ရှင်းပြသည်။

“ဆေးတံသောက်တဲ့လူရဲ့ ဒုက္ခကို မင်းခံနိုင်မှာ မဟုတ်လို့ပေါ့ ငါ့မြေးရာ။ တယ်အလုပ်ရှုပ်တာကိုးကွ၊ ဆေးတစ်အိုး ကုန်သွားပြီဆိုရင် ပြာတွေ ဆေးချေးတွေကို ခေါက်ချ၊ သွန်ပစ်ရုံနဲ့ ရမယ်ထင်လို့လား။ တစ်ခါတစ်ခါ ဆေးချေးတွေက ဆေးတံပိုက်ဝမှာ ပိတ်ဆို့နေရင် သိပ်ထုတ်ရခက်တာ။ ဆေးအိုးကို စိတ်ရှည်လက်ရှည် ခြစ်ထုတ်၊ ဆေးတံပိုက်ကိုလည်း စိတ်ရှည် လက်ရှည် ရှင်းယူရတာ။ မင်းတို့စီးကရက်လို သောက်ပြီး ထိုး​ချေ လွှင့်ပစ် ချထားခဲ့လို့မရဘူး”

ဘိုးဘိုးသည် သူသောက်နေကျ ဆေးတံအဟောင်းကို အသစ်ထက် ပို၍ခင်တွယ်၏။ ဘိုးဘိုးသည် ဆေးတံအမျိုးမျိုးတို သူ့စားပွဲ အံဆွဲထဲတွင် စီတန်း၍ ထားတတ်သော်လည်း တစ်မျိုးတည်းသာ အသုံးပြုသည်။ ဆေးတံဟောင်းသည် သူနှင့် နေသားကျပြီး ဆေးနှပ်ရတာလည်း လွယ်ကူသည့်အပြင် မီးစွဲလည်း ကောင်းသည်ဟု ဆိုပါသည်။ သူ့ဆေးဘူးကို တစ်ယောက်ယောက် ကိုင်သွားလျှင် သူ ချက်ချင်းသိ၏။

“တယ် ဒီကောင်တွေ ဆေးဘူးကို ဘယ်လောက်ကြာကြာ ဖွင့်ထားမှန်းမသိ။ လုံအောင်လည်း ပြန်မဖုံးကြဘဲကိုး။ လေတွေ တော်တော်ဝင်နေပြန်ပြီ ထင်ပါရဲ့။ ဘာမှ သိတတ်တဲ့ဟာတွေ မဟုတ်ဘူး။ ဒီဆေးတစ်ဘူးကို ဘယ်လောက်ဈေး ရှိတယ်မှတ်လဲ”

မောင်က တစ်ခါတစ်ရံ ဆေးတံဆေးဘူး တစ်ခုတလေနှင့် ဘိုးဘိုးကို ကန်တော့သောအခါ ဘိုးဘိုးက ပြုံးလျက် ခေါင်းတညိတ်ညိတ် လုပ်နေ၏။

“ဗာဂျီနီးယား ဆေးတိုင်းလည်း ကောင်းတာမဟုတ်ပါဘူးကွာ၊ သူ့တံဆိပ်နဲ့သူ သူ့အမျိုးအစားနဲ့သူမှ။ တချို့ဆေးကတော့ကွာ မင်းအဘွားလက်ဖြစ် ဆေးလောက် အရသာမရှိဘူးဟေ့”

ဘွားဘွားက ဆေးစပ်တော်တော်ကောင်းသည်ဟု ပင်းဝရွာတွင် နာမည်ကြီးသည်။ ဘွားဘွားသည် ရောင်းတန်းဆေးလိပ်များကို သောက်သူမဟုတ်။ မိမိကိုယ်တိုင် ဆေးတောင်းတစ်တောင်းဖြင့် ဆေးလိပ်လိပ်၍ သောက်သူဖြစ်သည်။ ဆေးလိပ်လိပ်သော သဘက် အဖြစ် သနပ်ဖက်ကို ဘယ်တော့မျှမသုံး။ ပြောင်းဖူးဖက်ကိုသာ သုံးလေသည်။ ဘွားဘွားအိမ်တွင် မြေတလင်းပြင်၌ ယာထွက် ကြက်သွန်များ၊ ငရုတ်သီးများနှင့်အတူ ဆေးရွက်ကြီးများကိုပါ တစ်ခါတစ်ရံ တွေ့ရသည်။

ဘွားဘွားသည် ဆေးရွက်ကြီးကိုဝယ်၍ အခြောက်ခံကာ အုန်းနှဲရိုး၊ ဆေးရိုးတို့ဖြင့် ရောစပ်ပြီး ကိုယ်တိုင် ဆေးစပ်သူဖြစ်သည်။ မန်ကျည်းမှည့်ရေကလေးဖြင့် တောက်တောက်ပြီး ဘွားဘွား ဆေးနယ်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်း၏။ ဘိုးဘိုးအတွက် ဆေးတံဆေး ပြတ်လပ်သွားလျှင် ဘွားဘွားကိုယ်တိုင် ဆေးစပ်ပေးသည်က ပို၍စိတ်ဝင်စားစရာကောင်းသည်။ ဘွားဘွား၏ဆေးတောင်းကလေးသည် စစ္စေးဖြင့် တောက်ပပြောင်လက်လျက် ဖုံတစ်မှုန်မှမရှိအောင် ပိတ်ဖြူပါးပါးကလေးဖြင့် ဖုံးအုပ်ထားလေ့ရှိ၏။ အသန့်အရှင်းအလွန်ကြိုက်သော ဘွားဘွား၏ ပြောင်းဖူးရွက်စည်းကလေးများမှာ သန့်စင်ဖြူဝင်းလျက်ရှိသည်။ ဘွားဘွား၏ဆေးတောင်းကို ဖွင့်လိုက်လျှင် ဆေးနံ့သည် မွှေးပျံ့လျက် ဆေးလိပ်မကြိုက်သော ကျွန်မပင် နှစ်သက်နေမိတတ်လေသည်။

ဘွားဘွားသေဆုံးသွားသောအခါ ဘွားဘွား၏ဆေးတောင်းကလေးသည် ဘိုးဘိုးစားပွဲပေါ်၌ တစ်သမတ်တည်း ရှိနေခဲ့သည်။ ဘိုးဘိုးသည် ဆေးလိပ်ဘယ်တော့မျှ မသောက်ပါဘဲနှင့် ပြောင်းဖူးဖက်ဆေးလိပ်ကလေးများကို လိပ်လိပ်နေတတ်သည်ကို ကျွန်မတွေ့ရ၏။ မေမေပြောသော ပါရမီဖက်ဆိုသည့် စကားကို ကျွန်မ တော်တော်လက်ခံလာရပြီဖြစ်ပါသည်။

ကျွန်မကရော မောင့်အတွက် ပါရမီဖက်အစစ်မှဟုတ်ရဲ့လားဟု ကျွန်မ မကြာခဏ သံသယဝင်မိသည်။ ဘိုးဘိုး၏ဆေးတံ၊ ဖေဖေ၏အရက်တို့ကို ဘွားဘွားတို့ မေမေတို့ လိုက်လျောခဲ့သလိုပင် မောင်၏ငှက်မွေးမြူလဲလှယ်ရေး ဝါသနာကိုလည်း ကျွန်မ လက်ခံရဦးမည် ထင်ပါရဲ့။ မောင်တို့အားလုံး၏ အစွဲအလမ်း အကျင့်စရိုက်များသည် ကျွန်မ စက်ဆုပ်​သော ကိုယ်ကျင့်တရားပျက်ယွင်းမှုများ မဟုတ်သည့်အတွက် ကျွန်မတို့ ကံကောင်းသည်ဟုပင် ဖြေသိမ့်ရ ပေတော့မည်။

သား၏နားကွင်းကို ကျွန်မ သည်းညည်းခံနိုင် မခံနိုင် ဟူသည်ကိုလည်း စောင့်ကြည့်ရုံသာ ရှိတော့သည်။
—————–
#ဂျူး
[၁၉၉၅ခု၊ ဇန်နဝါရီလ၊ ကလျာမဂ္ဂဇင်း]

သောကြာကြိုက် သော စာစုများမှ ကူးယူသည်

Leave a Reply

Your email address will not be published. Required fields are marked *