Novel

Novel

#ဤသို့ပင်မျှော်လင့်မိပါသည်

#မစန္ဒာ သုဝဏ္ဏသာမ သတို့သားသည် မျက်မမြင် မိအိုဖအိုတို့အား လုပ်ကျွေးပြုစုသူ ဖြစ်သည်။ အဆိပ်လူးသော မြားက ရင်ဝတွင် စူးဝင်ခဲ့သော်လည်း သစ္စာတန်ခိုးကြောင့် မြားဆိပ် လျှောကျကာ အသက်ချမ်းသာခဲ့သည်။ ရွှေအိုးလည်း ရသည်။ မိဘနှစ်ပါးလည်း မျက်စိ အလင်း

Read More
Novel

#ဖန်ခွက်ထဲက ရေတစ်ဝက်”

#မစန္ဒာ   “တတ်များ တတ်နိုင်ရင်လေ…” ထိုအတွေးလေးများကို ကိုဖြိုး အမြဲတွေးခဲ့ဖူးသည်။ ငယ်ငယ် တုန်းကတော့ “တတ်များတတ်နိုင်ရင်လေ-ချိုချဉ်တွေ ကိတ်မုန့်တွေနဲ့ အိမ် ဆောက်မှာ” “တတ်များတတ်နိုင်ရင်လေ-အရမ်းအရိုက်ကြမ်းတဲ့ တီချယ် ဒေါ်စီစီထွေးကို ကျောင်းပြောင်းပစ်လိုက်မှာ” “တတ်များတတ်နိုင်ရင်လေ၊ အဖေနဲ့အမေကို သူဌေးလိုထားမှာ”

Read More
Novel

#ကြောက်လို့ရယ်မဟုတ်ပါဘူး

———————————————- #မစန္ဒာ အပေါ်ထပ်ဘုရားစင်ရှေ့က သစ်သားပက်လက်ကုလားထိုင်လေးတွင် အဘွားအမြဲထိုင်တတ်သည် ။ နေ့ရောညပါ ထိုင်ရလွန်းသဖြင့်် စစ်စိမ်းရောင်ကုလားထိုင်၏ဖျင်လေးမှာ အရောင်တွေပင် လွင့်ပြယ်နေပြီဖြစ်သည် ။ အဘွား၏အသက်က ရှစ်ဆယ်ကျော်နေပြီမို့ အပေါ်တက်အောက်ဆင်း သိပ်မလုပ်ဖြစ်တော့ပေ ။ အပေါ်ထပ်တွင် ရေချိုးခန်းရောအိမ်သာပါရှိတော့ အောက်ထပ်ဆင်းရန်လည်း

Read More
Novel

#အီးလောက

———————–မင်းလူ “ခုခေတ်ကြီးမှာ အီးမပါရင် အလုပ်မဖြစ်တော့ဘူးဗျ” ဟု သူက အရင်းမရှိ အဖျားမရှိပြောရင်း စားပွဲမှာ ၀င်ထိုင်သည်။ ကျွန်တော်တောင် သူ့စကားကို ရုတ်တရက် နားမလည်ဘဲ ကြောင်သွားသေးသည်။ ပြီးမှ သဘောပေါက်သည်။ လက်ဖက်ရည်ဆိုင်မှာထိုင်နှင့်ပြီးသားဖြစ်သော ဆိုက်ကားဆရာနှင့် ဇင့်အရည်ကျိုလုပ်ငန်း

Read More
Novel

#ဘုရားသခင်သို့ ပေးစာ

တောင်ကြားထဲတွင် တစ်လုံးတည်းသာ ရှိသောအိမ်သည် ခပ်နိမ့်နိမ့်တောင်ကြားကလေးတစ်ခုထိပ်တွင် ရှိသည်။ တောင်ပေါ်မှ ဆီးကြည့်လိုက်လျှင် မြစ်၊ ထို့နောက် ခြံ၊ ထို့နောက် ပြောင်းပွင့်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေသည့် ပြောင်းခင်းကို မြင်ရသည်။ ကြည့်လိုက်လျှင် အမြဲလိုလိုပင် အထွက်ကောင်းမည့်ပုံ ပေါ်နေသည်။

Read More
Novel

သွေးဆုံးချိန်

အောင်မယ် … သင်းတို့ကများ၊ ငါ့ကို ဒီအသက် ဒီအရွယ်ကြီးနဲ့ စိတ်မကုန်သေးဘူးလားတဲ့… ဟင်။ သယ်… ငါက ဘယ်အရွယ်ရှိနေလို့ စိတ်ကုန်ရမှာတုန်း။ ကဲ… အဲသလိုပြောတော့ နင်တို့ ဘယ့်နှယ့်နေသလဲဟဲ့။ သယ်… ဒီမအေရိုးကို ငါကလော်တုတ်လိုက်ရရင် ခုနစ်အိမ်ကြား

Read More
Novel

လမ်းဆက်လျှောက်မယ်

—————————–တင်ညွန့် ကျွန်တော်လမ်းလျှောက်၍ ခြေလှမ်း ၅၀၀၀ ကျော်ကျော်နေရာတွင် ထမင်းကြော်၊ မုန့်ဟင်းခါး၊ အသုပ်စုံတို့ကို ရောင်းသော ဆိုင်တစ်ဆိုင်ရှိသည်။ ကျွန်တော်က ထိုဆိုင်ကိုရောက်လျှင် ထမင်းကြော်စားလေ့ရှိသည်။ မုန့်ဟင်းခါး တစ်ပွဲက ၁၅၀၀ ဖြစ်နေသည်။ အသုပ်စုံတစ်ပွဲကလည်း ၁၅၀၀ ပင်။

Read More
Novel

ဗျိုင်းမည်း

  (၁) မိုးသည် အငြိုးတကြီး ရွာချနေသည်။ ဝေါခနဲ ဝေါခနဲ ရွာချလာသော မိုးကြောင့် ဝင်းရီတို့တဲစုကလေး လှုပ်ရှားသွားသည်။ ပထမဦးဆုံး မိုးရေထဲ ထွက်လာသူက အမေညို။ “ဝင်းရီရေ … ပေါက်စရေ …” “လာပြီ

Read More
Novel

အပူသည်

#ဆရာကြီး_ပီမိုးနင်း ဒေါ်မြမယ်တယောက် ဘုရားဝတ်ပြုရင်း တသွင်သွင်ထိန်းမရတဲ့မျက်ရည်တွေကို ပုဝါနှင့်သုတ်ကာ ဘုရားခန်းမှ ခွါခဲ့သည်။ “အမျှအမျှ ကိုလှဘော်ရေ နတ်သားကြီးရဲ့… အမျှ၊ တော်ပြုခဲ့သမျှအဖို့ တော့်တယောက်သာ အပိုင်ယူပါ။ စောင့်လို့သာနေချေတော့၊ ကျုပ် မကြာမီပဲ လိုက်ခဲ့ပါ့မယ်” တွေးရင်း မျက်ရည်တွေက

Read More
Novel

အုန်းသီးထဲက_အရည်ချိုချို

———————————–(မစန္ဒာ) ၀ါဝါတို့၏အိမ်ရှေ့တွင် အုန်းပင်ပျိုနှစ်ပင် ရှိသည်။ စ၍သီးသည်မှာ မကြာသေးသဖြင့် အလွန်သီးအားကောင်းလှသည်။ ထိုအုန်းသီးများသည် အမေ၏ မီးဖိုချောင် စရိတ် ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးခဲ့လေသည်။ အုန်းသီးတစ်ခါချလျှင် အမေက ဝါ၀ါတို့ မောင်နှမတစ်တွေအား အရည်သောက် တစ်လုံးစီ

Read More