Story

ဆိုကရေးတီးရဲ့ ပညာရှိအဖြေ

ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးနေတဲ့

 

ဂရိလူငယ်တစ်ယောက်က ပညာရှင် ဆိုကရေးတီးထက် သူဟာပိုအသိဥာဏ်ရှိ ထက်မြက်တယ်လို့ အထင်ကြီးနေခဲ့တယ်။

 

 

 

 

တစ်နေ့မှာ

 

ဆိုကရေးတီးက လူငယ်ကိုမေးခွန်းတစ်ခု ထုတ်ခဲ့တယ်။

 

 

 

 

“လောကကြီးမှာ

 

ကြက်အရင်ရှိတာလား?

 

ဥအရင်ရှိတာလား?”

 

 

 

 

“ကြက်ကို ဥကပေါက်တယ်ဆိုတော့… ဥအရင်ရှိတာပေါ့ဗျာ” လူငယ်က မစဉ်းစားဘဲ ဖြေလိုက်တယ်။

 

 

 

 

“ဥကို ကြက်ကရတယ်။ ကြက်မရှိဘဲ ဥဘယ်ကလာသလဲ?” ဆိုကရေးတီးက မေးခွန်းထုတ်ပြန်တယ်။

 

 

 

 

“ဒါဆိုရင် ကြက်အရင်ရှိတယ်” လူငယ်က ခဏစဉ်းစားပြီး ဖြေတယ်။

 

 

 

 

“အရင်ဖြေတဲ့အဖြေမှာ ကြက်ကို ဥကပေါက်တယ်လို့ မင်းဖြေခဲ့တယ်။ ဥမရှိဘဲ ကြက်ဘယ်ကလာသလဲ ?”

 

ဆိုကရေးတီး ထပ်ပြန်မေးတော့ လူငယ်က….

 

 

 

 

“ခင်ဗျားဘာဖြစ်လို့ ဒီလိုကြောင်တောင်တောင် မေးခွန်းတွေကို မေးရသလဲ? ခင်ဗျားကို ဒီမေးခွန်း ကျွန်တော်ပြန်မေးမယ်ဗျာ” လို့ ဒေါသနဲ့ပြောလိုက်တယ်။

 

 

 

 

“ကြက်အရင်ရှိတာလား? ဥအရင်ရှိတာလား? ဖြေဗျာ…”

 

 

 

 

“ငါ မသိဘူး”လို့ ဆိုကရေးတီးက ရိုးရိုးသားသား ပြန်ဖြေတယ်။

 

 

 

 

“ကြည့်ရတာ … ကျွန်တော်သိတာနဲ့ ခင်ဗျားသိတာတွေ သိပ်မကွာဘူးပဲ”

 

 

 

 

“မဟုတ်သေးဘူး…

 

မတူဘူး…

 

မင်းက မင်းမသိတာကို သိသယောင်ပြောတယ်။ ငါက… ငါမသိတာကို မသိဘူးပြောတယ်။

 

မသိတာကို သိသယောင်လုပ်တာနဲ့ မသိတာကို မသိဘူးပြောတာက သိပ်ကွာသွားတယ် ” တဲ့

 

 

 

 

#crd_to_owner_with_respect

 

 

 

 

credit original

Leave a Reply

Your email address will not be published. Required fields are marked *